Saturday, August 22, 2009

လွမ်းတယ် ခိုင်ဇာ....

ပျာ်ရွှင်စရာကောင်းတဲ့ မိသားစုဘ၀လေးနဲ့ သူငယ်ချင်း သစ်တို့သူငယ်ချင်းတွေအတွက် သူပေးခဲ့တဲ့လက်ဆောင်

သစ်သစ်မှာ အထက်တန်းကတည်းက တွဲခဲ့ပြီး သိပ်ချစ်စရာကောင်းတဲ့ သူငယ်ချင်းတစ်ယောက်ရှိပါတယ် ။ ကျောင်းတက်စဉ်ကတုန်းကလည်း အမြဲတမ်းတွဲနေကျဆိုတော့ သူ့ကိုမြင်ရင် သစ်သစ်ကိုမေးလေ့ရှိသလို သစ်ကိုမြင်ရင်လည်းသူ့ကိုမေးလေ့ရှိတာ အခုထိပါပဲ ။ သူကလည်း သစ်ကိုသိပ်ချစ်ပါတယ် ။ သစ်မြန်မာပြန်တုန်းက လေဆိပ်မှာ သူတို့မိသားစုလာကြိုကြတယ်လေ ...။ သူ့သားလေးကိုမြင်ဘူးချင်တာလေ သစ်က အရမ်းကိုမြင်ဘူးချင်နေတာ သူကတော့တော်တော်ကို လူကြီးဆန်သွားပါပြီ ။ သစ် သူ့ကိုတကယ်စိတ်ချသွားပါပြီ ။ အခုတော့သူက သစ်ကိုစိတ်မချ ပြန်ဖြစ်နေတာလေ ။


ကျောင်းတုန်းကဆို သစ် နဲ့ သူ စိတ်ကောက်ပြီး စကားမပြောတာ ကျောင်း၆လ လုံးပါပဲ လုံးဝကိုကောက်နေကြတာလေ ဒါပေမယ့် ထိုင်ခုံမှာတော့ ၂ယောက်အတူထိုင်တာနော် မခွဲကြဘူး ။ နောက်မှပြန်ခေါ်သွားတော့ ချစ်လိုက်ကြတာလည်း သူများအမြင်ကတ်ပါတယ် ။ သစ်က အရမ်းစိတ်ကောက်တတ်တယ် ဒါကြောင့်လည်းသူကသိနေတာလေ သစ်အကြောကို....ဟိဟိ ။ ကျောင်းပြေးတိုင်းသူနဲ့သစ်က အမြဲအတူပါပဲ စာမေးပွဲနီးလို့ စာမရဘူးဆိုလည်း အတူတူလေ ...။ ရေးနေရင်တောင် သတိရမိတယ် သူငယ်ချင်းရယ် ။ နောက်ပိုင်းသူ ဘီအီး မပါတော့သစ်တစ်ယောက်တည်း ငိုင်တိုင်တိုင်ကို ဖြစ်ခဲ့တယ်လေ ။ ဒီအချိန်မှာ သူကလုပ်ငန်းခွင်တွေဝင်ပြီး သစ်နဲ့အဆက်အသွယ်တွေ ပြတ်ခဲ့တယ်လေ ။ နောက်ပိုင်း သစ်လည်းအလုပ်တွေနဲ့ဆိုတော့ လုံးဝကိုအဆက်အသွယ်တွေ ပြတ်ခဲ့ပါတယ် ။

သစ်သူငယ်ချင်းက ကိုယ်လုံးလှလှလေးနဲ့ ညိုချောလေးပါ။ သူဘာဝတ်ဝတ်စတိုင်ကို ကျနေရောပဲ သူအ၀တ်အစားတွေဝတ်ရင် သစ်သူ့ကိုကြည့်လို့မ၀ခဲ့ပါဘူး ။ သူက အချုပ်အလုပ်လဲရတယ်လေ အချက်အပြုတ်ကတော့ ရှယ်ပါပဲလေ ။ ဒီလိုဝေးကွာနေရင်း တစ်နေ့သူ့မင်္ဂလာဆောင်ဖိတ်စာ သစ်အိမ်ကိုရောက်လာခဲ့တယ်လေ ။ သစ် သိပ်ဝမ်းသာသွားတယ် သူ့ဘ၀ကပင်ပန်းလွန်းလို့ သစ်သူ့ကိုငြိမ်းချမ်းစေချင်ပြီလေ ။ အခြားတဖက်ကလည်း သူ့အိမ်ထောင်ထိန်းသိမ်းတတ်ပါ့မလားဆိုပြီး စိတ်ကပူလိုက်သေးတယ် ။ ဒါပေမယ့် သူ့ကိုသစ်ယုံခဲ့တယ် သူ့အရည်အချင်းရောပဲပေါ့နော် သူငယ်ငယ်ကတည်းက သူ့မေမေဆုံးသွားပြီး သူ့ညီမ ၊ မောင်လေး တွေကို အမေတစ်ယောက်လို အုပ်ချုပ်ခဲ့တာ တကယ်အတုယူစရာပါ ။ သူ့ဖေဖေက အဝေးမှာပိုက်ဆံတွေ သွားရှာနေခဲ့ရတော့ သူသာလျှင် အဖေ ၊ အမေ ပေါ့..။ လွမ်းတယ် သူငယ်ချင်းရယ်.....။

