Thursday, August 27, 2009

ရှုပ်ထွေးနေတဲ့ ဒီတစ်ပတ်

ဒီတစ်ပတ်လုံး အလုပ်ရှုပ်တာကတော့ စာတောင်မဖွဲ့လိုတော့ပါဘူး ။ သစ်သစ်ဘ၀မှာ တကယ်ပါ ဒီလောက်ပင်ပန်းတာ အခုမှလုပ်ဖူးတာပါ ။ တစ်နေ့လုံး မနက် ၈နာရီခွဲကနေ ပုံတွေထိုင်ဆွဲလိုက်တာ ည၉နာရီမှ ပြန်ရတယ်ဆိုတာ အရင်အလုပ်တုန်းကလည်း မရှိခဲ့ပါဘူး ။ စိတ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ သူ့ဆန်စားမှ ရဲရတော့မှာပေါ့နော် ...။ စကားပုံက မှန်မမှန်တောင် သိဘူး...ဟိ ။ ဒီကြာသပတေးမနက်မှာ မန်နေဂျာကပြောပါတယ် သစ်သစ်တဲ့နင်မနက်အိပ်ယာထနိုင်လားတဲ့ ငါတော့မနည်းထရတယ်တဲ့....။ သစ်သစ်က ငါလည်းမထနိုင်ဘူးလို့ ပြောလိုက်တယ် ဒါဆိုတို့မနက်ဖြန်သောကြာတော့ ၅နာရီခွဲ ပြန်ကျမယ်တဲ့ ကြိုတင်ပျော်ပြီးပို့စ်ရေးလိုက်တာပါ ။


အိုတီသာဆင်းတယ် ရတာနဲ့မကာမိပါဘူး ပြန်တိုင်းဘတ်စ်ပေါ်ကနေ ရန်ကုန်အိမ်ကိုဖုန်းဆက်တာ အိမ်ရောက်မှဖုန်းချဖြစ်တယ် ။ ကတ်ကုန်လည်း တိုက်ရိုက်ခေါ်တာပဲ ရဘူး လူကတော်တော်ပြိုင်းနေတာဆိုတော့ အိမ်ကသူတွေအသံကြားမှ စိတ်ကြည်တယ်လေ ။ အချစ်ကိုတော့ ဂျီကျလို့ရတော့ဘူးလေ သူကအလုပ်ရောက်သွားပြီဆိုတော့ အထီးကျန်အပြန်လမ်းလေးပေါ့နော် ....ဟဟ နုနေတာ သနားမလားလို့ ဟိုကလာကိုမဖတ်တာ ဒီဘလော့ကို.....း) ။ တစ်ခါတစ်လေ ဖတ်စေချင်တဲ့ပို့စ်ဆို သစ်သစ်ကဥာဏ်များတာပေါ့နော် ဘလော့ကိုကြည့်ပေးပါဦး ဟိုဟာလုပ်မရလို့ ဒီဟာလုပ်မရလို့ ဆိုပြီးတော့လေ....။ အခုလည်းအလုပ်များတော့ ရစ်ချိန်သိပ်မရှိတော့ သူလည်းလွတ်လပ်ရေးရနေတယ်ထင်တယ် ။ နေ့လည်ပိုင်းထမင်းစားချိန်လေးတွေ့တဲ့အချိန်မှာ စုပုံပြောရတာကလည်း အရသာတစ်မျိုးပါပဲလေ....။

ဘာပဲဖြစ်ဖြစ် မနက်ဖြန်သောကြာညနေတော့ ပင်ပန်းလွန်းတဲ့ကိုယ့်ကိုကိုယ် သနားလို့စီးတီးဟောမှာ ပြုစုလိုက်ဦးမယ် ။ ပိန်မှာစိုးလို့.....ဟိဟိ ။ ၆နာရီနောက်ပိုင်း မြေအောက်ထပ်မှာ လှုပ်တုတ်လှုပ်တုတ်နဲ့ တစ်ယောက်တည်းဆို ကိုယ်ပါပဲကွယ်....အလဲ့ ။ ဒီနေ့တော့ပြောလက်စနဲ့ တခါတည်းနောက်အပတ်သောကြာ ကိုယ်စောစောပြန်မှာလို့ မန်နေဂျာကိုပြောခဲ့လိုက်တယ်လေ ။ ဘာလို့လည်းဆိုတော့ ကိုယ့်အမလိုချစ်ရတဲ့ မမမောင် နဲ့တွေ့ဖို့ရှိတယ်လေကွယ်...အိုတီတွေဘယ်လောက်ပေးပေး ကိုယ်အဲဒီနေ့မလုပ်ပါဘူးကွယ် ။ တပတ်လုံးဘာပို့စ်မှ မတင်ဖြစ်လို့ အကျဉ်းချုပ်တင်လိုက်တယ်ကွယ် ကျေနပ်နိုင်ကြပါစေနော်...။

