Sunday, January 10, 2010

ညစ်နေရင်အဲလိုလုပ်တတ်တယ်


အိမ်ကအစ်မချက်ကျွေးတဲ့မလေးစာဆိုပဲ


စားပြန်ပြီ ယောင်တို့ဖူးနောက်စတိုင်

ပိတ်ရက်ပျင်းလို့ ဘူဖေးသွားစားတဲ့ပုံတွေ ရိုက်နိုင်သလောက်လေးရိုက်လာတာ စားလိုက်ရိုက်လိုက်ဆို အာရုံနောက်လို့ နည်းနည်းပဲရိုက်လာတယ် ။

အချိုပွဲ ဒူးရင်းသီး

အသီးတွေ ကိတ်မုန့်တွေ








ဒီပိတ်ရက်ကိုဘယ်မှမသွားပဲ အိမ်မှာစားလိုက်သောက်လိုက်နေရာကနေ ပျင်းတာနဲ့သူငယ်ချင်းတစ်ယောက်ကို ဘူဖေးသွားစားရအောင်ဆိုတော့ သွားကြမယ်တဲ့ အင်တာနက်ကနေ သက်သာမယ်ထင်တဲ့ဆိုင်ရှာတော့ ချိုင်းနားတောင်းနားက ဟော်တယ်တစ်ခုမှာ ၂ယောက်စားရင် ၉၀ဆိုတဲ့ ဆိုင်ကိုချီတက်ပြီးဝါးလိုက်ကြတယ် ။ ပြန်လာတော့ဗိုက်ကိုခွေးနမ်းပြီး ရထားတောင်မစီးကြဘူး တက်ဆီလေးနဲ့ပြန်လာကြတယ် ။ အိမ်ရောက်တော့ အိပ်လိုက်တာည၈နာရီလောက်မှနိုးတယ် ။ တခါတလေစိတ်ညစ်ရင် ဘာမှမစဉ်းစားပဲ လုပ်ချင်တာလုပ်လိုက်ရတာကလည်း အရသာတစ်မျိုးပါပဲလေ ...။

7 comments:

  1. အင်း စားကောင်းမယ့်ပုံလေးတွေနော်...
    ဟိဟိ သူတို့ပဲ ကောင်းတယ်.. ပျင်းရင် ဘူဖေးသွားစားတယ်...
    နာတော့ ပျင်းနေရင် ခွေပဲအိပ်နေရတယ်။း)
    အ၀စားသွားမယ်ဗျို့

    ReplyDelete
  2. သစ်များ ညစ်ရင် အရမ်းစားတာကိုး ဒါကြောင့် အာခိမိဒိ နိယာမမှန်ကန်ကြောင်း သက်သေပြတဲ့ ကိုယ်လုံးဖြစ်နေတာပေါ့
    တို့ များ ညစ်ရင် ဘာမှကို စားမရဘူး ဒါကြောင့်လည်း ဗစ်တိုးရီးယားဘက်ခမ်း ကိုယ်လုံးဖြစ်နေတာပေါ့
    တယောက်ကို ၄၅ ကျပ်ဖိုးကြီးတောင် တခါတည်းစားခဲ့တယ် ဖျားဖျား
    ငွေတွင်းထဲက ပိုက်ဆံနှိုက်သုံးနေတာလား

    ReplyDelete
  3. တို့ က မြင်သာအောင် တင်စားရေးတာပါ ဘယ်သူ - ဘယ်သူ နစ်နာပါစေလို့  မရည်ရွယ်ပါဘူး
    ယုန်ပါ
    နားရွက်လေးကို ထောင်လို့ 
    t[d

    ReplyDelete
  4. သစ်လည်းမမခင်ဦးမေလိုပဲ ...အစားနဲ့ ပစ္စည်းဝယ်တာပဲကွာတယ် ..

    ReplyDelete
  5. ဗိုက်ဆာလာပြီနော်........................

    ReplyDelete
  6. ဘူဖေး holiday inn မှာ 1 for 1 free ၇တယ် သစ်ရဲ့ ..
    city bank card (or) passion card နဲ့ ဆို...
    စားလဲစား ကုန်လဲ မကုန်စေနဲ့ ... ပိုက်ဆံကိုပြောတာ :))

    ReplyDelete