Friday, August 14, 2009

သစ်သစ် ခရီးသွားနေသည် ခရီးစဉ် ၂ -ငပလီ

ဒီလိုနဲ့ အလှူပြီးတော့ ဆရာတို့မိသားစုက သစ်တို့ကိုလိုက်ပို့ဖို့ စစီစဉ်ပါတယ် ။ အဓိကတော့ ငပလီပေါ့နော်...။ ဆရာက ကဲနောက်နေ့ငပလီသွားမယ်ဆိုတော့ ၀တ်စုံတစ်စုံအပိုယူသွားကြတာပေါ့လေ ။ မနက်စာစားပြီးတာနဲ့ စထွက်ကြတာပေါ့ ဆရာတို့အိမ်က ကားနဲ့သွားကြတာပေါ့ ။ လူကလည်းသွားရတော့မယ်ဆိုတော့ လက်ဆတ်နေတာပေါ့နော် ။ တလမ်းလုံးပျော်လို့ ရွှင်လို့ပေါ့ ဒီလိုနဲ့သံတွဲကိုရောက် နောက်ငပလီကို ခရီးဆက်ကြတာပေါ့။ ဟိုရောက်တော့ လူကအသားကုန်ပျော်နေတာပေါ့နော် ။ ဆရာ့အမေကလည်း စိတ်မချလို့လိုက်လာပါတယ် ။ နေ့လည်စာကို ဆရာက သစ်နဲ့သူ့ညီမကို အားလုံးအတွက် သွားမှာဆိုတော့ သိတယ်ဟုတ် ပင်လယ်စာကြီးပဲ ရှယ်မှာတော့တာပေါ့ ပြီးတော့ ကမ်းခြေဘက်မှာ စားပွဲကိုပြင်ခိုင်းတာလေ စားကောင်းလွန်းလို့ အခုရေးရင်းတောင် သတိရပါတယ် ။ မှာထားတာ အများကြီးနဲ့ မိုက်မှမိုက်ပဲလေ ။ ဆရာတို့က သိပ်မစားကြပါဘူး သစ်တို့၆ယောက်ကတော့ အသားကုန်စားတာပေါ့...ဟီဟီ ။ နောက်ဆရာက ဘမ်ဂလိုတစ်လုံးကို တစ်နေ့လုံးငှားလိုက်ပါတယ် ။ သစ်တို့ရေချိုး အနားယူဖို့တဲ့ ပြီးတော့ ကမ်းခြေမှာ အဆီရစ်ပါတယ် ။ သစ် သူငယ်ချင်းတစ်ယောက်က ငပလီမှာ ဆိုဒ်အင်ဂျင်နီယာလာလုပ်နေတော့ သူကလည်း သစ်တို့ကိုလာတွေ့ပါတယ် ။ သစ်တို့ကစကားတွေ ဖောင်ဖောင်ကြဲလို့ပေါ့နော် ဆရာ့အမေက နေပူသေးလို့ ရေထဲမဆင်းခိုင်းသေးပါဘူး ။ သစ်တို့က ကမ်းခြေဘက် ရေသူမဘက် သွားပြီး ဓါတ်ပုံတွေ ရှယ်ရိုက်တာပေါ့နော် ။ ပြီးတော့မောပြီးပြန်လာကြတယ်လေ နောက်ညနေ ၄ နာရီလောက် ကြတော့မှ ကြီးကြီးက ရေကူးတော့ဆိုမှ ကမ်းခြေဘက်ကိုပြေးဆင်းကြပါလေရော ။ ကြီးကြီးက စိတ်မချလို့ ဆရာ့ညီ ကိုပေါက်ကို ရေထဲမှာစောင့်ခိုင်းပါတယ် ။ သစ်တို့မိန်းကလေး ၆ ယောက်မှာ ၂ယောက်က မဆင်းပါဘူး သစ်တို့၎ယောက်က လက်လက်ထတွေဆိုတော့ ဆင်းတာပေါ့ ။ အထင်မကြီးပါနဲ့ သစ်ရေကြောက်ပါတယ် ပြီးတော့ပင်လယ်ဆိုတာ အခုမှစမြင်ဘူးပေါ့ လုံးဝမဆင်းရဲပါဘူး ။ သူငယ်ချင်းတွေဆွဲချတာပါ ....။ သူတို့တွေက ရေနက်ပိုင်းကိုသွားကြတယ် သစ်ကမလိုက် အတင်းဆွဲခေါ် လှိုင်းကပုတ်လို့ ခြေထောက်လွတ်သွားတာနဲ့ ဒေါ်သစ်သစ် ကားယားကြီးပါပဲ ...။ ဆရာ့ညီက ဘာမှမဖြစ်ဘူး ဒီကိုသွား ဟိုကိုသွားနဲ့ အော်ပြောနေပါတယ် ။ သစ်တို့ကလည်း ပျော်ကြတာပေါ့နော် ဘမ်ဂလိုက ကြည့်နေတဲ့ ကြီးကြီးက စိတ်ပူပြီး ဆရာ့ကိုသွားကြည့်စမ်း ကလေးမတွေကို ဆိုတော့ ဆရာကမ်းခြေလိုက်လာပါတယ် ။ သူအဝေးကကြည့်တာ သူ့တပည့်တွေက တော်တော်ရေနက်ပိုင်းကိုရောက်တယ် ထင်နေတာတဲ့ ဒီရောက်မှသိတယ် သဲလူးနေတာပါလားတဲ့ ...ဟိဟိ ။ သစ်တို့က လာတဲ့လှိုင်းကို ကမ်းခြေကစောင့်နေတာလေ ရေထဲမသွားပဲနဲ့ ဥာဏ်ကြီးရှင်တွေလေ ။ ဆရာကသွား ဟိုးဘက်ကိုဆက်သွား ပြောပါတယ် သွားပါဘူး သတ်ချင်သတ်ပါကွယ် ။ နေစောင်းသွားတော့ ဆရာ့အမေရွာလေးမှာ ပြန်အိပ်မယ်ဆိုတော့ သစ်သစ်တို့ ရေချိုးကြပါတယ် ။ ရေချိုနဲ့ဘမ်ဂလိုမှာ ပြန်ချိုးတာပါ ဆူညံနေတာကတော့ ဆိုဘွယ်ရာမရှိပါဘူး ။ ပြီးတော့ လက်ဆောင်လေးတွေဝယ်ဖို့ ဈေးတန်းလေးသွားပြီး ပြန်လာခဲ့ကြပါတယ် ။ နှုတ်ဆက်ခဲ့တယ် ငပလီရယ်....။ ဒီလိုနဲ့ ဆရာ့အမေ ရွာကိုရောက်တော့.........ဆက်ရန်။

