Friday, August 7, 2009

ခုတစ်လော

၁။တွေးနေမိတာက >>>ညနေဘာချက်စားရင်ကောင်းမလဲနော်
၂။ကိုယ့်ကိုယ်ကိုပြန်ဆင်ခြင်မိတာက>>>အ၀လွန်နေပြီ
၃။ကျန်းမာရေး>>>နီးနေပြီ
၎။ဖတ်ဖြစ်နေတဲ့ စာအုပ်လေးတွေ>>>ချက်နည်းပြုတ်နည်းတစ်ရာ
၅။ရောက်ဖြစ်နေတာက>>>မလုလုဘလော့
၆။ရေးဖြစ်နေတာက>>>ကိုယ့်အကြောင်း
၇။နားထောင်ဖြစ်နေတာက>>>စားမှာပဲ သီချင်း
၈။ရွတ်မိနေတာက>>>ဘာနဲ့ဘာတွဲချက်ရင်ကောင်းမလဲနော်
၉။ဖြစ်ချင်နေတာက>>>စလင်းဘော်ဒီဖြစ်ချင်ဒယ်
၁၀။စားဖြစ်နေတာက>>>ဂယ်ရေးရမှာလား ရေးတော့ဘူး မဆန့်မှာစိုးတယ်
၁၁။သနားနေမိတာက>>>ဖြစ်သလိုစားနေရတဲ့ကိုယ်
၁၂။လွမ်းနေမိတာက>>>ချက်လို့အရမ်းကောင်းပြီး ပေါက်သွားတဲ့ ဒယ်အိုးလေး
၁၃။မေ့လျော့ပစ်နေမိတာက>>>စားနေကျ လှည်းတန်းက ဒုတ်ထိုးဆိုင်
၁၄။ခါးသက်နေမိတာက>>>ဘာစားစားကောင်းတဲ့ ကိုယ့်ရဲ့လျှာ
၁၅။တမ်းတနေမိတာက>>>၅တန်းတုန်းကကိုယ့်ရဲ့ ဘော်ဒီလေး
၁၆။ကြိတ်ပြီးချီးကျူးနေမိတာ>>>ဒီဝိတ်နဲ့လျှောက်နိုင်သေးတဲ့ ကိုယ့်ခြေထောက်
၁၇။ကြိတ်ပြီးအထင်သေးနေမိတာ>>>၀က်ပုပ်ကိုယ်လုံး
၁၈။ဆန္ဒမရှိတဲ့နေရာ>>>ကိုယ်ကာယလေ့ကျင့်ခန်းမ
၁၉။ဆန္ဒရှိတဲ့နေရာ>>>ဘူဖေးရောင်းတဲ့ ဘယ်နေရာမဆို
၂၀။မုန်းတီးနေမိတာက>>>ဆာနေတတ်တဲ့ ကိုယ့်အစာအိမ်
၂၁။ချစ်နေမိတာက>>>အစားမရွေးတတ်တဲ့ကိုယ့်ရဲ့စိတ်
၂၂။စိတ်ပျက်နေမိတာက>>>တိုးလာတဲ့ပေါင်ချိန်
၂၃။စွဲလန်းနေမိတာက>>>ခိုင်သင်းကြည်ရဲ့ကိုယ်လုံးလေး ( ဝေးခဲ့ပြီ )
၂၄။လိုအပ်နေတာ>>>စားဖို့သောက်ဖို့ပိုက်ဆံ
၂၅။တောင်းနေမိတဲ့ဆု>>>နောက်ဘ၀ မ ၀ ပါရစေနဲ့
၂၆။ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက>>>ပိန်မှပိန်ပါဦးမလား
၂၇။ဝန်ခံချင်တာက>>>ကိုယ် သိပ်ဝတယ်ချစ်သူရယ်........း(

ထောရေခုတလောဆိုလို့ ရေးလိုက်ပြီနော် ။ ကျေနပ်တော့...။

19 comments:

  1. ခေါင်စဉ်ပြောင်းလိုက်ပါ သစ်ရယ် ” ဝသမျှကို ”လို.

