Sunday, January 31, 2010

ကုန်ပေါက်




၁နှစ်တာလုံး နေချင်သလိုနေ စားချင်သလိုစားပြီး သစ်သစ်စိတ်ကြိုက် သောင်းကျန်းပြီးသကာလမှာ ၂၅နှစ်လုံးလုံးအမြီးမလှုပ်ဝံ့တဲ့ ရင်ခွင်ထဲကိုခဏတာ ပြန်လည်တိုးဝင်ပါတော့မယ် ။ ရင်လည်းခုန်ရသလို ကြောက်လည်းကြောက်လာပါတယ် ။ ဘယ်လိုစက်သေနတ်ဒဏ်တွေ ခံရမယ်ဆိုတာ မှန်းဆလို့မရတော့ တတ်နိုင်သလောက်တော့ ကျည်ကာလေးတွေဝတ်သွားပါမယ် ။ ၂ပတ်တာမျှ အနေချောင်ဖို့အတွက် ချမ်းသာသလောက်လေးး ၀ယ်ယူစုဆောင်းပြီး ကပ်ဖားရပ်ဖားလုပ်ရတော့မယ်လေ ။ ဒါကြောင့်၂ရက်စလုံး မနားတမ်းခြေတိုအောင်တန်မယ်ထင်တာလေးတွေ လိုက်ရှာပြီးသကာလမှ အတော်အတန်ဖူလုံသွားပါတယ် ။ ဘဏ်ကတ်ထဲက ငွေကြေးအချို့ကလည်း ပျော်ရွှင်ခုန်ပေါက်ပြီး ပိုင်ရှင်အသစ်လက်ထဲကို ထိုးဆင်းသွားပါတယ် ။ ဟူးးးးးးး ဒီလောက်ဆိုရင်တော့လည်း သစ်သစ်တစ်ယောက် အိမ်ပေါ်အတက်ကောင်းလောက်ပြီ ထင်ပါတယ် ။ ဘာယူမလဲ မေးလိုက်တိုင်း ခေါင်းခါလေ့ရှိတဲ့ ချစ်ဖေ နဲ့ ချစ်မေ အခြားသောမိသားစုဝင်များ သစ်သစ်ကိုမြင်လိုက်စဉ်တွင် မူးမိုက်လဲမကျစေရန်လည်း တော်ရုံသင့်ရုံ ၀တ်စုံများလည်း အဆင်သင့်ရွေးချယ်ပြီး ဖြစ်ကြောင်း အိမ်ပေါက်ဝတံခါးကို ချဲ့ထားရန်ကြိုတင်ပြောမထားသဖြင့် အပြစ်မဖြစ်စေရန် စောင်းပြီးဝင်ရန်အစီအစဉ် ရှိပါကြောင်း ပြောကြားရင်း ဒီလကုန်ပေါက်အစီအစဉ်ကို ဒီတင်ပဲရပ်နားလိုက်ပါရစေရှင်..... ။

ဆက်ဖတ်ချင်သေးရင်...

Thursday, January 28, 2010

ဖြေလျော့စိတ်

နာကျင်ခြင်း ၊ ၀မ်းနည်းခြင်း ၊ ဆုံးရှုံးခြင်း ၊ စိတ်ဆိုးခြင်း စတဲ့ခံစားမှုတွေ ပေါင်းဆုံပြီးခံစားရတယ်ဆိုရင် ခံနိုင်ရည်ရှိပါ့မလား ။ တစ်သီးတစ်ခြားစီ ဘာမှမဆိုင်သလိုနေရမဲ့အရေးကို ပူပန်ပြီးတော့ ဒီအချိန်ထိ ရှေ့ဆက်တိုးနေတာကို လူမိုက်လို့ခေါ်နိုင်မလား ။ ပြန်မလာတော့ဘူးဆိုပြီး အကြိမ်ကြိမ်အနားက ထွက်ခွာဖို့ကြိုးစားလေ အနီးဆုံးကိုပြန်ရောက်လေ ဖြစ်နေရင်ရော ဘာတွေပြောကြဦးမှာလဲ ...။ ဘာလဲ ကိုယ်ကရော ဘယ်နေရာမှာ ဘယ်လိုပုံစံမျိုးနဲ့ တည်ရှိနေတာလဲ ၀မ်းနည်းစိတ်မကောင်းဖြစ်တာကလွဲလို့ ငါကရောဘာလုပ်လို့ရမှာလဲ ...... ။

သံယောဇဉ်ဆိုတာ စမိသူရဲ့အပြစ်လား သိုမှီးသူရဲ့အပြစ်လား သေချာတွေ လူတွေကငါ့ကိုပြောကြတော့မယ် မိုက်လိုက်တာလို့ တသက်မှာတစ်ခါပဲ မိုက်မဲခွင့်ပေးပါ ။ ဆုံမှတ်မရှိတဲ့လမ်းကြောင်းပေါ်မှာ လွင့်မျောနေသလိုပဲ ပန်းတိုင်မရှိတာကို သိလျက်နဲ့ ချီတက်နေတာဆိုရင် ငါစားသုံးနေတဲ့အချိန်တွေက ငါ့ကိုကျေနပ်ပါ့မလား ။ အားနည်းချက်များစွာနဲ့ ရပ်တည်နေလို့ သနားပြီးဆက်ဆံနေတာ ဆိုရင်တော့ ဆောရီးပါ ကိုယ့်လူ ။ ပြတ်တောက်ဖို့ခက်တာသိပေမယ့် နာကျင်နွမ်းလျနေပြီဖြစ်တဲ့ ငါ့နှလုံးသားကို အနားယူခွင့်လေးတော့ပေးမှ ဖြစ်မယ်ထင်တယ် ။ ငါ့ကိုခွင့်ပေးပါ ငါ့ရင်တွေပင်ပန်းလွန်းတာကို ငါမကြည့်ရက်တော့ဘူး ။

