Tuesday, August 18, 2009

တွေ့ကြုံစုံလင် ရန်ကုန်တစ်ခွင်

ဒီလိုနဲ့ ဘားအံမှာ မေမေ့ရဲ့ခရစ်စမတ်ကို မောင်နှမအားလုံးပျော်ရွှင်စွာနဲ့ ကျင်းပပြီး ၁ပတ်လောက်အနားယူကာ သစ်သစ်ရန်ကုန်ပြန်လာခဲ့တယ်လေ ...။ ရန်ကုန်အိမ်မှာလူမရှိလို့ အဖေကကျန်ရစ်ခဲ့ရတာကိုး.....။ ဘားအံခရီးကို သစ်သစ်မရေးတာက ဒီခရီးဟာ သစ်သစ်အတွက် အိပ်တာစားတာလောက်ပဲ ရှိတယ်လေ အထူးတလည် လေ့လာစရာလည်း မရှိလို့ပါ ။ ဒီလိုနဲ့ရန်ကုန်ရောက်တယ် ဆိုပါစို့.....။

ရန်ကုန်ရောက်တော့မှပဲ အဖေ့ကို အသားကုန်ချွဲ စိတ်ကောက် ဘယ်နှစ်ရက်ခံတယ် ထင်ပါသလဲ ၂ရက်ထက်မပိုပါဘူး....ဟိဟိ ။ အရင်ဆုံးသွားတာက ရွှေတိဂုံ အိမ်ကလိုက်ပို့မယ်ဆိုတော့ ငါဘတ်စ်ကားစီးချင်တယ်လို့ပြောလိုက်တော့ အမသနားပါတယ် မနက်၅နာရီခွဲလောက်ကြီး ၉၇ကားကိုပတ်စီးပြီး မြေနီကုန်းကိုသွားကြတယ် နောက်ဘုရားရောက်တယ်ပေါ့နော် ။

၉နာရီလောက်ကျတော့ ဘုရားကပြန်ဆင်းလာခဲ့တယ်လေ နောက်မြေနီကုန်းကနာမည်ကြီး မုန့်ဟင်းခါးဆိုင်တဲ့ သစ်သစ်မှာ မျိုလို့တောင်မကျပါဘူး ဈေးကြီးလွန်းလို့ပါ တစ်ပွဲ၇၀၀တဲ့ လက်ဖက်ရည်တစ်ခွက်က ၃၀၀တဲ့ ခွက်ကသေးလွန်းလို့ ခွက်တောင်ဝါးစားချင်တယ် ဂယ်ပဲ.... နောက်မြန်မာမုန့်တွေ အမက၅မျိုးလောက်မှာတယ် သစ်ကမစားချင်ဘူး ဈေးကြီးလွန်းလို့ပါ ကောက်ညှင်းရွှေကြည် ၂တုံးပဲပါတဲ့ တစ်ပွဲ၃၀၀ တဲ့ သစ်ကတော်ပြီ ဈေးမှာဆိုတစ်တုံး ၅၀ပဲဆိုတော့ အမက ၁၀၀ဖြစ်သွားပြီတဲ့...ဟူးးးးးးး ရင်မောရတယ် ။ ပြန်လာတော့အမက ရှေ့ခန်းစီးခိုင်းတယ်လေ နောက်ကလူဒီလောက်ချောင်တာ နောက်မှာပဲစီးမယ်ဆိုတော့ တစ်ယောက်၂၀၀တဲ့ ဘုရား ဘုရား....။ ကားကလည်း လိုက်အေ့စ်လေးတွေဆိုတော့ ဂျက်ကတောင်အရှုံးပေးရပါတယ် လူကလည်း၈ယောက်လောက်ပဲပါတာလေ အင်းစိန်ကိုဘယ်လိုရောက်သွားမှန်းတောင်မသိတော့ဘူး ။ ရပ်ကွက်ထဲက ဂျာနယ်ဆိုင်မှာ သစ်က ဒီအပတ်ထွက်သမျှကို ၃၀၀၀ဖိုးဝယ်တော့ သစ်အမက မျက်လုံးပြူးနေပါတော့တယ် ဟိဟိ ။ ညနေသူငယ်ချင်းလင်မယားကလာခေါ်တော့ ညနေခင်းရန်ကုန်ကို သူတို့ကားလေးနဲ့လိုက်ကြည့်ဖြစ်ပါတယ် ဘယ်အချိန်ပြန်လာမလဲ အမေကဖုန်းဆက်လွန်းလို့ စောစောပဲပြန်လာလိုက်တယ် နောက်နေ့လည်း ဘယ်မှမသွားပဲ တစ်နှစ်စာနာရေးကြော်ငြာတွေကို ထိုင်ဖတ်နေလိုက်တယ်လေ ။ အမေတို့က သူတို့မျက်စိရှေ့မှာနေတာပဲလိုချင်တာဆိုတော့ ဒီအချိန်လေးကို အပြည့်အ၀ပေးမယ်ဆိုပြီး အိမ်မှာပဲနေတာလေ ။ အိမ်ကစပယ်ယာလေးကတော့ စိတ်ညစ်သွားတယ်လေ သစ်ကတစ်ခြံလုံးရှင်း အပင်တွေခုတ် အိမ်နောက်ကသစ်သားပုံကြီးကို ထင်းစိုက်လို့ရအောင် သူ့ကိုခွဲခိုင်းနဲ့ နေ့တိုင်းမအားပါဘူး ။ သစ်တို့အိမ်ကလမ်းနဲ့နီးတော့ ဖုံတက်တယ်လေ တစ်နေ့၃ကြိမ်လောက် ကြမ်းတိုက်ရတော့ အိမ်အကူကောင်မလေးလဲ ကျောကော့နေတော့တာပဲလေ ။ ညနေဆိုသူ့ကို အိမ်ပေါ်ထပ်တစ်ခုလုံး အုန်းဆံဖတ်နဲ့ကြမ်းတိုက်ခိုင်းတာလေ ပြီးရင်သစ်ကဖျာလေးခင်းပြီး စာအုပ်တစ်ပုံနဲ့ပေါ့ ပျဉ်းကတိုးသားကအေးတာကို သစ်ကသဘောကျတာလေ ...။ အမေက ဘေးကနေအိမ်ရဲ့စီးပွားရေးအတက်အကျတွေကိုလာပြောနေတာ အပြင်ကိုလျှောက်လည်တာထက် သစ်ပျော်ပါတယ် ။ အုတ်တံတိုင်းကိုဆေးသုတ်တော့ အမယောက်ျားကိုပါ သစ်ခိုင်းတော့တာပါပဲ သူကပြောတယ်လေ တော်သေးတယ် မင်းညီမ၃ပတ်ပြန်လာလို့တဲ့ ...ဟိဟိ ။ အပြင်မထွက်လို့ သူငယ်ချင်းတွေက လာတွေ့ကြတာအိမ်မှာလည်း လူမစဲပါဘူး ။ လှည်းတန်းတစ်ရက်သွားပြီးလုပ်ချင်တာတွေ အားလုံးစုပုံလုပ်တာ မနက်၁၀နာရီလောက်ကသွားတာ ညနေ၅နာရီမှပြန်လာတယ် ၀ယ်လာတာကလည်း စာအုပ်တွေစားစရာတွေဆိုတော့ တော်တော်ကိုလေးနေပါတယ်ပထမတော့၂၂၆ နန်းသီတာကားကို စီးဖို့စဉ်းစားပြီး ကားဂိတ်မှာစောင့်လိုက်သေးတယ် အာပါးပါး လူကြပ်တာများ သစ်အထုတ်နဲ့ဘယ်လိုမှမဖြစ်လို့ နှမြောတသစွာနဲ့ တက်စီကိုငှားလိုက်တော့ ၃၀၀၀တဲ့ ဘယ်လိုမှဈေးဆစ်လို့မရဘူး နောက်ဆုံး၂၈၀၀နဲ့ မျက်စိမျက်နှာပျက်ပြီး ငှားလာခဲ့တယ်လေ ....။ ဆက်ပြောမယ်နော်..

