Friday, August 14, 2009

တကယ် မရည်ရွယ်တာပါ

့ဒီနေ့ သောကြာဆိုတော့ အိမ်ရောက်ရင်တစ်ခုခုစားဖို့ စဉ်းစားပြီးသားပါ ။ ဒါနဲ့တစ်ခါမှ မလုပ်ဖူးတဲ့ ကြေးအိုးလုပ်မယ်ပေါ့နော် ။ လုပ်ပုံလုပ်နည်းကိုလည်း မေးလိုက်ရတာ လူကုန်ပါတယ် ။ မလုလုဘလော့က လုပ်နည်းကိုတောင် ရုံးကနေ ပရင့်ထုတ်သွားခဲ့သေးတယ် ဒီလိုကြိုးစားတာလေ ...ဟိဟိ ။ ရထားပေါ်မှာလည်း စဉ်းစားလာရတာ အမောပါ ဒီလိုနဲ့ဆင်းရမယ့် ဘူတာရောက်တော့ ဈေးဝင်ဝယ်ဖြစ်တယ်လေ ။ အဲဒီအချိန်လေးမှာပဲ ဘယ်လိုမှမစဉ်းစားထားတဲ့ သူတို့တွေက ကိုယ့်ကိုမြူဆွယ်လာခဲ့တယ်လေ အစုံပါပဲ နားရွက် ၊ အသဲ ၊ နှလုံး ၊ ကျောက်ကပ် ၊ အူချို ၊ အူမကြီး ၊ အသားပေါ့နော် ။ ကိုယ့်လက်တွေ သူတို့ဆီကို လှမ်းမိသွားခဲ့တယ် ။ သူတို့နဲ့ပက်သက်တဲ့ ကြာဆံကြော်ဖို့ ဂေါ်ဖီထုပ် နားရွက်သုတ်မှာ ထည့်မယ့်သခွားသီး အိုးးးးး အစုံပါပဲလေ ။ ကိုယ်ပိုက်ဆံရှင်းပြီးလို့ အပြင်ရောက်တဲ့အချိန်မှာ ကိုယ့်လက်ထဲမှာ ငရုပ်သီးဆော့စ်ရယ် ၊ ဂျင်း ကြက်သွန်ဖြူဆော့စ်ရယ် က ကိုင်ရက်သားလေး ဖြစ်နေပြီလေ ။ မှားလား မှန်လား စဉ်းစားရင်း ကိုယ်စီးရမယ့် ၉၇၀ ရောက်လာခဲ့တယ် ။ ဒီလိုနဲ့ အိမ်ရောက်ပြီး ၇နာရီ က စချက်လိုက်တာ ည ၉နာရီမှာ ပန်းကန်ထဲက ပုံစံဖြစ်လာခဲ့တယ်လေ ။ တကယ်ကို မရည်ရွယ်ခဲ့ပါဘူး နောက်ဆုံးတော့လည်း မတတ်နိုင်ပဲ ပုံလေးရိုက်ပြီး အဆူခံမယ်ဆိုပြီး ဒီပို့စ်လေးရေးလိုက်မိပါတယ် ။
စားပြီးတော့ ကိုယ်ကပိန်ချင်သူမဟုတ်လား ။ ဒီသေးသွယ်တဲ့ ပါးစပ်လေးကို မထိန်းနိုင်လို့ ဒီလိုမလှမပ ကိုယ်ခန္ဓာရလေခြင်း ဆိုတဲ့ နောင်တတရားကို ရင်ဝယ်ပိုက်ပြီး အောက်ကခွက်ထဲကလို သံပရာသီးလေးပေါင်းများစွာကို ပွက်ပွက်ဆူနေတဲ့ ရေနွေးမှာ မညှာမတာစိမ်ပြီး အစေ့များကို အညှိုးကြီးစွာဝါးစားခဲ့ရတယ်လေ ။ တတ်နိုင်ဘူး ကမ္ဘာမီးလောင် သားကောင်ချနင်း ဆိုလားပဲ....။ မှားရင်ပြင်ပေးဦးနော်..ဟိဟိ ။

ဒီပို့စ်ရေးပြီးသော အခါသမယတွင် အဆီရစ်ကာ လေလေးတဖြူးဖြူုးဖြင့် စက်တော်ခေါ်ရန် ကုတင်ကိုပြူးကာပြဲကာ ရှင်းနေရပါတော့လေသတည်းးးးးးးးးးးးး ။

6 comments:

  1. အိပ်ခါနီး သရေကျသွားပြီ သူသိပ်နှိပ်စက်တယ် ဒီလိုသာစားရင်တော့ မော်ဒယ်ကိုယ်လုံးဖြစ်မယ် များများသာစားပေး (ဖက်တီးမော်ဒယ်)

    ReplyDelete
  2. စားချင်စရာလေး သွားရည်ကျလားပြီး ..... :P..

    ReplyDelete
  3. အား.... တကယ်ဗိုက်ဆာနေတာ...
    အိမ်မှာ ဘာမုန့်မှ ဝယ်မထား၇ပါဘူးဆို.............။

    ReplyDelete
  4. သစ်သစ်ရယ်... သစ်သစ်ရယ်...
    တကယ်စားချင်တာပါကွယ်...။
    အောက်က သံပုရာရည်ခွက်ကြီးက ဝက်စွတ်ပြုတ်ပန်းကန်ကြီးသာဖြစ်လိုက်ပါတော့...။

    ReplyDelete
  5. 15 Aug 09, 20:12
    kom: ကိုဘပြောတော့အီးပန်းနေတယ်ဆို။အဲဒါလည်းမပါလား။ ကြေးအိုးကနေ ဘယ်လိုဖြစ်သွားတာလဲ သစ်ရယ်။တစ်ယောက်ထဲလဲစားတယ်။ စာရေးတာလေးလည်းပိုချောလာတယ် ပိုပြီးဖတ်လို့ကောင်းလာတယ် နာမည်ကြီးနေပြီထင်တယ်

    ReplyDelete
  6. အစား ကြိုက်တာလဲ တူနေပါ့လား
    လာစားလှည့် အင့်ရော့

    http://chenaddy.blogspot.com/2009/04/blog-post_30.html

    ReplyDelete