    ReplyDelete
  2. မမသစ် ကျေးဇူး ဟီးး ဆန္ဒမရှိတဲ့နေရာ ကိုယ်ကာယလေ့ကျင့်ခန်းမ တဲ့ ၀န်ခံချင်တာက ကိုယ်အရမ်းဝတယ်ချစ်သူရယ် ပိန်ပါ့ပိန်ပါ့ဦးမလား တဲ့ တအားသဘောကျတယ် မသစ်ဖြေထားတာတွေကို :) :D

    ReplyDelete
  3. ပိန်ဆေးစားမလား?

    ReplyDelete
  4. မေးချာကျန်ခဲ့လို့ နီးနေပြီ ဆိုတာ ဘယ်ကိုနီးနေတာလဲဟင်

    ReplyDelete
  5. ပိန်ဆေး စားတာမကောင်းဘူး မမသစ် လေ့ကျင့်ခန်းလုပ်

    ReplyDelete
  6. ၉။ဖြစ်ချင်နေတာက>>>စလင်းဘော်ဒီဖြစ်ချင်ဒယ်
    မဖြစ်ချင်စမ်းဘာနဲ.ဟယ် ..

    ReplyDelete
  7. သစ် ဒီအတိုင်းဆက်သွားရင် မကြာခင်ပိန်မှာ သေချာတယ်..

    သူ့တဂ်ကလည်း သစ်စားသမျှ လို့ ပြောင်းပေးဖို့ကောင်းတယ် :P

    ReplyDelete
  8. ဟီးဟီး....ဖတ်နေရင်း နဲ့ ပြုံး ..၊ ပြုံးနေရင်းနဲ့ ရီရရော...တကယ်ပဲ... မမ၀၀ လားဟင်... ခင်ချင်စရာ ကောင်းလိုက်တာ ရေးထားတာက.... လင့်မယ်နော်...။

    ReplyDelete
  9. မျက်ရည်တွေနဲ.ရေးထားတာပါမေဇင်ရာ သစ်သစ်ရေနင်လွဲပုံများတော.မပြောချင်

