Saturday, January 9, 2010

နာရီလေး




ဒီနာရီလေးက သစ်သစ်ကျောင်းပြီးလို့ အလုပ်ဝင်တော့မယ်ဆိုတော့ သစ်သစ်အဖေက မှတ်မှတ်ရရ ချယ်ရီဦးနာရီဆိုင်ကနေ သွားဝယ်ပေးခဲ့တာပါ ။ Alexandre Christie ဆိုတဲ့ တံဆိပ်လေးကို ဖေကစိတ်တိုင်းကျသူကိုယ်တိုင် ရွေးချယ်ပြီး ၃သောင်း၈ထောင်နဲ့ ၀ယ်ပေးခဲ့ပါတယ် ။ သစ်သစ်ကနာရီဆိုရင် ငွေရောင်လေးတွေကြိုက်ပါတယ် ။ ကိုယ်ကအသားမည်းတော့ ရွှေရောင်နဲ့ဆို မိုးကြိုးပစ်မှာစိုးလို့ပါ ။ ဒီလိုနဲ့ပဲ နာရီတစ်လုံးရခဲ့တယ် ဆိုပါတော့ ....။

၂၀၀၄ ဇန်န၀ါရီက ၀ယ်ပေးခဲ့တဲ့ ဒီနာရီလေးရဲ့သက်တမ်းဟာ ခုဆိုရင် ၆နှစ်ပြည့်လို့သွားခဲ့ပါပြီ ။ လက်မှာနာရီလေးတစ်လုံးတဲ့ ရိုးရှင်းစွာဝတ်တဲ့စတိုင်ကို သစ်သစ်အရမ်းကြိုက်ပါတယ် ။ နေ့စဉ်မှန်မကြည့်ဖြစ်ရင်တောင် သူ့ကိုကျတော့မကြည့်မဖြစ်လေ ။ စ၀ယ်ကတည်းက ခုထိလုံးဝရပ်နားခြင်းမရှိပဲ သူ့တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်နေတာကိုယ်က ချစ်စရာသိပ်ကောင်းနေပါပြီလေ ။ ဓါတ်ခဲလည်းခုထိမကုန်သေးပါဘူး ။ ဆိုင်လည်းတစ်ခါမှ မသွားရသေးလို့ ပိုချစ်တယ် ။ ၀ယ်ပေးတဲ့ ဖေကြီးရေ ကျေးဇူးနော်.... ဖားထားရမယ် ပြန်ခါနီးနေပြီ ဟိ ။

ဘယ်သွားသွားတိကျတဲ့အချိန်တွေနဲ့ အဖော်လုပ်ပေးတဲ့နာရီလေးကို သူ့လက်တံတွေမရပ်သမျှ ကာလပတ်လုံး ဘယ်လိုနာရီမျိုးနဲ့မှ အစားမထိုးနိုင်ပါဘူး ။ ဖေကြီးမေတ္တာတွေနဲ့ ထုံမွှမ်းထားတဲ့ဒီနာရီလေး အနားမှာရှိနေတာ အဖေအနားမှာလာနေပေးသလို ခံစားမိပါတယ် ။ ၆နှစ်ပြည့်နာရီလေးမွေးနေ့မှာ အမှတ်တရအနေနဲ့ ပို့စ်လေးတစ်ပုဒ်တင်ဖြစ်လိုက်ပါတယ် ။

4 comments:

  1. နောက်အသစ်တစ်လုံးရမလားလို့ မျှော်တာ အန်ကယ်ရေ ...မယုံနဲ့ ဗျ
    အဲနာရီကိုမကြည့်ဘူး သူ့ ဂိန်ဖုန်းက နာရီပဲကြည့်တာ ကျနော်မြင်တယ်
    ဟိဟိ

    ReplyDelete
  2. ယုံတယ် ယုံတယ်။

    ReplyDelete
  3. မိုးကြိုးလား ငွေရောင်လည်း ပစ်တတ်တယ်
    နာရီလား ၀ယ်ပေးရင် ဖျောက်ပစ်လိုက်တာပဲ
    အချိန်တွေကုန်တာ သိမစိုးလို့ 
    အသက်ကြီးတာ သိမစိုးလို့ 
    ကဲ မပိုင်ဘူးလား နာရီမရှိလည်း တို့ အချိန်ကို တို့ ပဲပိုင်တယ် ငှဲငှဲငှဲ

    ReplyDelete
  4. တိကျတယ်လား

    တွေ့တုန်းက ၁နာရီ နောက်ကျတာ ဘယ်သူပါလိမ့်၊ ဘက်ထရီလဲသင့်ပီ ထင်တယ်

    ReplyDelete