သစ်သစ် မိသားစုမပါပဲ သူငယ်ချင်းတွေနဲ့ ဒုတိယအကြိမ်သွားတဲ့ ခရီးစဉ်လေးပါ ။ ရင်ခုန်စရာတစ်ခုပါပဲ..။ ဆရာစီမှာအလုပ်မ၀င်ခင်လေးပေါ့ ။ ဆရာတို့က အလှူလုပ်မယ်ဆိုပြီး ရွာကိုပြန်ပါတယ် မိသားစုအားလုံးဆုံကြတာပေါ့နော် ။ သစ်သစ်တို့သူငယ်ချင်း ၆ယောက်ကလည်း လိုက်ချင်တယ်ဆိုတော့ ဆရာတကယ်ခေါ်သွားခဲ့ပါတယ် ။ ဆရာ့ဆွေမျိုးများနဲ့ အားလုံးဆုံခဲ့ရသည့်အပြင် ဆရာတို့ရွာလေးတွေနဲ့ ဓလေ့မျိုးစုံကိုလည်း တွေ့ခဲ့ရပါတယ် ။ ဆရာ့အိမ်ကရိုးမတက်တဲ့ ကားကြီးနဲ့ပေါ့ သိပ်ကိုပျော်စရာကောင်းခဲ့ပါတယ် ။ သွားမယ့်ညကဆရာ့အိမ်မှာ လူစုကြပါတယ် ။ ဆရာရယ် ဆရာ့ညီမ ကျူတာမမြင့်ရယ် သစ်သစ်တို့ ၆ယောက်ရယ် ကားမောင်းတဲ့ ဆရာ့ညီရယ် စပယ်ယာရယ် ဒါပဲပါတယ်လေ ။ ကားတ၀က်ကိုတော့ ကုန်တွေတင်ထားခဲ့တာပေါ့ ။ သစ်တို့ပါမယ်ဆိုလို့ ဆရာကကုန်ကိုအပြည့်မတင်ခိုင်းတာဆိုတာ နောက်မှသိခဲ့ရပါတယ် ။ ခရီးစဉ်စထွက်တော့ ည၈နာရီလောက်ပါ ဂွလမ်းဘက်ကသွားပါတယ် ။ ညဘက်ကြီးဘာမှမမြင်ရတော့ ဘာမှကိုပြောစရာမရှိပါဘူး ။ ည၁နာရီလောက်ကျတော့ တောင်ပေါ်က ဆိုင်တစ်ဆိုင်ကိုရောက်ပါတယ် သစ်တို့ကိုကော်ဖီသောက်ဖို့ လာနှိုးတော့ သူ့တပည့်မတွေက အိပ်နေတာသိုးနေတာပါပဲ သောက်ဖို့ဘယ်သူမှစိတ်မ၀င်စားကြပါဘူး ။ ဖွင့်ထားတဲ့သီချင်းလေးနားထောင်လိုက် အိပ်လိုက်နဲ့ မိုးလင်းသွားပါတယ် ။ မိုးလင်းတော့တပည့်မများ တောင်ကြည့်မြောက်ကြည့်နဲ့ နိုးလာပါတယ် မြို့တစ်မြို့ရောက်တော့ မျက်နှာသစ် ထမင်းကြော်စားပါတယ် ။ ဆရာကခရီးမသွားခင် သစ်တို့၆ယောက်ကို မုန့်ဖိုးတစ်ယောက် ၂သောင်းစီပေးပါတယ် ။ လမ်းမှာလိုချင်တာဝယ်ဖို့ပေါ့ သစ်တို့တပြားမှကို မကုန်လိုက်ပါဘူး တလမ်းလုံးကို ဆရာပဲရှင်းပါတယ် ။ ဒီလိုနဲ့ကားဆက်စီးလာတော့ ၁၁နာရီလောက်မှာ ကမ်းသာယာရောက်ပါတယ် ။ သစ်တို့အားလုံးကို ဆရာက ကမ်းသာယာမှာ နေ့လည်စာကျွေးပါတယ် အရမ်းစားလို့ကောင်းပါတယ် ။ နောက်ကမ်းသာယာကမ်းခြေမှာ ဓါတ်ပုံရိုက် ရေထဲဆင်းပေါ့လေ ဆရာတို့က စောင့်ပေးတာပေါ့ သစ်တို့ကို...