Wednesday, August 19, 2009

ခေါင်းစဉ်မဲ့

၂၀၀၉ မှာ သစ်သစ် တစ်ယောက်အချိုးအကွေ့ အရမ်းများပါတယ် ။ ရန်ကုန်က ပြန်လာပြီးပေါ့
ဆက်တိုက်ဆိုသလို တစ်ခုပြီးတစ်ခု ဖြစ်ခဲ့ပါတယ် ။ အားလုံးကိုတန်ပြန်ပြီး ကြိုးစားခဲ့ရတာလည်း ကိုယ်တိုင်ပါပဲလေ ။ ဒီလိုကြိုးစားနေတဲ့အချိန်မှာ သစ်သစ်ကိုအားပေးခဲ့တဲ့သူတွေ တော်တော်များပါတယ် ။ ဘလော့လောကက ရှိသလို ပြင်ပကသူတွေရော မြင်ဘူးသူတွေရော မမြင်ဘူးတဲ့သူတွေရော စုံလို့ပါပဲ ဒီပို့စ်လေးကတော့ မမြင်ဘူးတဲ့သူတွေကို အဓိကရည်ရွယ်ပါတယ် ။

သစ်သစ် ရန်ကုန်ကပြန်လာပြီး အရင်ဆုံးမျက်စိနဲ့ပက်သက်ပြီး ဆေးရုံအရေးပေါ်ဌာနထိရောက်သွားတဲ့အထိ ဖြစ်ခဲ့တယ် နောက်တစ်ခုက တစ်နှစ်ခွဲကျော် လုပ်ခဲ့တဲ့အလုပ်က လူ၃၀ကျော်လျော့တဲ့ထဲပါသွားခဲ့တယ် ဧပြီမှာနွေပူတာလောက်ကတော့ သနားပါတယ် သစ်သစ်ရင်တွေတော်တော်ကို ပူလောင်ခဲ့ပါတယ် ။ အရာအားလုံးကိုအိမ်ကိုမပြောချင်တော့ ဒီအွန်လိုင်းကသူငယ်ချင်းတွေကိုပဲ ရင်တွေဖွင့် အရှုပ်တွေလုပ်ခဲ့ပါတယ် ။ စလုံးကသစ်သူငယ်ချင်းတွေက သစ်ကိုတတ်နိုင်သလောက် အားပေးခဲ့ပါတယ် လူချင်းတွေ့လို့တစ်မျိုး ဖုန်းဆက်ပြီးတော့ တစ်သွယ်ပေါ့လေ ။ သစ်သစ် အင်တာဗျူးရရင် လိုက်ပျော် အဆင်မပြေရင် နောက်ကြိုးစားပေါ့ ဘာတွေလုပ်နေလဲ ဘယ်လိုမပြေခဲ့တာလည်း မေးပြီးစိတ်တွေပူပေးကြတဲ့ သစ်သစ်သွားနေကြဘလော့စီဘောက်က ကိုဘ၊မျိုး၊မမခင်ဦးမေ ၊ ကာကာ မောင်နှမအရင်းသဖွယ် ဆက်ဆံခဲ့ကြတဲ့သူများကို ကျေးဇူးတင်ကြောင်းအရင်ပြောချင်ပါတယ် ။ ပြီးတော့ နေ့စဉ်သေချာပြီ အထုပ်ပြင်ထား ပြန်ရတော့မယ် လေယာဉ်လက်မှတ်လုပ်ပြီးပြီလား အားတက်စရာစကားတွေ ပြောပြီး သွယ်ဝိုက်ကာစိတ်ဓါတ်ခွန်အားပေးခဲ့တဲ့ ကိုဇူလိုင် ကိုလည်းကျေးဇူးတင်ကြောင်းပြောလိုပါတယ် ။