ကျောခိုင်းမယ်စိတ်ကူးပြီး မင်းအနားပဲ ရစ်သီနေမိတာ ၁၀၁ကြိမ်ကျော်ပြီထင်တယ် ။ တိတ်တိတ်လေးပဲ ထွက်ခွာပြီးတော့လည်း ကြိုးစားဖူးတယ် အချည်းနှီးပါပဲ ။ ဘာတွေဖြစ်နေတာတုန်း ညီမလေးရယ်....ဆိုတာနဲ့ကို ပုံကျပြိုလဲတတ်တဲ့ ငါ့ကိုယ်ငါမုန်းချင်လာမိပြီ ။ အသံတိတ်နေပြီဆိုတာနဲ့ကို စိုးရိမ်စိတ်ပူတတ်တဲ့ ငါကလည်းတော်တော်တရားလွန်ပါတယ်လေ ကိုယ့်ရဲ့အပြုအမူဟာ တစ်ဖက်လူအနှောင့်အယှက်ဖြစ်နေလိမ့်မယ်လို့ စဉ်းစားမိပေမယ့် လက်တွေ့မှာဘယ်လိုမှ ကိုယ့်စိတ်ကိုမထိန်းချုပ်နိုင်တာ တစ်ကိုယ်တည်းအေးအေးလေးနေချင်သူအတွက်တော့ တော်တော့်ကိုသီးခံရမှာပဲလို့ တစ်ခါတစ်လေ ဖြည့်တွေးပေးတတ်သေးတယ်ဆိုရင်ရော ယုံမယ်မထင်ပါဘူး ။

အချို့သောအချစ်ရဲ့ အကြောင်းအရာတွေက ဖွင့်ချလို့မရလောက်အောင် မွတ်သိပ်ပြင်းထန်လွန်းတယ် ကိုယ့်လူ ...။ ကိုယ့်စိတ်ကိုပြောင်းလဲရင်း ရပ်တည်ဖို့ကြိုးစားနေရင်း ကနေဘက်ဂီယာပြန်ပြန်ထိုးနေတတ်တဲ့ ကိုယ်လိုမောင်းနှင်သူကို ဘယ်သူမှလာမဆုံးမကြပါနဲ့တော့ ။ ဆေးမရှိတဲ့ရောဂါတစ်ခုလို ကျေကျေနပ်နပ်ကြီး ထွေးပွေ့ထားနေဦးမှာ သေချာပါတယ် ။ ပေါက်ကွဲသံစဉ်ရယ်လို့ မဆိုပေမယ့် ချရေးလို့ရတဲ့ နေရာလေးတစ်ခု ဖန်ဆင်းပေးထားလို့ ကျေးဇူးအလိုလိုတင်နေဦးမှာပါ ။ ကျန်းမာပျော်ရွှင်စွာ နေ့ရက်တွေကိုဖြတ်သန်းရင်း ငါဆိုတဲ့ပေတိပေကြောင် မလောက်လေးမလောက်စားကို အာရုံထဲကထုတ်ပလိုက်ပါလို့ မတောင်းဆိုပဲနဲ့ကို ပျောက်ကွယ်နေမှာ အလိုလိုသိနေတယ်ဆိုရင်ရော ငြင်းနေဦးမှာလား ကိုယ့်လူ.....။

ဆက်ဖတ်ချင်သေးရင်...

Wednesday, January 27, 2010

နှစ်ယောက်တစ်အိပ်မက်



ဘာတွေလဲ ဘာတွေဖြစ်နေတာလဲ... နားမလည်တော့ဘူးးးးးးးးးးးးးးးး

ဆက်ဖတ်ချင်သေးရင်...

Wednesday, January 20, 2010

သနားစရာ



သနားစရာ သစ်သစ်ပါ အရှင်လတ်လတ်ကနေ အဲဒါတွေ သောက် စား ပြီး ဆရာဝန်ရဲ့ဆုံးမမှူအောက်ကို ရောက်သွားပါတယ် ။ ဒီဆေးတွေသောက်ပြီးသကာလ အိပ်ယာထက်တွင် ဆန့်ဆန့်ကြီးအနားယူနေရပါတယ် ။ သြော် ဘွ ဘွ....တစ်ကိုယ်တည်းကျတော့လည်း မြူစွမ်စွပ်လေးတောင် ကတုန်ကရင်ထချက်နေရတယ်..... ဟင့် ။ ဒါတောင် ကြက်မဲမဟုတ်လို့တဲ့ အပြောခံရသေးတယ် အသားမဲမှာစိုးလို့ အားမရှိရင်နေ ဘယ်တော့မှကြက်မဲစွပ် မသောက်ဝူးးးးးးးး ။

ဆက်ဖတ်ချင်သေးရင်...

