Saturday, August 8, 2009

မိန်းကလေးတစ်ယောက်ရဲ့ ရင်ဖွင့်သံ

ကိုယ် ပြင်ဆင်ချင်တယ် ပြင်ခွင့်ပေးဦးမှာလား ။ ကိုယ် မှားခဲ့ဘူးတဲ့ တစ်ကြိမ်လေးကို မင်းခွင့်လွှတ်ပေးမှာလား ။ ကိုယ် အခုမင်းနဲ့ တွေ့တာနောက်ကျလို့ နောင်တရတတ်နေပြီ ။ ဘာလို့မင်းနဲ့တွေ့ချိန်အထိ ကိုယ့်ကိုဖြူစင်စွာ စောင့်နေခွင့်မပေးခဲ့တာလဲ ...။ မင်းရှေ့မှာကျခဲ့တဲ့မျက်ရည်တွေကို မုန်းတယ် ။ ကိုယ် မင်းရှေ့ရောက်ရင် အရမ်းကိုသိမ်ငယ်နေမိတာ သိလား ။ မင်း ဒါကိုခံစားမိရဲ့လား ချစ်သူ ။ ကိုယ် မင်းကိုအနိုင်ယူတာတွေ ရှိပါတယ် တန်ဖိုးရှိတဲ့မင်းအချိန်တွေ ကိုယ်သုံးစွဲခဲ့ဘူးတယ် ။ အဲဒါတွေအတွက် ကျေးဇူးလို့ ကိုယ်မပြောချင်တော့ဘူး မင်းဘာသာနားလည်ပေးမယ်လို့ မျှော်လင့်တယ် ။ ကိုယ်လိုအပ်ချိန်တွေဆို မင်းရောက်လာတတ်တာကို ကိုယ်သိပ်အံ့သြတယ် သိလား ။ စိတ်ချင်းဆက်နေတယ်လို့ပြောရင် ကိုယ့်ကိုကလေးဆန်တယ် ပြောဦးမှာလား ဟင် ။ မင်းပြောနေတဲ့ ချာတိတ်ပေါ့ ...။ ဟေး ချာတိတ် ကိုယ်ကမင်းထက်အများကြီး အသက်ကြီးတယ် သိလားကွ ဆိုပြီးပြောတာကို အခုတွေးအခုရီချင်တယ် ။ ချာတိတ် တစ်ခု ၊ ကိုယ်တစ်ခု ဆိုပြီး ၀ယ်လိုက်တဲ့မုန့်တုန်းကလည်း ကိုယ်လေဒီဘက်ကနေ တော်တော်ကိုရီချင်နေမိတယ် ။ ချာတိတ်ဆိုတဲ့ ခေါ်သံကို ကိုယ်ချိုမြိန်နေပြီ ဆိုရင်ရော မယုံဘူးမဟုတ်လား ။ တစ်ခါတစ်လေ နေ့ နဲ့ ည ကို ကိုယ်မုန်းတယ် ဒါပေမယ့် တစ်ဖက်ကလည်း ကိုယ်အိပ်ချိန်တွေမှာ မင်းအလုပ်လုပ်နေတယ်ဆိုတဲ့ အသိက ကိုယ့်ကိုကျေနပ်စေပြန်ရောလေ ။ မင်းအလုပ်ကပြန်လို့အနားယူချိန်တွေဆို ကိုယ်အရင်ကလို မဆိုးတော့ဘူးနော် ငြိမ်ငြိမ်လေးပဲနေတတ်လာတာကို သတိထားမိလားချစ်သူ...။ မင်းကိုအေးချမ်းစေချင်တယ်။ မင်း က အဟမ်း ဘာတွေလုပ် ဆိုမှ ကိုယ်စာတွေပြန်ရိုက်တတ်လာတယ်လေ အရင်ကဆိုရင်လေ ကိုယ်ပြောချင်တာကို ဇွတ်ပြောတတ်တဲ့ ကိုယ့်အကျင့်ကိုလည်း ပြင်ဆင်ထားတယ်လေ မင်းဘက်ကပြောလာတာလေးတွေကိုပဲ သေချာလေးပြန်ပြောနေမိတယ် ။ ဘာပဲဖြစ်ဖြစ် ပြင်ဆင်လို့ မရတော့တဲ့ကိုယ့်အတိတ်တွေကြောင့် ကိုယ်မင်းကိုပြောင်းလဲပက်သက်ရတော့မယ်...။ ကိုယ် အရမ်းခံစားရတယ် ဒါပေမယ့် မင်းအနားကထွက်ခွာသွားစရာ မလိုသေးလို့ ကိုယ်ကျေနပ်နေမိတယ် ။ ဘယ်တော့မှမမုန်းကြေးနော် ...။ စတွေ့တုန်းကအစ်ကို ပြောခဲ့တဲ့စကားလေးကို တည်အောင်ညီမကြိုးစားပါ့မယ် ။