အလုပ်ပြန်ရပြီးမှ ပိုပြီးရင်းနှီးလာရတဲ့ မမ၀ါ ၊ ရွာသားလေး ၊ ပိုးပိုး ၊ ထောထော ၊ ဗစ်စတာ ၊ ကိုစတိ ၊ ဆင်ဆင် တို့ကိုလည်း ငယ်ကပေါင်းသင်းခဲ့ရတဲ့ သူငယ်ချင်းအရင်းတမျှ ခင်ကြောင်းဒီပို့စ်လေးဖြင့် ထပ်လောင်းပြောကြားလိုက်ပါတယ် ။ နောက်နောင်မှာလည်း အပြောအဆိုမှားယွင်းမှုများ ရှိခဲ့လျှင် ခွင့်လွှတ်ပေးပါရန် ကြိုတင်ပြီးတောင်းဆိုထားပါရစေ...ဟိဟိ ။

နောက်ဆုံးကျေးဇူးတင်စကားပြောကြားချင်တာကတော့ သစ်သစ်ကို ဟိုး၂၀၀၈ အောက်တိုဘာလောက်ကစပြီး ယိမ်းယိုင်လာတဲ့ကမ္ဘာ့စီးပွားရေးပျက်ကပ်ကြားမှာ ဘာကဘယ်လိုလုပ်သင့်တယ် ဘာကိုလုပ်ထားရင်မကောင်းဘူးလားဆိုပြီး သူဖြစ်ချင်တာကို ချမပြပဲ သွယ်ဝိုက်စွာလမ်းကြောင်းပေးတတ်တဲ့ သစ်အစ်ကိုအရင်းတမျှ အားကိုးရတဲ့ သစ်အစ်ကိုပါပဲ...။ အလုပ်ပြုတ်တော့ ခေတ်မှီသွားပြီဆိုပြီး ပျော်စရာများနဲ့ပြောတတ်ခဲ့သူပါ ။ အလုပ်ပြန်ရှာနေချိန် အလုပ်ပြန်ရချိန်မှာ သစ်သစ်နဲ့အတူ ထပ်တူလိုက်ခံစားပေးတာလည်း ဒီအစ်ကိုပါပဲ..။ လူတစ်ယောက်ဟာ ကိုယ့်အပေါ်ကောင်းတယ် မကောင်းဘူးဆိုတာ ယေဘူယျဆုံးဖြတ်လို့မရပါဘူး အချိန်ဟာသိပ်ကိုစကားပြောပါတယ် ။ အချိန်တစ်ခုအတွင်းကိုယ်နဲ့ထပ်တူ လိုက်ပါခံစားပေးနေကြတာ ကိုယ့်အပေါ်တကယ် သူတို့စိတ်ရှိလို့ပါ ။ ဒီလောက်ရုန်းကန်နေရတဲ့ လောကကြီးမှာ သူများအတွက်လိုက်စဉ်းစားပေးတယ်ဆိုတာ တကယ်တော့မလွယ်ပါဘူး ။ နှုတ်အားဖြင့်စောင်မခြင်းသည် ဖီလင်ရှိနေတဲ့ ဝေဒနာသည်အပေါ် တကယ်ကိုအားဖြစ်စေပါတယ် ။ ဘာပဲဖြစ်ဖြစ် အခုအချိန်ထိ သစ်သစ်အပေါ်မှာ မပြောင်းလဲတဲ့မေတ္တာနဲ့ကူညီနေဆဲ အစ်ကို ကိုလည်းဒီနေရာကနေ ကျေးဇူးတင်ကြောင်းပြောလိုပါတယ် ။ နောင်ရင်းနှီးခွင့်ရှိတဲ့အချိန်ထိ လိုအပ်တာမှန်သမျှ အမြင်မတော်တာမှန်သမျှကို အရင်လိုပဲ ဆုံးမပေးပါဦးလို့ ထပ်မံတောင်းဆိုလိုက်ပါတယ် အစ်ကို ...။