    ReplyDelete
  10. ၁။တွေးနေမိတာက >>>၀အောင်ဘယ်လိုလုပ်ရမလဲ
    ၂။ကိုယ့်ကိုယ်ကိုပြန်ဆင်ခြင်မိတာက>>>အရမ်းပိန်နေတယ် ၃။ကျန်းမာရေး>>>မဝေးတော့ဘူး ရောက်လုပြီ
    ၄။ဖတ်ဖြစ်နေတဲ့ စာအုပ်လေးတွေ>>>စားစရာနဲ့ ပတ်သက်သမျှစာအုပ်
    ၅။ရောက်ဖြစ်နေတာက>>>ရှိရှိသမျှမြန်မာဘလော.ကာမှန်သမျှဘလော့ အဓိက စ မလုလု မမိုးကောင်းသူ မြှူး မမိုးမိုး ပေါက် ကူးကူး ဘလော့
    ၆။ရေးဖြစ်နေတာက>>>ဘလော့တွေမှာနှုတ်ဆက် (သစ်ဘလော့ကတော့ ၀င်ကစွပ် ၀င်ရေး
    ၇။နားထောင်ဖြစ်နေတာက>>>ဒါ ၀တ်ကျွေးပဲ အချစ်ရယ် (သတ်ပုံမှားတယ် ပြင်ဖတ်)
    ၈။ရွတ်မိနေတာက>>>အော် ၀ချင်လိုက်တာနော် ၀ချင်လိုက်တာ
    ၉။ဖြစ်ချင်နေတာက>>>စီပိုင်းဘော်ဒီ
    ၁၀။စားဖြစ်နေတာက>>>ဆန်ပြုတ် မြူစွမ် ငါးစွပ်ပြုတ်
    ၁၁။သနားနေမိတာက>>>စားချင်တာမစားရတဲ့ ကိုယ့်ကိုကိုယ်
    ၁၂။လွမ်းနေမိတာက>>>အတိတ်ဘ၀က စားစရာလေးတွေ (အရင်ဘ၀ကိုပြောတာ ဟုတ်ဘူးနော့)
    ၁၃။မေ့လျော့ပစ်နေမိတာက>>>ဆန်ပြုတ် မြူစွမ် ငါးစွပ်ပြုတ်
    ၁၄။ခါးသက်နေမိတာက>>>တခါစားပြီး ၁လလောက်မစားရရင် ကောင်းမှာပဲလို့ တွေးမိတဲ့စိတ်
    ၁၅။တမ်းတနေမိတာက>>>သစ်သစ် ကိုယ်လုံးလေး
    ၁၆။ကြိတ်ပြီးချီးကျူးနေမိတာ>>>၀တဲ့လူတွေမှန်သမျှ (အော် ၀လို့ လှလို့ )
    ၁၇။ကြိတ်ပြီးအထင်သေးနေမိတာ>>>အာဗြဲချောက်ကိုယ်လုံး
    ၁၈။ဆန္ဒမရှိတဲ့နေရာ>>>ဘူဖေးရောင်းတဲ့ ဘယ်နေရာမဆို (ကိုယ်မှမစားနိုင်တာနော့)
    ၁၉။ဆန္ဒရှိတဲ့နေရာ>>>ကိုယ်ကာယလေ့ကျင့်ခန်းမ (ပင်ပန်းပြီး ပိုစားနိုင်အိပ်နိုင်မလားလို့ )
    ၂၀။မုန်းတီးနေမိတာက>>>စားလို့ မရတဲ့ ကိုယ့်အစာအိမ်
    ၂၁။ချစ်နေမိတာက>>>၀တဲ့လူတွေကို
    ၂၂။စိတ်ပျက်နေမိတာက>>>လျှော့သွားတဲ့ပေါင်ချိန်
    ၂၃။စွဲလန်းနေမိတာက>>>သစ်သစ်ရဲ့ကိုယ်လုံးလေး ( ရွှေပြည်တော် မျှော်တိုင်းဝေး - ၀တ္တုမဟုတ်)
    ၂၄။လိုအပ်နေတာ>>>၀ဖို့  ၀ဖို့  ၀ဖို့ 
    ၂၅။တောင်းနေမိတဲ့ဆု>>>နောက်ဘ၀ ၀ ပါရစေ ဘယ်လောက် ၀၀ ပါ
    ၂၆။ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက>>>၀မှ ၀ပါဦးမလား အရပ်ကတို့ 
    ၂၇။ဝန်ခံချင်တာက>>>ကိုယ် သိပ်ပိန်တယ်ချစ်သူရယ်........း(မင်းချစ်ပါ့မလား)

    ဟယ် ငါမန့် တာတွေက ဘလော့ပိုင်ရှင်ကို စောင်းရေးနေသလိုများဖြစ်နေမလား (တို့ က ရိုးသားစွာ ၀န်ခံတာပါကွယ်) သစ် ရယ်အထင်တော့မလွဲလိုက်ပါနဲ့  စားစရာများရောက်မလာခဲ့ရင် မေ့ကိုလေ မငြိုငြင်ပါနဲ့ နော်

    ReplyDelete
  11. အားနာနာနဲ့  မန့် လိုက်တာ နည်းနည်းရှည်သွားလားမသိဘူး အရမ်းအားနာတယ်သစ်ရယ် တကယ်ပါ အဲလောက်ထိရေးဖို့  လုံးဝကို မရည်ရွယ်ပါဘူးကွယ် တကယ်တော့ ကိုယ်က အရမ်းကို အားနာတတ်တာပါ

    ReplyDelete
  12. ဟဟားးး ပိန်ဦးမယ်... မုန်းစရာကြီး .း)))))))))))))