6 comments:

  1. ကိုယ် မှားခဲ့ဘူးတဲ့ တစ်ကြိမ်လေးကို မင်းခွင့်လွှတ်ပေးမှာလား ။

    You're never wrong

    ReplyDelete
  2. ဘာပြောရမယ်မသိ

    ထောထော

    ReplyDelete
  3. အဟက်အဟက် ၁ ခုခုတော.၁ ခုခုပဲနော် ...

    ReplyDelete
  4. ချာတိတ် မနေ့ ကပြောတဲ့(ခုတစ်လော) မျိုးတွေကို ပြင်ဆင်မယ်ဆိုရင် ကိုယ်ခွင့်လွှတ်ပေးမယ် တွေ့ တာသိပ်နောက်မကျသေးပါဘူးကွယ် မင်းသိပ်မစားဖူးဆိုရင်ပေါ့ မရီပါနဲ့ ချာတိတ်ရယ် မင်းဖို့ တခုကို မင်းနောင်တထပ်မရအောင် ကိုယ်ပဲစားလိုက်တယ် ပြောချင်တာတွေ ဇွတ်ပြောတာ ကိစ္စမရှိပေမယ့် စားချင်တာတွေစားနေမယ်ဆိုရင်တော့ ကိုယ်မင်းအနားက ထွက်ခွာဖို့  လိုလိမ့်မယ် ချာတိတ်ကို မမုန်းချင်ပါဘူးကွယ် ဒီတော့ စကားလေးတည်အောင် အချစ်ဆုံးလေးရေ ၀ိတ်လျှော့လိုက်ရင်ကောင်းမှာ (ဟယ် ဘလော့ပိုင်ရှင်က မိန်းကလေးတယောက်ရဲ့ ခံစားချက်နဲ့ ရေးတာကို ငါက ယောင်္ကျားလေးတယောက်ရဲ့ ခံစားချက်နဲ့ ပြန်ရေးနေမိပါလား အားနာစရာတွေ သိပ်များနေပြီ ဘလော့ပိုင်ရှင်ကို အို ဒါပေမယ့် ဘလော့ပိုင်ရှင် ရည်ညွှန်းတဲ့သူ ဖတ်ရင်တော့ ငါ့ကို ကျေးဇူးတောင်တင်ဦးမှာ ဟယ် ငါပြောချင်တာတွေ ကိုယ်စားပြောပေးတယ်ဆိုပြီးတော့) အားတော့ တကယ်နာတယ် ဘလော့ပိုင်ရှင်ရယ် ယုံပါ တကယ်ကြီး အားတွေနာနေတယ်ဆိုတာ

    ReplyDelete
  5. steve ဝင်ဝင်ရှုပ်တယ်

    ReplyDelete
  6. ချာတိတ်ရာ..

    ချာတိတ်ကို ကိုယ်သိတ်ချစ်တာ ယုံပါကွာ..
    အဲလိုလေးကြားရင် ဘယ်လိုလုပ်မလဲ.း))))

    ReplyDelete