Monday, January 18, 2010

လွမ်းနေတယ်

I really miss u.................

ဆက်ဖတ်ချင်သေးရင်...

လက်ဆောင်

နောက်လပြန်မှာဆိုတော့ ကြိုပေးတဲ့သဘောပေါ့နော်...။ ဘာပဲဖြစ်ဖြစ် ကျေးဇူးတကယ်တင်ပါတယ် ။ စိတ်ရှည်လက်ရှည် လိုက်ကူညီတဲ့သူတွေရောပဲ ကျေးဇူးတင်ပါတယ် ။ ဒီလိုသူများကို ကူညီလို့အပျိုကြီးဘ၀က မြန်မြန်ကျွတ်ပါစေလို့လည်း ဖြည့်စွက်ဆုတောင်းပေးလိုက်တယ်နော်...။














ဆက်ဖတ်ချင်သေးရင်...

Wednesday, January 13, 2010

ငယ်ဘဝ

ဒီနေ့ သစ်သစ်ငယ်စဉ်က အကြောင်းတွေထိုင်ရေးလိုက်ပါ ဦးမယ် ။ သစ်သစ်ငယ်ငယ်က ဆိုးတယ်ပြောမလား ကောင်းတယ်ပြောမလားတော့မသိဘူး အကြံကတော့ကြီးတယ်ဆိုပဲ အမေ့မှတ်ချက်ပေါ့ ။ သစ်သစ်ဘလော့လေးကို အစဉ်တစိုက်ဖတ်လာတဲ့ သူဆိုရင် သစ်သစ်အစ်ကို အစ်မတွေနဲ့ အရွယ်တော်တော်ကွာပြီးမှ လူဖြစ်လာတာကို သိကြမှာပါ ။ တပ်ထဲမှာနေခဲ့တဲ့ဘ၀တွေကို မသိတော့ပေမယ့် အရပ်ထဲကိုရောက်ပြီး ရပ်ကွက်ထဲမှာ ကဲခဲ့တာတွေတော့အားလုံးမှတ်မိနေပါသေးတယ် ။

သစ်သစ်ငယ်ငယ်က ထမင်း ဟင်းချက် ရောင်းတမ်းဆော့တာ သိပ်ဝါသနာပါတယ် ။ အိုးလေးတွေမှာ သဲထည့်ရေထည့် ထမင်းလုပ် အရွက်တွေလှီး ဟင်းတွေချက် ဆား အချိုမှုန့်ကို အမေမသိအောင် အိမ်နောက်ဖေးကတက်ခိုး တခါတလေဆို ဆီတောင်ပါသေးတယ် ... ဟိ ။ သစ်သစ်ငယ်ငယ်ကတော့ အိမ်က ဒရိုင်ဘာ စပယ်ယာတွေနဲ့ ဆော့ရပါတယ် ။ အိမ်မှာက ရန်ကုန်မထသလိုင်းကားလေးတွေ ထောင်ထားတော့ ဘယ်သူမှမရှိရင်တောင် သူတို့ရှိပါတယ် ။ သစ်သစ်ကဆိုင်ဖွင့် သူတို့ကိုရောင်းတယ်လေ ။ အရေးအခင်းဖြစ်တုန်းကဆို အိမ်အောက်တွေမှာ ကျင်းတွေတူးကြတယ်လေ သစ်သစ်က အဲ့ဒီကျင်းထဲမှာ အရွက်တွေနဲ့ဆော့ ရှယ်ပဲ...။ နောက် ၃တန်းလောက်ရောက်လာတော့ နည်းနည်းတိုးတက်လာတယ် အမေလစ်ရင် သူများအိမ်တွေမှာ သွားဆော့တယ် ။ ထမင်းမေ့ဟင်းမေ့လေ အမေက သစ်သစ်ရေ သစ်သစ်ရေ ဆိုပြီး လိုက်ခေါ် ကြားတဲ့နေရာကနေ ရှင်...လာပါပြီလို့ ပြန်အော်ပြီး လူကဘယ်တော့မှ ပြန်မလာဘူးတဲ့ ။ အိမ်မှာဘာချက်ချက်သူများအိမ်ကဟင်းပဲ စားချင်တယ်တဲ့ ဟိုအိမ်မှာဘာချက်တယ် ဒီအိမ်မှာဘာချက်တယ်နဲ့ ဂျီးလည်းများပါတယ်တဲ့ ။