။ နောက်ခရီးဆက်ထွက်ခဲ့တာ ညနေ၆နာရီလောက် သံတွဲကိုရောက်ပါတယ် ။ သံတွဲကဆရာ့အစ်မကြီး မိသားစုကိုဝင်ခေါ်ပြီး ခရီးဆက်ခဲ့တာပါ ။ သစ်တို့ကတော့ပင်ပန်းပြီး ဒေါင်းနေကျပြီလေ ။ ပြုံးပဲပြုံးပြနိုင်တော့တယ် ....ဟိဟိ ။ နောက်ဆုံး အလှူလုပ်မယ့် ဆရာ့ရွာလေး ရွှေလှေ ဆိုတာကို ည၈နာရီမှာ ရောက်ခဲ့ပါတယ် ။ အလှူမှာကူညီဖို့ ဆရာ့အမျိုးတွေများစွာက ကြိုရောက်လို့နေပါပြီ ။ သစ်တို့ဧည့်သည်တွေကို ၀မ်းသာအားရကြိုဆိုကြပါတယ် ။ ရွာကဆရာတို့အိမ်က အကျယ်ကြီး ၂ထပ်ပါ အောက်ထပ်တစ်ထပ်လုံး လိုတာရမယ့်ဆိုင်ကြီးဖွင့်ထားပါတယ် ။ အားလုံးရပါတယ် ဘေးမှာက ရွှေလှေအထက်တန်းကျောင်းကြီး ရှိပါတယ် ။ ညဘက်ကြီးအမျိုးတွေကလည်း ဆူညံပြီး ပျော်စရာတော်တော်ကောင်းပါတယ် ။ ဆရာတို့က လူမျိုးခြားပါ ဒါပေမယ့် သစ်တို့တွေကို အရိပ်လိုကြည့်နေကြပါတယ် ။ ဘာလိုချင်လည်းဆိုတာကို ကလေး ၊ လူကြီး လုပ်ပေးဖို့ အဆင်သင့်ပါပဲ ။ ဒီလိုနဲ့နောက်နေ့မိုးလင်းတော့ စပ်စုစိန် သစ်သစ်......ဆက်မယ်နော် ။
Friday, August 7, 2009
Subscribe to:
Post Comments (Atom)
ဆက်ရေးပါ မြန်မြန်
ReplyDelete"ညဘက်ကြီးဘာမှမမြင်ရတော့ ဘာမှကိုပြောစရာမရှိပါဘူး "
ReplyDeleteအဲဒီအကြောင်းကိုပဲ သိချင်နေတာ..ခက်ပြီ..။
ဓါတ်ခွက်နဲ.ဓါတ်ပုံရိုက်ခဲ.တယ်မလား သက်သေနဲ.တကွ သရုပ်ဖော်ပါ ဓါတ်ပုံ တင်ပါ ဒါပဲ ဟီဟီ
ReplyDeleteအဲဒီလမ်းကို ပြောင်းပြန်ပြန်စီးဖူးတယ်...သစ်..။ သံတွဲကနေ ရန်ကုန်ထိ၊ ခရီးပန်းတာ သေလုရော့...။
ReplyDeleteခရီးသွားနေသည်ကလည်း လမ်းမှာဘာမှ မမြင်ရဘူးတဲ့ ဒွတ်ခ....။
ဒီလိုဒေသန္တရ ဗဟုသုတ စုံလင်စွာနဲ့ဖော်ပြပေးတာကို ကြေးဇွန်းတင်ပါတယ်..။
ဆက်ရေးလေ မမဗစ်တာပြောတာထောက်ခံ၏ :)
ReplyDeleteavocado
diff race so taw bar race par lae?
ReplyDelete