6 comments:

  1. အိုတီတွေကရတာတွေနဲ. မမမောင်ကိုပြုစုမှာတဲ့  ဟိဟိ

    ReplyDelete
  2. :) မနက်ဖြန် လာချောင်း ဦးမယ်...လှုပ်တုတ် လှုပ်တုန် နဲ့...ဘာတွေ စားနေမလဲလို့....း))

    ReplyDelete
  3. ဒီတပါတ် ပင်တိုင်ဘလော့တခုရယ် ဘလော့တကာလိုက်ဖတ် ကွန့် မန့် တွေရေး စီဘောက်မှာ သောင်းကျန်းနေတာနဲ့  ရှုတ်နေတာများ စာတောင် မဖွဲ့ လိုတော့ဘူး
    (ဒီလို ပင်၂ပန်း၂ ကြိုးစားပြီး ဘလော့ဖတ်သလို Eng စာတွေ Chinese စာတွေလာ လေ့လာမယ်ဆိုရင် ကျွမ်းကျင်အဆင့်တောင်ရောက်နေပြီ)

    ဘလော့အ၀င်ကောင်းလို့  ဘောစ့်လုပ်ခိုင်းတာမေ့လို့  ပြီးခဲ့တဲ့ အင်္ဂါနေ့ က ည ၉ နာကျော်သည်ထိ ဆင်းလိုက်ရပါရောလား ပိုက်၂မရတဲ့အိုတီ (တကယ်တော့ နောက်နေ့ MC ယူမှာမို့ လုပ်ပေးတာ ဟိဟိ)

    မနက်တွေကို ထနိုင်လား မေးမနေနဲ့  ဘယ်မနက်မှ မထချင်ဘူး (အဲ့အချိန်ပဲ အိပ်ကောင်းတာကိုး)

    ခုတလောလား ဟုတ်တယ် အိမ်ကို ဖုန်းခဏခဏခေါ်ဖြစ်တယ် (ကျန်းမာရေးအကြောင်းပေါ့)

    ကိုယ်ရေးတဲ့ ကွန်မန့် တွေကို ဘလော့ပိုင်ရှုင် သေ၂ချာ၂ ဖတ်ပါ့မလားလို့ စိတ်သိပ်ပူတာပဲ (ပိုင်ရှင်က အရှုပ်တွေလုပ်နေတာကိုး)

    တခါတလေတော့ ဖတ်ချင်အောင် ဉာဏ်များရတာပေါ့ ဂျီမှာ (ဟိဟိ) လို့ ရေးလိုက်တယ် ဘလော့ပိုင်ရှင်က (ဟမ်) လို့  ပြန်ပြောရင် (မန့် ပြီးပြီ) လို့  ပြောရတာပေါ့ (ဟိဟိ ၂လုံးနဲ့ လုပ်စားနေရတဲ့ဘ၀လေးပါ သနားမယ်ဆို သနားစရာလေး)

    ဘာပဲဖြစ်၂ သောကြာညနေ စီးတီးဟောမှာ (လှုပ်တုတ်)၂ နဲ့  အချိန်ပိုင်း အလုပ်၂နေတဲ့သူဆိုရင် တို့ မဟုတ်ပါဘူး (အချိန်ပိုင်းလည်းလုပ်တယ် ဖုန်းဖိုးတွေ ကုန်လို့ ) (ဘာအလုပ်လည်းလို့  မမေးပါနဲ့  စလုံးအဘွားကြီးတွေဆီက လုထားတဲ့ အမှိုက်သိမ်းတာဆိုတာ သေတောင်မပြောဘူး ဟွန့် )

ိခုတလော ကျောင်းမှာတုန်းက အဲဒီ့နေ့ က ကျောင်းပျက်လို့ 
    စာမကျေလို့  စာမေးပွဲမှာလည်း မဖြေခဲ့တဲ့ နိယာမတခုကို အင်ဂျင်နီယာပီပီ
    လက်တွေ့ ကျကျ သိချင်လို့  လေ့လာလိုက်စားနေတယ်

    (သိချင်လား ဘာနိယာမလည်းဆိုတာ သိပြီးသားဆိုလည်း ပြန်နွေးလို့ ရတာပေါ့) ဒီဘလော့ရဲ့  အလွမ်းပြေပိုစ့်ကို ပြန်ကြည့်လိုက် အဲ့မှာ အဲဒီ့နိယာမ အကြောင်းကို အသေးစိတ် ရေးထားတယ်