နောက်၅တန်းလောက်ကျတော့ သစ်သစ်ကအဆင့်တက်လာတယ်လေ အိမ်နားမှာရှိတဲ့ကလေးမှန်သမျှကို ထိန်းတာလေ လိုက်ကိုထိန်းတာ ထိန်းပါရစေဆိုပြီးတော့ပေါ့ ။ စာတောင်မကျက်နိုင်လောက်အောင် လိုက်ထိန်းတာလေ အမေကအရမ်းဆူတာတော့ မှတ်မိတယ် သူများကလေး ကျိုးပဲ့ရင် ငါပြန်မမွေးပေးနိုင်ဘူး နင်ပဲလိုက်သွားဆိုပြီးတော့ ပြောတတ်တယ် ။ ၆တန်း ၇တန်းလောက်ရောက်တော့ ပဲများလာပြီလေ သစ်သစ်ကိုကြိုပို့ဖို့အမေခေါ်ထားတဲ့ ချင်းအမျိုးသားဒရိုင်ဘာကြီးကတော့ ပင်တိုင်ပေါ့ သစ်သစ်ကာရာအိုကေနဲ့ဆိုသမျှကို ထိုင်ကြည့်ရတာလေ ။ ဘယ်တော့မှထိုင်မဆိုပါဘူး ခုံတွေကိုဆင့်အဖေ့ပုဆိုးခင်း မိုက်ကိုကိုင်ပြီး ပိုးဒါလီသိန်းတန်သီချင်းတွေ ဆိုတာမှတ်မိသေးတယ် ။ ကားနားတဲ့အချိန်ဆို အခွင့်ကောင်းယူတာပေါ့ ပရိသတ်များတယ်လေ လည်ချောင်းနာအောင်ကို ဆိုတာလေ ကားပိုင်ရှင်သမီးဆိုတော့လည်း ဟုတ်ဟုတ်မဟုတ်ဟုတ် လက်ခုပ်တွေတီးရတာပေါ့လေ ... ရှက်ထှာ ။

နောက် ၈တန်းလောက်ရောက်တော့ အိမ်ကကားတွေက သံတောင်ကလိုင်ချီးသီးတွေကို ရန်ကုန်ကိုတိုက်ရိုက်အသယ်အပို့လုပ်တော့ သစ်သစ်ကကားနောက်အဖုံးဖွင့်ပြီး လိုင်ချီးသီးကိုလည်း စပယ်ယာတွေနဲ့အတူတူအော်ရောင်းတတ်ပါသေးတယ် ။ သစ်အမဆို ရှက်လွန်းလို့တခါမှဝင်မရောင်းဘူး ။ သစ်သစ်ကအထုတ်ထဲက ကြီးတာလေးဆိုအော်လည်းအော် ဖြုတ်လည်းဖြုတ် ပါးစပ်ထဲလဲထည့်ပေါ့လေ စားလိုက်သောက်လိုက်ရောင်းလိုက်ပေါ့ ။ ညရောက်ရင်အိပ်လိုက်တာဆိုတာ အစ်ကိုတွေကပြောတယ် ငါ့ညီမကမိုးလင်းပေါက်ကားမောင်းလာတဲ့ အစ်ကိုတွေထက်တောင် ပင်ပန်းသေးတာတဲ့ ။ လိုင်းကားလုပ်တော့သိတဲ့အတိုင်းပဲ ကားဝပ်ရှော့နဲ့မကင်းဘူးလေ အမေက၀ပ်ရှော့သွားရင် ထမင်းချိုင့်တွေနဲ့ သစ်သစ်ကိုပါခေါ်သွားတယ် ။ ဟိုလိုလုပ်ပါလား ဒီလိုလုပ်ပါလား ငါလည်းမလုပ်တတ်ဘူးက ပြောသလားမမေးနဲ့ ။

အပျော်ဆုံးအချိန်က ကျူရှင်သွားတဲ့အချိန်ပဲ လွယ်အိတ်ကိုနောက်ပစ်ပြီး ရပ်ကွက်အထဲကိုဝင်ပြီး သွားလိုက်တာ တလမ်းလုံးတုတ်တစ်ချောင်းနဲ့ သြဇာသီးအစေ့လိုက်ကောက်တာလေ ။ ဆရာမဆီရောက်ရင် ဘယ်လောက်ရလဲ ရေတွက်ရတာအမော ...။ ဗီဒီယိုရုံတွေက ရဲကိုကို လင်းဇာနည်ဇော်ကား ဆိုမှတ်လာတယ် တပတ်တကြိမ်ကျောင်းပိတ်ရင် အမေကအခွေငှားခိုင်းတယ်လေ ဒီအပတ်ငှားမှာကိုလည်း အနီးအနားကသူငယ်ချင်းတွေ ကြိုပြောထားတာ ပြမဲ့နေ့ဆိုအခွေငှားဖို့အိမ်ကထွက်ကတည်းက ၀င်ခေါ်တာလေ လာကြည့်ဖို့ကို အများကြီးနဲ့ကြည့် နေကြာစေ့တွေစား ဇီးထုတ်တွေစား သူတို့ပြန်တော့ သစ်သစ်ကအမှိုက်တွေလှည်းရတာလည်း မှတ်မိသေးတယ် ။ ငယ်ဘ၀တစ်စိတ်တစ်ဒေသလေးတွေ ချရေးလိုက်တာဘာပဲဖြစ်ဖြစ် ညစ်နေတာလေးတွေ လစ်သွားတယ် ။ နောက်များမှထပ်ပြီး ဆက်ရေးဦးမယ်နော် ။

ဆက်ဖတ်ချင်သေးရင်...