မမြင်ဘူးတဲ့ မေတ္တာတွေကြားမှာ ပျော်နေပြီဖြစ်တဲ့ သစ်သစ်တစ်ယောက် ဒီလအကုန်မှာ အစ်မအရင်းသဖွယ် ချစ်ခင်ရတဲ့ မမ၀ါကိုဆုံတွေ့ခွင့်ရပါတော့မယ် ။ ဒါပထမဆုံးစမြင်ဘူးပြီး တွေ့ခွင့်ရမယ့် အစ်မပါ ။ စလုံးကိုလာဖို့ မမကိုယ်တိုင် စိတ်လှုပ်ရှားနေသလို မမကိုတွှေချင်တဲ့ ဒီကမောင်နှမများကလည်း မမတို့မိသားစုကို နွေးထွေးစွာကြိုဆိုနေပါတယ်လို့ ဒီပို့စ်လေးနဲ့ ပြောကြားလိုက်ပါရစေနော် မမမောင် ။ အားလုံးပဲ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ။


ခေါင်းစဉ်တပ်ရင် ပေါ့သွားမှာစိုးလို့ တကယ်ကိုလေးနက်တဲ့ခေါင်းစဉ်ရှာမရခဲ့ပါဘူး ဒါကြောင့် ခေါင်းစဉ်မဲ့လို့ပဲ တပ်လိုက်ပါရစေနော်..။

10 comments:

  1. သစ်ရေ အပေါင်းအသင်းနည်းတဲ့ တို့ အတွက်တော့ သစ်က ကိုယ့်မိတ်ဆွေတယောက်ပါပဲကွယ် ခုလို ပိုစ့်လေးနဲ့ ပြောထားတော့ ပိုပြီးဝမ်းသာကြည်နူးမိတယ် (တခါတလေ သစ်အပေါ်အနိုင်ယူတာတွေကိုလည်း မသိနားမလည်တဲ့ နတ်သမီးလေးလို့ သဘောထားပြီး ဗွေမယူပါနဲ့ ကွယ်)

    ReplyDelete
  2. ညီမလေးသစ်သစ်..
    ညီမလေး ဒုတိယအကြိမ် မမကိုဆက်သွယ်လာတော့ နာမည်မတူပေမယ့်
    မမ မှတ်မိနေခဲ့တယ်နော်.. ထူးထူးခြားခြား ညီမလေးက မမကို မမမောင်
    လို့ ခေါ်တတ်လို့လေ။း)
    ညီမလေးကို မမခင်ပါတယ်..ကိုယ့်ညီမလေးတစ်ယောက်လို သဘောထား
    ပြီး ပေးသင့်တဲ့ အကြံတွေပေးခဲ့မိတယ်..ဆုံးဖြတ်တာကတော့ ညီမလေး
    သဘောပေါ့နော်..း))မမမှ တားလို့မရတာ.. :D

    ညီမလေးတို့နဲ့တွေ့ရမှာမို့ မမလည်း ၀မ်းသာပျော်ရွှင်နေမိတယ် တကယ်.
    ချစ်ခင်စရာ မောင်နှမတွေ အများကြီးရှိနေကြတဲ့ စင်္ကာပူကို မထင်မှတ်ပဲ
    အလည်သွားရမှာမို့ တကယ်ပျော်နေမိတာ. နီးလာပြီနော် ဘာလိုလိုနဲ့.း)

    ပျော်ရွှင်ပါစေ ညီမလေးရေ.
    မမလည်း စိတ်ကူးထားတဲ့ ပို့စ်လေးတစ်ခုရေးဦးမယ်.

    မမ၀ါ (သို့) မမမောင်

    ReplyDelete
  3. မမသစ်သစ်.... ဟုတ်တယ်... ပျော်စရာရှိရင်လိုက်ပျော်... စိတ်ညစ်နေချိန်မှာလဲ ပျော်စရာစကားလေးတွေနဲ့ အားပေးကြတဲ့ သူငယ်ချင်းတွေ အရမ်းလိုအပ်တယ်..နော်..။