6 comments:

  1. လက်ဖက်ရည်ခွက်လေး ၀ါးစားခဲ့မယ့်ပုံ
    သနားပါတယ်ကွယ် အိမ်ကလူတွေကို
    ဟုတ်တယ်ကွယ့်  ဒီကပေးရတဲ့ ပြားဂဏန်း ကျပ်ဂဏန်း လောက်ဆိုတော့ ဟိုရောက်တော့ ရာ ထောင်နဲ့  ပေးရတော့ အားလုံးက ဈေးကြီးတယ်ထင်ရော

    ReplyDelete
  2. ဘုရားဘုရား
    ဆုံဆုံပြန်ရင် ဝမ်းမသာမယ့်လူတွေ ရှိနေမှာပဲ...

    ReplyDelete
  3. မြေနီကုန်းက လက်ဖက်ရည်ဆိုင် ????
    စိတ်တိုင်းကျများလား.. လက်ဖက်ရည်ခွက်သေးတယ်ဆိုတော့ မဟုတ်လောက်ပါဘူး....။

    ဘားအံသွားတောလားက ဖတ်ကောင်းထှာ... ဗဟုသုတအစုံရတွားတာပဲ...။

    ReplyDelete
  4. ဟိဟိ ဆင်ဆင်ပြောတာ သဘောကျတာ ဘားအံသွားတောလား

    ReplyDelete
  5. မမ သစ် ... ဘားအံ မှာ အိပ်တာနဲ့စားတာလဲ ရေးပါ... ဟိဟိ..နောင့် လဲပြန်တော့မှာ... ခု ဖတ်သွားဦးမှ..... နောင့် ပြန်ရင်လဲ အမေ ကအရမ်း အံ့သြမှာ ၀ လာလို့လေ...။ ဆူမလား မဆူလား တော့ မသိ.... ဟိဟိ

    ReplyDelete
  6. သေချာတယ်
    လဖက်ရည်ခွက်တွေက သေးသေးလေးတွေ...
    ဒီမှာ ခွက်ကြီးကြီးနဲ့သောက်တာ အကျင့်ပါနေတော့ ဟိုမှာဆို နှစ်ခွက်မှ ဝတယ်...

    ReplyDelete