သူ့မင်္ဂလာဆောင်ကို သစ်သစ် အစောကြီးသွားခဲ့တယ် IBC မှာဆောင်တာဆိုတော့ သစ်နေတဲ့နေရာနဲ့က သွားရတာနီးတယ်လေ ။ သစ်ရောက်တော့သူတို့မင်္ဂလာဓါတ်ပုံတွေ ရိုက်နေခဲ့တယ် ။ သစ် သူငယ်ချင်းကို တကယ်ကြည့်လို့မ၀ခဲ့ပါဘူး သူကလည်းပျော်နေတယ်လေ သစ်လည်းသိပ်ကိုပျော်နေခဲ့တာပေါ့ ။ သစ်သူမသိအောင် ကျလာတဲ့မျက်ရည်ကို ခိုးသုတ်လိုက်တာ သူမသိခဲ့ပါဘူး ။ နောက်သူအခမ်းအနားမထွက်ခင်နားနေတဲ့အခန်းလေးကို လိုက်သွားပြီးတစိမ့်စိမ့်ကို လိုက်ကြည့်နေမိတယ် ။ သစ်အဲဒီအချိန်တုန်းက ၀မ်းသာနေတာ သူသိအောင်ပြောမပြတတ်ခဲ့ပါဘူး ။

ဒီလိုနဲ့သစ်တစ်ယောက် နိုင်ငံခြားကိုထွက်လာတော့ သူသားလေးမွေးတယ်တဲ့လေ ကလေးပုံလေးတွေပို့ပေးတာကတော့ မျိုးစုံပါပဲလေ ။ သစ်ကအဝေးကနေချစ်နေရတာပေါ့ သစ်စလုံးမလာခင် သူ့အိမ်မှာသူငယ်ချင်းတွေ စုပြီးသွားတွေ့တော့ သူက ကိုယ်ဝန်ကြီးနဲ့လေ ကြေးအိုးသောက်ချင်တယ်ဆိုလို့ သူငယ်ချင်းတစ်ယောက်က ချက်ချင်းသွားဝယ်ပေးပြီး ညဘက်ကြီးစကားတွေပြောဖြစ်ခဲ့ကြသေးတယ်လေ ။ သစ်ဒီကိုမလာခင် ရန်ကုန်မှာသစ်သွားသမျှကို လိုက်နေလို့ မဗိုက်ရယ်မလိုက်ပါနဲ့တော့ ဆိုမှသူမလိုက်တော့တာလေ ဒါတောင်မမချောက လိုက်ချင်သေးတာလေ ...။

သစ် ရန်ကုန်ပြန်တော့ သူ့အိမ်မှာထုံးစံအတိုင်း စုကြတာပေါ့နော် သူငယ်ချင်းတွေ သူကသူ့တို့အလုပ်ကိုလည်း လိုက်ပြခဲ့တယ်လေ သူ့သားလေးကတောက်တောက်နဲ့ သစ်တို့နောက်လိုက်နေတာ တကယ်ချစ်စရာကောင်းလွန်းတယ် ။ နောက်သူက သစ်ကို လှည်းတန်းကိုကားလေးကိုယ်တိုင်မောင်းပြီးလိုက်ပို့ပေးတော့ ကားမောင်းနေတဲ့သူ့ကို သစ်ခိုးကြည့်လို့မ၀ခဲ့ပါဘူး ။ နင် ငါမောင်းတာစီးရဲသားပဲနော်လို့ သူပြောတော့သစ်မှာရီနေရပါသေးတယ် သူငယ်ချင်းရယ် နင်ဘာလုပ်လုပ် ဘယ်သွားသွားငါလိုက်ရဲပါတယ်လို့ မပြောခဲ့ရပါဘူး ။

ပြီးခဲ့တဲ့လက သစ်သူငယ်ချင်းက မတောင်းဆိုစဖူး တောင်းဆိုပါတယ် သစ်ချက်ပေးတဲ့ ကြက်စွပ်ပြုတ်ကို သောက်ချင်တယ်တဲ့လေ သစ်တကယ်ကိုစိတ်မကောင်းဖြစ်သွားတယ် ။ သူဒုတိယကိုယ်ဝန်ရှိလို့ အားငယ်နေချိန်မှာ သစ်သူ့အနားမှာမရှိခဲ့ဘူးလေ ။ သူကျန်းမာရေးမကောင်းလို့ သူ့သားလေးကိုတောင် ဒေါက်တာကချီခွင့်မပေးဘူးဆိုတော့ သူမျက်ရည်ကျတယ်ပြောတော့ ဒီမှာမိရွှေသစ်က စိတ်ကမခိုင်ချင်တော့ဘူးလေ ။ ဒါနဲ့သူ့ကို နင်ဘယ်တော့မွေးနိုင်မလဲဆိုတော့ နောက်နှစ်တဲ့ ဒါနဲ့သစ်လည်း နင်မွေးရင်ငါနင့်အနားကို ပြန်လာမယ်လို့ ဂတိပေးလိုက်တော့ သူအရမ်းဝမ်းသာသွားတယ်လေ ။ နောက်ကျန်းမာရေးမကောင်းလို့ ကြာကြာထိုင်လို့မရတော့ သူ့ကွန်ပျူတာကို ပိတ်ပြီးအနားယူခိုင်းလိုက်ရတယ် ။