Sunday, January 10, 2010

ညစ်နေရင်အဲလိုလုပ်တတ်တယ်


အိမ်ကအစ်မချက်ကျွေးတဲ့မလေးစာဆိုပဲ


စားပြန်ပြီ ယောင်တို့ဖူးနောက်စတိုင်

ပိတ်ရက်ပျင်းလို့ ဘူဖေးသွားစားတဲ့ပုံတွေ ရိုက်နိုင်သလောက်လေးရိုက်လာတာ စားလိုက်ရိုက်လိုက်ဆို အာရုံနောက်လို့ နည်းနည်းပဲရိုက်လာတယ် ။

အချိုပွဲ ဒူးရင်းသီး

အသီးတွေ ကိတ်မုန့်တွေ








ဒီပိတ်ရက်ကိုဘယ်မှမသွားပဲ အိမ်မှာစားလိုက်သောက်လိုက်နေရာကနေ ပျင်းတာနဲ့သူငယ်ချင်းတစ်ယောက်ကို ဘူဖေးသွားစားရအောင်ဆိုတော့ သွားကြမယ်တဲ့ အင်တာနက်ကနေ သက်သာမယ်ထင်တဲ့ဆိုင်ရှာတော့ ချိုင်းနားတောင်းနားက ဟော်တယ်တစ်ခုမှာ ၂ယောက်စားရင် ၉၀ဆိုတဲ့ ဆိုင်ကိုချီတက်ပြီးဝါးလိုက်ကြတယ် ။ ပြန်လာတော့ဗိုက်ကိုခွေးနမ်းပြီး ရထားတောင်မစီးကြဘူး တက်ဆီလေးနဲ့ပြန်လာကြတယ် ။ အိမ်ရောက်တော့ အိပ်လိုက်တာည၈နာရီလောက်မှနိုးတယ် ။ တခါတလေစိတ်ညစ်ရင် ဘာမှမစဉ်းစားပဲ လုပ်ချင်တာလုပ်လိုက်ရတာကလည်း အရသာတစ်မျိုးပါပဲလေ ...။

ဆက်ဖတ်ချင်သေးရင်...

Saturday, January 9, 2010

နာရီလေး




ဒီနာရီလေးက သစ်သစ်ကျောင်းပြီးလို့ အလုပ်ဝင်တော့မယ်ဆိုတော့ သစ်သစ်အဖေက မှတ်မှတ်ရရ ချယ်ရီဦးနာရီဆိုင်ကနေ သွားဝယ်ပေးခဲ့တာပါ ။ Alexandre Christie ဆိုတဲ့ တံဆိပ်လေးကို ဖေကစိတ်တိုင်းကျသူကိုယ်တိုင် ရွေးချယ်ပြီး ၃သောင်း၈ထောင်နဲ့ ၀ယ်ပေးခဲ့ပါတယ် ။ သစ်သစ်ကနာရီဆိုရင် ငွေရောင်လေးတွေကြိုက်ပါတယ် ။ ကိုယ်ကအသားမည်းတော့ ရွှေရောင်နဲ့ဆို မိုးကြိုးပစ်မှာစိုးလို့ပါ ။ ဒီလိုနဲ့ပဲ နာရီတစ်လုံးရခဲ့တယ် ဆိုပါတော့ ....။

၂၀၀၄ ဇန်န၀ါရီက ၀ယ်ပေးခဲ့တဲ့ ဒီနာရီလေးရဲ့သက်တမ်းဟာ ခုဆိုရင် ၆နှစ်ပြည့်လို့သွားခဲ့ပါပြီ ။ လက်မှာနာရီလေးတစ်လုံးတဲ့ ရိုးရှင်းစွာဝတ်တဲ့စတိုင်ကို သစ်သစ်အရမ်းကြိုက်ပါတယ် ။ နေ့စဉ်မှန်မကြည့်ဖြစ်ရင်တောင် သူ့ကိုကျတော့မကြည့်မဖြစ်လေ ။ စ၀ယ်ကတည်းက ခုထိလုံးဝရပ်နားခြင်းမရှိပဲ သူ့တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်နေတာကိုယ်က ချစ်စရာသိပ်ကောင်းနေပါပြီလေ ။ ဓါတ်ခဲလည်းခုထိမကုန်သေးပါဘူး ။ ဆိုင်လည်းတစ်ခါမှ မသွားရသေးလို့ ပိုချစ်တယ် ။ ၀ယ်ပေးတဲ့ ဖေကြီးရေ ကျေးဇူးနော်.... ဖားထားရမယ် ပြန်ခါနီးနေပြီ ဟိ ။

ဘယ်သွားသွားတိကျတဲ့အချိန်တွေနဲ့ အဖော်လုပ်ပေးတဲ့နာရီလေးကို သူ့လက်တံတွေမရပ်သမျှ ကာလပတ်လုံး ဘယ်လိုနာရီမျိုးနဲ့မှ အစားမထိုးနိုင်ပါဘူး ။ ဖေကြီးမေတ္တာတွေနဲ့ ထုံမွှမ်းထားတဲ့ဒီနာရီလေး အနားမှာရှိနေတာ အဖေအနားမှာလာနေပေးသလို ခံစားမိပါတယ် ။ ၆နှစ်ပြည့်နာရီလေးမွေးနေ့မှာ အမှတ်တရအနေနဲ့ ပို့စ်လေးတစ်ပုဒ်တင်ဖြစ်လိုက်ပါတယ် ။

ဆက်ဖတ်ချင်သေးရင်...