    ReplyDelete
  4. တစ်စုံတစ်ယောက် ကျန်ခဲ့သလို
    ဟာတာတာဖြစ်နေတယ်

    ReplyDelete
  5. တို.ကလည်း ငယ်ပေါင်းတွေလိုချစ်ပါတယ်ကွယ် အဲဌယ် ... ဟိဟိ

    ReplyDelete
  6. သစ် အဲဒီအကြောင်းတွေ ခုမှ သိတော့တယ်

    ReplyDelete
  7. ဒီမှာ ဟော်လန်ဘီယာလေးနဲ့ နန်ကင်လေးနဲ့ ငြိမ့်နေတုန်းသစ်သစ် ရေးထားတာတွေကို ဖတ်လိုက်တော့ ကျေးဇူးတင်လွှာလား၊ နှုတ်ဆက်လွှာလားဆိုတာ ဝေးခွဲရနဲနဲခက်နေတယ်။ မနက်မှတခေါက်ပြန်ဖတ်ဦးမယ်။

    အဲဒီအစ်ကို ဆိုသူကလဲ ကိုယ်တို့ တတွေလို ပဲလား။ ကောင်းလိုက်တာ။ သူတော်ကောင်းနတ်ကောင်းမတဲ့။

    သစ်သစ်ဘော်ဒါကြီးမောင်ဝေးကိုရောစာရင်းထဲမထည့်တော့ဘူးလား။

    ReplyDelete
  8. မမသစ်သစ်ရေ မမဝါဆီ မြင်ဖူးနေတာတော့ ကြာပါဘီ။ မေလေးစိတ်ထဲ စာလာဖတ်သူဘဲ ထင်နေတာလေ ဘလော့ရေးမှန်းမသိဘူး။
    မမရေ စိတ်ဓါတ်မကျအောင် အမြဲအားပေးတတ်တာ ဘလော့ကာမောင်နှမတွေရဲ့ ချစ်စရာအကျင့်လေးပါဘဲ။
    မမရေ တလက်စထဲ ဖိတ်ခဲ့ပါရစေ။စနေနေ့ကျရင် မေလေးတို့ တွေ့ဆုံပွဲလေးရှိပါတယ်။ မမလာခဲ့စေချင်ပါတယ်။ဟောင်ကမ်းမှာပါ။ မမရောင်တို့ အိမ်မှာလေ။ မေဇင်ဘလော့ထဲမှာ အသေးစိတ်သွားဖတ်နိုင်ပါတယ်မမ။ ဒါမှမဟုတ်မေလေးဆီ မမမေးလ်လိပ်စာလေး လာပြောမယ်ဆိုရင်လဲ ပိုကောင်းပါတယ်မမ။
    ပျော်ရွှင်ပါစေ။

    ReplyDelete
  9. ဘဏ်လေး ကွန့်မန့် ဒီတစ်ခါ အတိုဆုံးပဲ....
    မမမောင်ရေ အပြင်မှာတွေ့မှပဲ ဒုတ်နဲ့ထရိုက်တော့..ဟိ...
    ဟုတ်တယ်လေ မေဇင်တို့လို ချစ်စရာကောင်းတဲ့ ညီမလေးတွေ လိုတာပေါ့....
    ရွာသားရယ် သေချာဖတ်ပါဟ ကုန်ပြီလေ......
    ချစ်ဗစ်နော် အခုမှ ဟွန့်.....
    အသိနောက်ကျလေခြင်း ဒေါ်ရီတာ.......
    ကျေးဇူးတင်လွှာလေ စတိရယ် မောင်ဝေးကိုလည်း သတိရလျှက်ပါ အဲငှယ်...
    ထင်းထင်း ညီမလေး သတိတရဖိတ်လို့ ကျေးဇူးနော်......

    ReplyDelete
  10. ဟယ် သစ်က ကွန်မန့် တိုတယ်တဲ့ (သစ်ရယ် တကယ်တော့ ဖတ်ရင်း ၀မ်းသာလွန်းလို့  မျက်ရည်ဝိုင်းပြီး ဆက်မရေးနိုင်တော့လို့ ပါကွယ်)

    ReplyDelete