7 comments:

  1. ရေကူးဝတ်စုံ ပုံနှင်.တကွတင်ရန်

    ReplyDelete
  2. ရေကူးဝတ်စုံ ဒီအသက်အရွယ်ရောက်သည်အထိ လမ်းမှားလို့တောင် မ၀ယ်ခဲ့ဘူးပါကွယ်.....အဲငှယ်

    ReplyDelete
  3. ယုန်ဘူးယုန်ဘူး

    ReplyDelete
  4. ဟယ်...မမသစ် ပျော်စရာကြီးရယ်နော်...။ အဲ့လို ဆရာမျိုး ကောင်းလိုက်တာ....။ ဆရာတို့ တစ်မိသားစုလုံး သဘောကောင်းမယ့်ပုံပဲနော်..။

    ReplyDelete
  5. ဗီဒီယိုကြည့်လိုက်တိုင်း ကမ်းခြေကို အနားယူသွားတဲ့ ကောင်မလေးအဖွဲ့တိုင်း ကောင်လေးအဖွဲ့နဲ့တွေ့၊ ဇာတ်လမ်းဖြစ်တာချည်းပဲ... အခုတော့ ဆရာ့အမေတဲ့....
    ကောင်းရော.....။

    ReplyDelete
  6. ငပလီင်္ကိုတို့ မရောက်ဖူးဘူးကွယ် အရမ်းအားငယ် ၀မ်းနည်းသွားပြီ သစ် ငပလီကို တို့ မြင်ဖူးအောင် သစ်ရေကူးနေတဲ့ပုံလေးနဲ့ တကွ တင်ပေးပါ (ပြည့်ပြည့်စုံစုံ သိလိုသူ တစ်ဦး)

    ReplyDelete
  7. လှိုင်းကပုတ်လို့ ခြေထောက်လွတ်သွားတာနဲ့ ဒေါ်သစ်သစ် ကားယားကြီး (သစ် ဘယ်လိုပုံကြီးလဲဟင် သိချင်လိုက်တာနော်)

    ReplyDelete