    မမပြောတယ်လေ... မနက်အိပ်ရာထ လမ်းလျှောက်...နေ့လည်စာလျှော့စား. ညစာမစားနဲ့လို့.. အဟတ်..တိတိကျကျကို လိုက်နာတာ... ပိန်ဦးမယ် စိတ်ချ...း))

    ReplyDelete
  13. ငါရေးစရာမလိုတော.ဘူး ဒါပေမယ့်သစ်ကရေးဆိုလို.နည်းနည်းရေးလိုက်မယ်
    Vista's Version:
    ၁။တွေးနေမိတာက >>>ဒီတသက် ဝ ဝ ပါတော.မလား !! :(
    ၂။ဖြစ်ချင်နေတာက>>>သစ်သစ် ဘော်ဒီ
    ၃။စားဖြစ်နေတာက>>> ဝမယ်ထင်တယ့်အစာအားလုံး (အဆီတက်စေသောအရာများ)
    ၄။မုန်းတီးနေမိတာက>>>ဝမယ်ထင်တယ့်အစာအားလုံး မကြိုက်ပဲစားနေရလို.( အကြိုက်ဆုံးက သံပုရာသီး :P )
    ၅။ဆန္ဒရှိတဲ့နေရာ>>>ကိုယ်ကာယလေ့ကျင့်ခန်းမ ( ဒီရောက်တော.မအားလို.မကစားနိုင်တော.ကတည်းကပိန်သွားတာ )
    ၆။ ကျန်းမာရေး>>>မဝေးတော့ဘူး (Mount Vernon complex :P )
    ၇။ လိုအပ်နေတာ>>>၀ဖို့  ၀ဖို့  ၀ဖို့ 

    ၈။ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက>>> ဝရမယ် !!!!!!!!!!
    ၉။ရေးဖြစ်နေတာက>>>ဘလော့တွေမှာနှုတ်ဆက် ( Report တွေလည်းပါတယ် မုန်းမုန်းနဲ.ရေးရတာပေါ.နော်)
    ၁၀။ခါးသက်နေမိတာက>>>တခါစားပြီး ၁လလောက်မစားရရင် ကောင်းမှာပဲလို့ တွေးမိတဲ့စိတ် ( မေပန်းပွင်.နဲ.တူလို.ယူလိုက်တယ်)
    ၁၁။သနားနေမိတာက>>>မစားချင် ဘဲစားနေရတဲ့ ကိုယ့်ကိုကိုယ်
    ၁၂။စိတ်ပျက်နေမိတာက>>>စားတာနည်းတာနဲ့ လျှော့သွားတဲ့ပေါင်ချိန်
    ၁၃။ချစ်နေမိတာက>>>၀တဲ့လူတွေကို (သစ်ကိုပေါ.)
    ၁၄။မုန်းတီးနေမိတာက>>> ပေါင်ချိန်စက် ဝမ်းသာအောင်ပြရင်ခဏပဲ

    တော်ပြီနော်သစ် ဟိဟိ

    ReplyDelete
  14. ဝတဲ့သူက ပိန်ချင်တယ်။ ပိန်တဲ့သူကလည်း ပိန်ချင်တယ်။ ဘယ်နှယ့်လုပ် ကြမလဲ။ :D

    ReplyDelete
  15. ဒီက 45 kg ကို အားနာကြပါဦး...။

    ReplyDelete
  16. သစ် ... ဝလို့လှလို့ပဲ ရှိတယ် (ကိုယ်လိုရာ ဆွဲပြောသှ် တူတူချင်းမိုလို့ :D)
    ဘိုင်းဒဝေး စင်စင် က ၄၅ ကေဂျီပဲ ရှိတာလားး ကောင်းလိုက်တာ :(

    တင်ဇာ

    ReplyDelete
  17. ကောင်းလိုက်တာ နောက်မှာ စိတ်ညစ်ဖို့ ကျန်ခဲ့ပါတယ်.. တင်ဇာ :(

    ReplyDelete
  18. ကုန်ဈေးနှုန်းတွေကြီးနေတာ ဒါကြောင့်ကိုးး)

    ReplyDelete