Thursday, January 7, 2010

ကိုယ့်ဂုဏ်ကိုယ်ဖော်

တစ်ခါတစ်လေ မထင်မှတ်တာတွေ ဖြစ်တတ်တယ် ။ တကယ်ကိုစိတ်ညစ်တယ် ညကတည်းကအခုထိ ဒီမျက်စိကိုတရေးသော်မျှ ပေးမအိပ်ရသေးဘူးဆိုရင် တော်တော်သနားဖို့ကောင်းနေပြီလေ ။ ခွဲထားတဲ့သစ်သစ်မျက်စိက သာမာန်သူတွေနဲ့သိပ်မတူဘူး တစ်ခါတစ်လေဆို ၀ါးပြီးမကြည်မလင်ဖြစ်နေတတ်တယ် ။ ညကမအိပ်ထားတော့ ဒီမနက်ကိုအလုပ်သွားနိုင်မယ်တောင် မထင်ခဲ့ဘူး ။ လန်းဆန်းစွာပဲရောက်လာတယ် ဆိုပါတော့ ...။

မနက်ပိုင်းတစ်ပိုင်းလုံး ပြသနာတွေရှင်းတာ မပြီးနိုင်ခဲ့ဘူး ။ နေ့တစ်ဝက်ခွင့်ယူပြီး ရှင်းမယ်ဆိုတော့လည်း တောင်ပုံယာပုံအလုပ်တွေနဲ့ ခွင့်ကအလွယ်တကူမရခဲ့ဘူး ။ ဒါနဲ့ထမင်းစားချိန် သူငယ်ချင်းကိုဖုန်းဆက်ပြီး အခြေအနေမေးတယ် မထူးခြားဘူး ။ အမေဆီဖုန်းဆက်လိုက်တယ် ပြောမယ်ကြံပြီးမှ ပြောမထွက်တော့ ၁၅မိနစ်လောက်ပြောပြီး ချလိုက်တယ် ။ နောက်ဆုံးတော့ စိတ်ပြေလက်ပျောက် ဆမ်ဘာဝမ်းကမြေးမလေးကို ဖုန်းဆက်ပြီး စကားတွေပြောမှ စိတ်နည်းနည်းပြေလာတယ် ။

ထမင်းစားချိန်ပြီးတော့ ဒါပဲစိတ်ထဲရောက်ရောက်နေလို့ အလုပ်မလုပ်ပဲ သွားနေကျစီဘောက်သွားပြီး ပေါက်ကရငါးဆယ် (လေးဆယ်ဆိုနဲနေမှာစိုးလို့) ပြောပလိုက်တယ် အေးရော.. ။ တချို့ပြသနာတွေက ဖြေရှင်းရတော်တော်ခက်ပါတယ် ။ အမှောင်လမ်းကအရာတွေကို ဖြေရှင်းရတာပိုဆိုးနေတတ်တယ် ။ မျက်နှာကပျားရည်လိုချိုမြနေပေမယ့် စိတ်ထဲမှာအကြိမ်ထောင်သောင်းမက သတ်ရတဲ့အချိန်မျိုးလည်း ရှိခဲ့တာပဲ ။ အကောင်းဆုံးသောအရာကို လုပ်နိုင်မယ်မျှော်လင့်တယ် ။ အချစ်ကိုလည်းအပူမတိုက်ချင်ဘူး လုပ်တုန်းကမသိသလို ဖြစ်လာမှအားကိုးရာမရှာချင်ဘူး ။ ကိုယ့်ဇာတ်ကိုယ်တော့နိုင်အောင် ဆက်ကရတော့မှာပေါ့ ။ ပွဲသိမ်းကောင်းအောင်တော့ သကာရည်တွေသုတ်လိမ်းရပေဦးမှာပေါ့လေ ။

ခေါင်းပေါ်မှာ မီးပုံကိုတင်ထားရပေမယ့် ဒီမီးကိုငြိမ်းအောင် ရေနဲ့လှမ်းပက်ရင်လည်း ရေတွေကမျက်နှာပေါ်စီးကျလာဦးမှာတော့ ကျိန်းသေပါပဲ ။ သစ်သစ်ကမလုပ်ရင်လည်း သေချာစဉ်းစားတတ်ပြီး ဖြစ်လာရင်လည်း နောင်တမရတတ်တာ ဘယ်လိုမကောင်းတဲ့အကျင့်ဆိုးမှန်းမသိဘူး ။ ကိုယ်တိုင်တောင် နားမလည်နိုင်တာ စာလာဖတ်တဲ့သူတွေကတော့ ဝေးရောပေါ့ ။ ဘာမဟုတ်တာကို ခေါင်းမာတတ်တဲ့ ကိုယ့်ကိုယ်ကိုလဲ အံ့သြမိပါတယ် ။ ထပ်ရေးလိုက်ပါပြီ မကောင်းတဲ့နောက်တစ်ချက်ပေါ့ ။ ရှောင်ရှားလော့......။

ဆက်ဖတ်ချင်သေးရင်...