    နောက်တပါတ်လား မအားဘူး ဂျပန်က လာတဲ့ နာမည်ကြီး မော်ဒယ်နဲ့  တွေ့ ဖို့ စီစဉ်ထားတယ်

    (တပတ်လုံး မမန့် ရလို့  ခုပေါင်းပြီး အတိုးနဲ့  မန့် လိုက်တယ်) သိပ်ရှည်သွားတယ်ထင်လား ဆောဒီးဘေဘီ

    ReplyDelete
  4. ဘုရား ဘုရား (မျက်စိပြူး ရင်ဘတ်ကလေးကိုလက်နဲ့ ဖိ ပါးစပ်ကလေးက ထက်၂မိုးဦးကြေငြာထဲကလို ၀ိုင်းလို့ ) အံသြသွားတဲ့ မျက်နှာလေးကို ပြေးမြင်ပါလေ
    သစ်ရယ် အဲဒီ့ အနောနမတ် တော်၂ဆိုးလားပါလား ၀မ်းနင်ပေးတော့သစ် အ၀ါကတ်တောင်မဟုတ်ဘူး အနီကတ်ကို ပြရတော့မှာပါလား
    သိပ်ဆိုးတာပဲကွယ် တို့ များတော့ အဲဒီလို အလိုက်မသိရေးတာကို သိပ်စိတ်ကုန်တာပဲ
    တော်ပြီကွယ် သစ်အစား သိပ်စိတ်ဆိုးလွန်းလို့  စကားတောင်မပြောနိုင်တော့ဘူး ဟင်းးးးးးးးးးးး တယ်ခက်တဲ့လူတွေပဲနော် (တရားကျလိုက်တာ)

    ReplyDelete
  5. ခရမ်းရောင်ကတ်ပြပြီး ဘဏ်လေးကွန့်မန့်တွေ ပေါင်းမယ် ပို့စ်လုပ်လိုက်မယ် ဘာမှတ်နေလဲ ဟွန့်

    ReplyDelete
  6. ဟဟားးးးးးးးးး
    သြော်.. ကျုပ်ကဖြင့် ပို့စ်ကိုကွန်မန့်ရေးမလို့ ဟိုလူကြီးရေးထားတဲ့ ကွန်မန့်
    ဖတ်ပြီး ပို့စ်တောင်မေ့သွားလို့ တစ်ခေါက်ပြန်ဖတ်နေရတယ်. ဟဟ

    အဲ..အနောနိမတ်စ်အစ်ကိုကြီးက သြော်...နာမည်မဖော်ပြနိုင်ရှာတဲ့ သနား
    စရာသတ္တ၀ါလေးတစ်ကောင်ပါလားနော်. (ဖတ်မိရင်သတ်မှာ)
    သတ်ချင်သတ်လိုက် ..မကြောက်. :D

    သူ့ခမျာ ဘာအတွက်ကြောင့် အမည်မဖော်နိုင်ဖြစ်နေရပါသလဲဆိုတာကို အံ့
    သြမိပါရဲ့။ဟဟ မတာ ( အမြင်ကတ်မခေါ်နဲ့ပေါ့) အခုတလော ဂျီလိုက်တိုက်နေတာ လူ့ဂွစာတွေကိုလေ.မနေ့က မောင်ဇူလိုင်ကိုလည်း
    ဂွတိုက်လာခဲ့သေးတယ်..တော်သေးရဲ့ လာမသတ်တာ. ခွီးးး

    ဒါနဲ့နေပါဦး ..သူကိုယ်တိုင်ကရော အင်္ဂလိပ်တွေ ချိုင်းနိစ်တွေ လေ့လာနေပါရဲ့လား မသိဘူး..ဖြစ်တော့ဖြစ်နိုင်ပါတယ်... အင်္ဂလိပ်ဂျင်းတွေ၊ချိုင်းနိစ်ဂျင်းကောင်မလေးတွေကို လေ့လာနေလောက်ပါတယ်. အဟီး ( ချောလား မချောလားပေါ့)

    အဲ..နောက်ဆုံးမသိလို့ .. ဂျပန်ကနာမည်ဂျီး မော်တယ်ဂဲက ဟိုသဘောကောင်းကောင်း ၊ခပ်ချောချော
    အစ်မကြီးထင်ပါရဲ့.. ကလေးတစ်ယောက်အမေလေ.. ပဲကလည်းများပါ့.
    ကြည့်လို့ကိုမရဘူး။ အမြင်ကတ်ပါတယ်.. ဟဟဟားးး

    ဒါပဲကွယ်.မီးလည်းပြန်တော့မယ်.

    မောင်

    ReplyDelete