ငါဒီအတိုင်း ငြိမ်ငြိမ်လေးနေရတာ ပျင်းတယ်ဆိုပြီး အွန်လိုင်းကိုလည်း တက်လာတတ်တယ်လေ ။ ဒါနဲ့ သစ်က ငါတို့တွေအကြောင်းစာတွေရေးနေတယ်ဆိုတော့ သူက ငါသိပ်ဖတ်ချင်တယ် သူငယ်ချင်းရယ် ဘယ်လိုလုပ်ရမလဲဆိုတော့ သစ်သူများကိုမေးပြီး သူ့ကိုပြောပြဖို့ စာလေးတောင်ရေးထားတယ် ဒီတစ်ခါတက်လာရင်တော့ သူ့ကိုသစ်ပြလို့ရပြီလေ ...။ ဒီပို့စ်လေးကို မြင်ရင်သူသိပ်ဝမ်းသာသွားမှာသေချာတယ်လေ ။ ချစ်တယ် သူငယ်ချင်းရယ် ကျန်းမာရေးဂရုစိုက်ပါလို့ပဲ အဝေးကနေ စိုးရိမ်နိုင်တဲ့ဘ၀ပါ...။ တစ်နေ့တို့တွေ ပြန်ဆုံကြတာပေါ့ဟာ......း( ။

6 comments:

  1. ကြည်လဲ့လဲ့ဦး ပိန်တုံးကနဲ့ တူတယ်အေ့...
    ကလေးလေးက တကယ်ချစ်စရာလေး.. ချောလည်းချောတယ်။

    sdl

    ReplyDelete
  2. ကလေး လေးကချစ်စရာသိပ်ကောင်းတာပဲ
    သစ်သူငယ်ချင်းကလည်း ချစ်ဖို့ ကောင်းတယ် သစ် သူငယ်ချင်းအပေါ်ထားတဲ့စိတ်ကလေးကို ဖတ်ပြီး ၀မ်းနည်းဝမ်းသာခံစားရလို့  မျက်ရည်ဝဲသွားတယ် (မနေ့ က ဗစ်ပြောတာနဲ့  အားတွေများကျသွားလားလို့  စဉ်းစားမိတယ်) အားကျရှာမပေါ့ သစ်လည်း ဒုတိယအရွယ်ရောက်ပြီကိုး အော် အနိစ္စ အနိစ္စ အနိစ္စ

    ReplyDelete
  3. ခေါင်းစဉ်က လွမ်းတယ် ခိုင်ဇာတဲ့ ဟုတ်ပဲနဲ့  အားကျတယ်ခိုင်ဇာဖြစ်ရမှာ ဟက်ဟက် ငါပြောတာဟုတ်တယ်နော် မေဖလား ?

    ReplyDelete
  4. သူက civil queen ပေါ့။
    တကယ့်ကွင်းလို့ ပြောကြတဲ့သူတွေထက် ပိုလှပါတယ်။ (တကယ့်ကွင်း ဆိုသူ ကြားရင်တော့...)

    ReplyDelete
  5. ညီမလေးသူငယ်ချင်းက ညီမလေးအတိုင်းပဲချောတယ်.
    ခန္တာကိုယ်ပဲကွာတာ.း) ပြောမှာပဲ.. ၀ိတ်မှမချတာ. စိတ်ကောက်ရင်ခေါ်ဘူး။
    ကျွေးတဲ့မုန့်လည်းစားဘူး။
    ညီမလေးကလည်း တကယ်ချောတာနော်.
    ညီမလေးမျက်နှာလေးကို မမက ချစ်တယ်။( မျက်နှာပဲ)း) ခေါ်ချင်နေပေါ့။

    ချစ်လို့စတာပါ။
    မမ၀ါ

    ReplyDelete
  6. ဗစ်ရယ် ဟုတ်သမှ ဟုတ်ဟုတ် ဟုတ်ဟုတ်နဲ့ တောင် မြည်နေသေး (ဟိ)
    မမ၀ါ သူများက ခန္တာကိုယ်လေး သဘောကျတာ (စကားမစပ် စလုံး မြေကြီး ပင်လယ်ရေမျက်နှာနဲ့  ၁ လက်မလေးလောက် ပိုနီးသွားသလိုပဲ)

    ReplyDelete