Thursday, January 28, 2010

ဖြေလျော့စိတ်

နာကျင်ခြင်း ၊ ၀မ်းနည်းခြင်း ၊ ဆုံးရှုံးခြင်း ၊ စိတ်ဆိုးခြင်း စတဲ့ခံစားမှုတွေ ပေါင်းဆုံပြီးခံစားရတယ်ဆိုရင် ခံနိုင်ရည်ရှိပါ့မလား ။ တစ်သီးတစ်ခြားစီ ဘာမှမဆိုင်သလိုနေရမဲ့အရေးကို ပူပန်ပြီးတော့ ဒီအချိန်ထိ ရှေ့ဆက်တိုးနေတာကို လူမိုက်လို့ခေါ်နိုင်မလား ။ ပြန်မလာတော့ဘူးဆိုပြီး အကြိမ်ကြိမ်အနားက ထွက်ခွာဖို့ကြိုးစားလေ အနီးဆုံးကိုပြန်ရောက်လေ ဖြစ်နေရင်ရော ဘာတွေပြောကြဦးမှာလဲ ...။ ဘာလဲ ကိုယ်ကရော ဘယ်နေရာမှာ ဘယ်လိုပုံစံမျိုးနဲ့ တည်ရှိနေတာလဲ ၀မ်းနည်းစိတ်မကောင်းဖြစ်တာကလွဲလို့ ငါကရောဘာလုပ်လို့ရမှာလဲ ...... ။

သံယောဇဉ်ဆိုတာ စမိသူရဲ့အပြစ်လား သိုမှီးသူရဲ့အပြစ်လား သေချာတွေ လူတွေကငါ့ကိုပြောကြတော့မယ် မိုက်လိုက်တာလို့ တသက်မှာတစ်ခါပဲ မိုက်မဲခွင့်ပေးပါ ။ ဆုံမှတ်မရှိတဲ့လမ်းကြောင်းပေါ်မှာ လွင့်မျောနေသလိုပဲ ပန်းတိုင်မရှိတာကို သိလျက်နဲ့ ချီတက်နေတာဆိုရင် ငါစားသုံးနေတဲ့အချိန်တွေက ငါ့ကိုကျေနပ်ပါ့မလား ။ အားနည်းချက်များစွာနဲ့ ရပ်တည်နေလို့ သနားပြီးဆက်ဆံနေတာ ဆိုရင်တော့ ဆောရီးပါ ကိုယ့်လူ ။ ပြတ်တောက်ဖို့ခက်တာသိပေမယ့် နာကျင်နွမ်းလျနေပြီဖြစ်တဲ့ ငါ့နှလုံးသားကို အနားယူခွင့်လေးတော့ပေးမှ ဖြစ်မယ်ထင်တယ် ။ ငါ့ကိုခွင့်ပေးပါ ငါ့ရင်တွေပင်ပန်းလွန်းတာကို ငါမကြည့်ရက်တော့ဘူး ။

ကျောခိုင်းမယ်စိတ်ကူးပြီး မင်းအနားပဲ ရစ်သီနေမိတာ ၁၀၁ကြိမ်ကျော်ပြီထင်တယ် ။ တိတ်တိတ်လေးပဲ ထွက်ခွာပြီးတော့လည်း ကြိုးစားဖူးတယ် အချည်းနှီးပါပဲ ။ ဘာတွေဖြစ်နေတာတုန်း ညီမလေးရယ်....ဆိုတာနဲ့ကို ပုံကျပြိုလဲတတ်တဲ့ ငါ့ကိုယ်ငါမုန်းချင်လာမိပြီ ။ အသံတိတ်နေပြီဆိုတာနဲ့ကို စိုးရိမ်စိတ်ပူတတ်တဲ့ ငါကလည်းတော်တော်တရားလွန်ပါတယ်လေ ကိုယ့်ရဲ့အပြုအမူဟာ တစ်ဖက်လူအနှောင့်အယှက်ဖြစ်နေလိမ့်မယ်လို့ စဉ်းစားမိပေမယ့် လက်တွေ့မှာဘယ်လိုမှ ကိုယ့်စိတ်ကိုမထိန်းချုပ်နိုင်တာ တစ်ကိုယ်တည်းအေးအေးလေးနေချင်သူအတွက်တော့ တော်တော့်ကိုသီးခံရမှာပဲလို့ တစ်ခါတစ်လေ ဖြည့်တွေးပေးတတ်သေးတယ်ဆိုရင်ရော ယုံမယ်မထင်ပါဘူး ။

အချို့သောအချစ်ရဲ့ အကြောင်းအရာတွေက ဖွင့်ချလို့မရလောက်အောင် မွတ်သိပ်ပြင်းထန်လွန်းတယ် ကိုယ့်လူ ...။ ကိုယ့်စိတ်ကိုပြောင်းလဲရင်း ရပ်တည်ဖို့ကြိုးစားနေရင်း ကနေဘက်ဂီယာပြန်ပြန်ထိုးနေတတ်တဲ့ ကိုယ်လိုမောင်းနှင်သူကို ဘယ်သူမှလာမဆုံးမကြပါနဲ့တော့ ။ ဆေးမရှိတဲ့ရောဂါတစ်ခုလို ကျေကျေနပ်နပ်ကြီး ထွေးပွေ့ထားနေဦးမှာ သေချာပါတယ် ။ ပေါက်ကွဲသံစဉ်ရယ်လို့ မဆိုပေမယ့် ချရေးလို့ရတဲ့ နေရာလေးတစ်ခု ဖန်ဆင်းပေးထားလို့ ကျေးဇူးအလိုလိုတင်နေဦးမှာပါ ။ ကျန်းမာပျော်ရွှင်စွာ နေ့ရက်တွေကိုဖြတ်သန်းရင်း ငါဆိုတဲ့ပေတိပေကြောင် မလောက်လေးမလောက်စားကို အာရုံထဲကထုတ်ပလိုက်ပါလို့ မတောင်းဆိုပဲနဲ့ကို ပျောက်ကွယ်နေမှာ အလိုလိုသိနေတယ်ဆိုရင်ရော ငြင်းနေဦးမှာလား ကိုယ့်လူ.....။

4 comments:

  1. ခုစလုံးရောက်နေတဲ့ အဆိုတော်မမနဲ့  ဟိုးအင်္ဂလန်မှာရောက်နေတဲ့ အဆိုတော်မမတို့  ၂ ယောက်တွဲဆိုထားတဲ့ သီချင်းကိုတောင် သတိယမိတယ်
    ကိုယ့်လူ

    ReplyDelete
  2. ကိုယ့်လူ။ စလုံးကို ရောက်နေတဲ့ အဆိုတော်မမက ဘယ်သူလဲ...။

    ReplyDelete
  3. သိပ်ပိန်းတာပဲ ကိုဘတို့ များ
    သူ့ သားလေးတောင် ပါသေးတယ်

    ReplyDelete
  4. ကိုယ့်လူ ...သူ့ လူ..... မနုဿလူ

    ReplyDelete