Monday, August 24, 2009

ကာလာစုံတဲ့ နေ့တစ်နေ့

ကိုယ့်အတွက် ညနေ

လှပတဲ့ ဒီညနေ
သံသာချိုအေး သူ့အသံလေးနဲ့
ကျေနပ်စရာအတိနဲ့ ဒီညနေ
ပင်ပန်းသမျှတွေ ပြေပျောက်စေတဲ့
ဒီညနေနဲ့ဆို
ကိုယ်နေရတာ အဆင်ပြေနေတယ်


သူ့အတွက် မနက်

ကြည်လင်နေတဲ့ သူ့မနက်
အားအင်အပြည့်နဲ့ တက်ကြွနေပုံ
မြင်စေချင်စမ်း လူအကုန်
ချိုလွင်သံစုံ သူပြောမကုန်
ကိုယ်ကြားယုံနဲ့ အပျော်တွေဟုန်


လည်ပတ်နေတဲ့ ရာသီစက်ဝန်း
ကုန်ဆုံးသွားမှာ ကိုယ်ကြောက်မိတယ်
ကောက်လိုက် ချော့လိုက် နေ့ရက်တွေက
ကိုယ့်အတွက်တော့ မမေ့ရက်စရာပါ
ရပ်လို့ရရင် တခဏလောက်
ရပ်တန့်ချင်တယ် ကမ္ဘာရယ်


၂၄.၈.၀၉ ရက်နေ့အမှတ်တရ ပျော်ရွှင်ခဲ့တဲ့ နေ့ နဲ့ ည အမှတ်တရ ကောက်ခြစ်လိုက်တဲ့ စာစုလေးကို ဘလော့လေးထဲ သိမ်းဆည်းထားလိုက်ပြီ......သူ။

5 comments:

  1. ကိုယ့်အတွက် ညနေ

    သံသာချိုအေးတဲ့ ၆ နာရီထိုးသံက
    ပင်ပန်းသမျှပျောက်သွားစေတယ်
    ပုဇွန်ဆီရောင် လှပတဲ့ရှုခင်းကိုကြည့်ဖို့ 
    MRT ကိုအပြေးအလွှားသွားမိတယ်

    မေ့အတွက် မနက် (သူ မှ မရှိတာ ရှိတဲ့မေကို သုံးတယ်)

    ထပါတော့လို့  အတင်းမနှိုးရက်ပါဘူးကွယ်
    ညအိပ်မရတဲ့နေ့ မှာ
    အလိုက်မသိဘူးလို့ ပြောမှာစိုးလို့ ပါ
    တခါတလေ မေ နိုးတာနဲ့  ချစ် အာဘွားလို့ များ ကိုယ့်ကိုပြောရင်
    အဘွားလို့ ခေါ်တာများလားလို့ ကျောချမ်းမိတယ်

    ကောက်စရာဆိုလို့ အောက်ကိုပြုတ်ကျတာမရှိ
    ချော့စရာအစား ကိုယ်ကိုယ်ကို ချောလိုက်တာလို့ 
    ထင်မိနေတယ်
    ကိုယ့်အတွက် အိပ်မ၀တဲ့ ညတွေကို
    ရပ်တန့် လို့ ရရင် တခဏလောက်
    ရပ်တန့် ချင်တယ် အချိန်တွေရယ်

    (မနေ့ ညက အတွေးပွားပြီး အိပ်မရတဲ့ ည အမှတ်အယ ကွန်မန့် လေးထဲမှာ သိမ်းထားတယ်)

    (မေ အာခိမိဒိနိယာမအတွက် ကျေးဇူးတင်တဲ့အနေနဲ့  မေ့နာမည်ထည့်သုံးတယ်)

    အချိန်အကြောင်း
    ရေးသားသူမှာ မေဖလာဝါး(လုံးဝ)၂ မဟုတ်ကြောင်း

    ReplyDelete
  2. ဟယ် ကြည့်စမ်း အပေါ်က အနောနမတ်ကြီးက တော်၂ဆိုးတာပဲ
    သူများ ခံစားချက်အပြည့်နဲ့ ရေးထားတဲ့ ကဗျာကို သူက ဖျက်လို့ ဖျက်ဆီးနဲ့ 
    ဘလော့ပိုင်ရှင်ကိုမှ အားမနာ ဒါတမင်လုပ်တာပဲ
    ဘလော့ပိုင်ရှင် နောက်အဲ့တယောက်ကို ဘမ်းပလိုက် ဘလော့ပလိုက် လုံးဝ အရေးမခံနဲ့ သိလား တို့ သာဆိုဟယ် အဲလို မရေးရက်ပါဘူး တကယ်ပါသစ်ရယ် အဲ့တယောက် တော်တော့ကို လွန်းလွန်ပါတယ် (ကတောက်) သစ်အစား အရမ်းစိတ်တိုသွားတယ် အမယ် အမယ် ငါ့နာမည်တောင် အလွဲသုံးစားလုပ်သွားသေးတယ် ဘာတဲ့ ရေးသားသူမှာ မေဖလာဝါး(လုံးဝ)၂ မဟုတ်ကြောင်း (ကတောက်) ဟွန့် 
    ခုရေးတာမှ မေဖလားဝါးအစစ် နော့ သစ်

    ReplyDelete
  3. အဲဒီလိုရေးတာ လောကကြီး၁ခုလုံးမှာ ၁ ယောက်ပဲ ရှိတယ် နာသိဒယ်နော် အဲဒီအနောနမတ်ကြီးက မေပန်းပွင့်တဲ့ ဟိဟိ

    ReplyDelete
  4. မဗစ် ထော်လည်းသိတယ်

    ReplyDelete