Monday, August 31, 2009

တိုးထွက်လာတဲ့ ခံစားမှု

ခြောက်သွေ့နေတဲ့ ကိုယ့်ဘ၀ထဲ ခဏအလည်ရောက်နေတဲ့ သူအတွက် ရည်ရွယ်ပါတယ် ။ ရယူလိုခြင်းတစ်ခု အတွက် ခင်တွယ်နေရင် တဖက်ကအရမ်းခံစားရတတ်တယ်လို့ ပြောခဲ့တာကိုသတိရမိလို့ ဒီညဒီသီချင်းလေး တင်ဖြစ်သွားတယ် ....။ မြိုသိပ်ထားတာလည်း ကြာပါပြီ ကိုယ့်ရဲ့ရင်ခုန်သံတွေကို ချမပြတော့တာ ကြာပါပြီ ။ စိတ်အနှောင့်အယှက် ဖြစ်မှာစိုးသလို ရောက်၇ှိနေတဲ့ အနေအထားလေး ဆုံးရှုံးသွားမှာ ကိုယ်ကြောက်တယ် ။ တစ်နေ့ဆိုတာ မရှိတဲ့ ဒီမျှော်လင့်ချက်တွေ ပျက်စီးပျောက်ဆုံးသွားစေဖို့ ကိုယ်မျှော်လင့်နေမိပြီ ချစ်သူ ။

အားနည်းချက်တွေပြည့်နေတဲ့ ကိုယ့်ကို သံယောဇဉ်ဒီလောက်ရှိပေးတာကပဲ ဘုရားပေးတဲ့ ဆုတစ်ဆုလို့ မှတ်လိုက်ပါတယ် ။ ကျန်းမာပါစေ ပျော်ရွှင်ပါစေ ။ လိုချင်တဲ့နေရာကို အခက်အခဲ အနည်းငယ်နဲ့ အမြန်ဆုံးပိုင်ဆိုင်နိုင်ပါစေလို့ ကိုယ်ဆုတောင်းပေးလိုက်ပါတယ် ။ ဘာလုပ်လုပ်အောင်မြင်မယ်ဆိုတာ ကိုယ်သိသလို ကိုယ်နောက်ကွယ်ကနေပဲ မင်းရဲ့အောင်မြင်မှုတွေကို ဝေမျှပါရစေတော့နော်.....။


2 comments:

  1. သီချင်းလေးခံစားသွားပါတယ်ခင်ဗျာ

    ReplyDelete
  2. ခြောက်သွေ့ တဲ့ ကိုယ့်ဘ၀လေးထဲ ၀င်လာခဲ့တဲ့ ကြင်နာသူအတွက် ကျေးဇူးတင်တယ်
    မင်းလေး မင်းလေးရဲ့  မေတ္တာတွေ ကိုယ့် ရင်ထဲမှာ အေးလိုက် နွေးလိုက်နဲ့  (ကော်ဖီသောက်လိုက် ပက်စီသောက်လိုက်)
    အချစ်လေးရေ ဝေးရအောင်လို့  မင်း မရက်စက်ပါနဲ့ ကွယ်
    (မှတ်ချက် -သီချင်းလို သံဇဉ်လေးထည့်ဆိုပါရန်)
    နောက်မှ သီချင်းတပုဒ်လုံး အစအဆုံး ဆိုပြမည် (မျှော့်)

    တေးသံရှင် အသစ်

    ReplyDelete