Tuesday, January 5, 2010

ကောက်ကွေးစိန်

ပိတ်ထားတဲ့ ၃ရက်တော်တော်ကို အကျိုးရှိလိုက်တယ် ။ လုပ်ချင်သောအရာတစ်ခုကို ထဲထဲဝင်ဝင်စပြီး လုပ်ဖြစ်တယ် ။ အရှိန်လေးရသွားရင် သစ်သစ်ကဆက်လုပ်ချင်တဲ့ အကျင့်ရှိတယ်လေ ။ ဒီလိုနဲ့လုပ်ဖြစ်တော့မယ်ဆိုပါစို့ ။ ပိတ်ရက်ကိုချက်စားရမှာတောင် ပျင်းလို့ ဆီချက်ခေါက်ဆွဲလေးနဲ့ ထမင်းနဲ့စားလိုက် ဆီနဲ့ဆားနယ်ပြီးစားလိုက်နဲ့ ဘယ်လိုအချိန်ကုန်သွားလဲတောင် မသိဘူး ။

ပျင်းတယ်ဆိုရင်တောင် ပျင်းချိန်မရှိခဲ့ဘူးလေ ။ ၂၀၁၀ စပြီဆိုတော့ ဇရာအရရော အချိန်နောက်ကျနေပြီဆိုတဲ့အတွေးနဲ့ရော လုပ်ဖို့တေးထားတာ အားကြီးရှိနေတယ် ။ အရှိန်အဟုန်နဲ့မလုပ်ရင် သေချာတယ် ၂၀၀၉လိုပဲ ဖြစ်တော့မယ်ဆိုတာ ကိုယ့်ကိုယ်သိတယ် ။ ဒါတောင်တစ်ခုကို လုံးဝလုပ်ရတော့မယ်ဆိုတာ သိလျှက်နဲ့ခုထိ မစဖြစ်သေးတာ ရှိသေးတယ် ။ စာရေးဖို့ကတော့ သိတဲ့အတိုင်းပဲ အကြောင်းထူးကလည်း ကိုယ့်အတွက်သိပ်မရှိဘူးဆိုတော့ ငယ်စဉ်အကြောင်း ဒါမှမဟုတ်ကိုယ်ရင်ဆိုင်ခဲ့တဲ့အကြောင်းက လွဲရင် သိပ်ရေးစရာလည်းမရှိဘူးလေ ။ ဒီတော့ ၀မ်းစာဖြည့်ဖို့လိုတယ်လေ ။ ဒါပေမယ့် သစ်သစ်လုပ်ရမယ့်အလုပ်တွေက ဘလော့ကိုဖက်တွယ်နေလို့ မဖြစ်တဲ့အရာတွေဆိုတော့ နည်းနည်းနဲ့ဖြည်းဖြည်းမှန်မှန်ပဲ ရေးဖြစ်တော့မယ်ထင်ပါတယ် ။

ဘောင်တစ်ခုနဲ့သတ်မှတ်ပြီး လုပ်နေတယ်ဆိုတော့ အခုတော့အစမို့လို့ ငြီးငွေ့ခြင်း ပျင်းရိခြင်း ကင်းနေပေမယ့် ဘယ်အချိန် ပင်ပန်းတယ်ဆိုပြီး ဒီဘလော့မှာထအော်ဖြစ်မယ် မသိပါဘူး ။ အဲ့အခါကျတော့လည်း ၀ိုင်းဝန်းပြီးနှိပ်ကွပ် အဲလေ နှစ်သစ်ကြပါဦးလို့ ကြိုတင်ရီကွက်စ်လုပ်ထားလိုက်တယ်နော် ။ ပြန်ရဖို့နီးလာလို့ ပျော်လားဆိုတော့လည်း ပျော်လည်းပျော်တယ် ပျော်လည်းမပျော်ဘူး ဖြစ်နေတယ် ။ စိတ်လွတ်ကိုယ်လွတ်လည်း မပျော်ဘူး ပြန်လာရင်လုပ်ရမယ့်အရာတွေ မပြန်ခင်ကုန်ပေါက်တွေကို စဉ်းစားရင်းမပျော်နိုင်တာလည်း ဖြစ်ချင်ဖြစ်မယ် ။ ရန်ကုန်မှာ လုပ်မယ့်အရာတွေ ၀ယ်မယ့်အရာတွေ ချရေးနေတာကလည်း အေဖိုးတစ်ရွက်ကျော်နေပြီလေ ။ တစ်ရက်ခြင်းစီကို ဟာကွက်မရှိလုပ်ရမယ့်အရာတွေကိုလည်း ချရေးထားသေးတယ် ။ ပြီးမှပြန်စဉ်းစားမိတယ် အော် ငါ့နှယ့်နော် ပြန်တာတောင်စိတ်ကိုနှောင်ဖွဲ့ထားမိနေတယ်ဆိုပြီး ကိုယ့်ကိုယ်ကိုပြန်စိတ်ကောက်လိုက်သေးတယ် ။

စိတ်ကောက်တာကတော့ ၀ါသနာကိုပါတာနော် သူငယ်ချင်းအရင်းတွေနဲ့စိတ်ကောက်ရင် ၁နှစ် ၂နှစ်ကြာတယ် စကားမပြောဘူး ။ သူတို့က ပြန်ချော့လဲခပ်တင်းတင်းပဲ အဲ ပြန်ခေါ်တော့လည်း အရင်ကကိုယ်ပဲဘာမှမဖြစ်ခဲ့သလိုပဲတဲ့ သူငယ်ချင်းတွေကပြောတာနော် ။ ကိုယ်သံယောဇဉ်ရှိတဲ့သူကတော့ပြောမနေပါနဲ့တော့ ကိုယ့်ဘာသာကောက် ဟိုကသိတဲ့အချိန်လည်းချော့ မသိတဲ့အချိန်လည်း ကိုယ့်ဘာသာပြန်ပြေနဲ့ ချာလပတ်ရမ်းနေတာပဲ .... ဟိ ။ အိမ်ကသူတွေနဲ့ကလည်း ကောက်ကွေးတာပြောမနေနဲ့တော့ သစ်သစ်အဖေကို သစ်သစ်အကောက်ဆုံးပဲ ။ ဟိုးတလောကဆို အဖေကိုစိတ်ကောက်ပြီး စနေဖုန်းမဆက်ဘူးလေ ။ ဘာကောက်လဲတော့မမေးနဲ့ ပြောရင်ရီမယ် သစ်သစ်ကစနေနေ့တိုင်းအိမ်ကိုဖုန်းဆက်တယ် ။

အဖေကလည်း အပတ်တိုင်းဆိုတော့ ပြောစရာသိပ်မရှိတော့ဘူးပေါ့နော် ဒါလည်းသစ်သစ်ကမရဘူး အဖေဘာစားလဲ ခုဘာချက်နေလဲ ဘယ်သွားဖို့ရှိလဲ ဒါတွေမေးနေတာ ။ နဂိုကတည်းက စစ်သားဆိုတော့ စိတ်ကလည်းမရှည်လေ အသက်ကလည်းကြီးပြီဆိုတော့ သစ်သစ်ကိုဘာပြောဖို့ရှိသေးလဲတဲ့ ဒါတွေမေးမယ်ဆို ၂ပတ်ခြားဆက်တဲ့ အဲလိုလဲပြောပြီးရော ဖုန်းကိုသစ်သစ်က ပိတ်ပလိုက်တယ် မဆက်ဘူးဆိုပြီး ကောက်နေတာလေ ။ နောက်အပတ်လည်းမဆက်ဘူး အဖေက ဖုန်းခေါ်လည်းမကိုင်ဘူး (တကယ်တော့အဖေ ဖုန်းဘီလ်တက်မှာစိုးလို့ပါ) ။ အသက်ကြီးကြီးအဖေကလေ အိမ်ဘေးနားကအင်တာနက်ဆိုင်ကနေ ပီဖင်ဂိုလေးနဲ့လာခေါ်ရှာတယ် ။ သစ်သစ်ကပီဖင်ဂိုဆို ဘယ်သူမှန်းမသိတော့ ကိုင်တတ်တယ်ဆိုပြီးတော့လေ ဟလို ဆိုတော့ အဖေကဘာလို့ဖုန်းမကိုင်တာနဲ့ ဘလာဘလာဆိုပြီး ပြောတော့တာပေါ့ သစ်ကခုအိမ်ကိုခေါ်မယ် အိမ်ပြန်လို့ပြောလိုက်တာလေ ။ ရှက်လည်းရှက်သေးတယ် စိတ်ကောက်တာသူများသိမှာကိုလေ ။ အိမ်ကိုဆက်တော့အမေက အရင်ဖုန်းကိုင်တယ် သစ်သစ်ကအမေကိုတော့ နည်းနည်းကြောက်တယ် ဆူမှစိုးလို့လေ အရင်ဦးအောင်ငိုတာ သစ်ငိုပြီးမှအမေကမေးတယ် ဘာကိုကောက်တာလဲတဲ့ သစ်ကပြောလိုက်တော့ အစ်ကို အစ်မ တွေရော တူ တူမတွေပါ မကျန်ရီကြတယ် အဲလိုရီလို့ ထပ်ကောက်ပါသေးတယ်ဆို...... ၀ါသနာအရပါနော် ။

ခုလည်းပိတ်ရက်ပြီးလို့ ရုံးစတက်တဲ့နေ့မှာပဲ စီနီယာကသူ့အဖေနေမကောင်းလို့ ခွင့်ယူတယ်လေ သစ်သစ်ကိုအလုပ်တွေအားကြီးပေးခဲ့တယ် အေးဆေးပါပဲ ။ ဒက်လိုင်းဝေးတယ်လေ ဒါကြောင့်ပို့စ်တစ်ပုဒ်လေး ဖြစ်အောင်ဟိုရိုက်ဒီရိုက်နဲ့ အများစိတ်ညစ်ဖို့ သစ်သစ်ရဲ့မကောင်းတဲ့အကျင့်တစ်ခုကို ကြော်ငြာလိုက်တာပေါ့ ။ ဟိဟိ ......

ဆက်ဖတ်ချင်သေးရင်...