Thursday, January 7, 2010

ကိုယ့်ဂုဏ်ကိုယ်ဖော်

တစ်ခါတစ်လေ မထင်မှတ်တာတွေ ဖြစ်တတ်တယ် ။ တကယ်ကိုစိတ်ညစ်တယ် ညကတည်းကအခုထိ ဒီမျက်စိကိုတရေးသော်မျှ ပေးမအိပ်ရသေးဘူးဆိုရင် တော်တော်သနားဖို့ကောင်းနေပြီလေ ။ ခွဲထားတဲ့သစ်သစ်မျက်စိက သာမာန်သူတွေနဲ့သိပ်မတူဘူး တစ်ခါတစ်လေဆို ၀ါးပြီးမကြည်မလင်ဖြစ်နေတတ်တယ် ။ ညကမအိပ်ထားတော့ ဒီမနက်ကိုအလုပ်သွားနိုင်မယ်တောင် မထင်ခဲ့ဘူး ။ လန်းဆန်းစွာပဲရောက်လာတယ် ဆိုပါတော့ ...။

မနက်ပိုင်းတစ်ပိုင်းလုံး ပြသနာတွေရှင်းတာ မပြီးနိုင်ခဲ့ဘူး ။ နေ့တစ်ဝက်ခွင့်ယူပြီး ရှင်းမယ်ဆိုတော့လည်း တောင်ပုံယာပုံအလုပ်တွေနဲ့ ခွင့်ကအလွယ်တကူမရခဲ့ဘူး ။ ဒါနဲ့ထမင်းစားချိန် သူငယ်ချင်းကိုဖုန်းဆက်ပြီး အခြေအနေမေးတယ် မထူးခြားဘူး ။ အမေဆီဖုန်းဆက်လိုက်တယ် ပြောမယ်ကြံပြီးမှ ပြောမထွက်တော့ ၁၅မိနစ်လောက်ပြောပြီး ချလိုက်တယ် ။ နောက်ဆုံးတော့ စိတ်ပြေလက်ပျောက် ဆမ်ဘာဝမ်းကမြေးမလေးကို ဖုန်းဆက်ပြီး စကားတွေပြောမှ စိတ်နည်းနည်းပြေလာတယ် ။

ထမင်းစားချိန်ပြီးတော့ ဒါပဲစိတ်ထဲရောက်ရောက်နေလို့ အလုပ်မလုပ်ပဲ သွားနေကျစီဘောက်သွားပြီး ပေါက်ကရငါးဆယ် (လေးဆယ်ဆိုနဲနေမှာစိုးလို့) ပြောပလိုက်တယ် အေးရော.. ။ တချို့ပြသနာတွေက ဖြေရှင်းရတော်တော်ခက်ပါတယ် ။ အမှောင်လမ်းကအရာတွေကို ဖြေရှင်းရတာပိုဆိုးနေတတ်တယ် ။ မျက်နှာကပျားရည်လိုချိုမြနေပေမယ့် စိတ်ထဲမှာအကြိမ်ထောင်သောင်းမက သတ်ရတဲ့အချိန်မျိုးလည်း ရှိခဲ့တာပဲ ။ အကောင်းဆုံးသောအရာကို လုပ်နိုင်မယ်မျှော်လင့်တယ် ။ အချစ်ကိုလည်းအပူမတိုက်ချင်ဘူး လုပ်တုန်းကမသိသလို ဖြစ်လာမှအားကိုးရာမရှာချင်ဘူး ။ ကိုယ့်ဇာတ်ကိုယ်တော့နိုင်အောင် ဆက်ကရတော့မှာပေါ့ ။ ပွဲသိမ်းကောင်းအောင်တော့ သကာရည်တွေသုတ်လိမ်းရပေဦးမှာပေါ့လေ ။

ခေါင်းပေါ်မှာ မီးပုံကိုတင်ထားရပေမယ့် ဒီမီးကိုငြိမ်းအောင် ရေနဲ့လှမ်းပက်ရင်လည်း ရေတွေကမျက်နှာပေါ်စီးကျလာဦးမှာတော့ ကျိန်းသေပါပဲ ။ သစ်သစ်ကမလုပ်ရင်လည်း သေချာစဉ်းစားတတ်ပြီး ဖြစ်လာရင်လည်း နောင်တမရတတ်တာ ဘယ်လိုမကောင်းတဲ့အကျင့်ဆိုးမှန်းမသိဘူး ။ ကိုယ်တိုင်တောင် နားမလည်နိုင်တာ စာလာဖတ်တဲ့သူတွေကတော့ ဝေးရောပေါ့ ။ ဘာမဟုတ်တာကို ခေါင်းမာတတ်တဲ့ ကိုယ့်ကိုယ်ကိုလဲ အံ့သြမိပါတယ် ။ ထပ်ရေးလိုက်ပါပြီ မကောင်းတဲ့နောက်တစ်ချက်ပေါ့ ။ ရှောင်ရှားလော့......။

7 comments:

  1. ရှောင်လေ ဝေးဝေး အာခိမိဒိ ၀ကွေးစိန်ဘေးးးးးး

    ReplyDelete
  2. ကိုယ်လုပ်တဲ့အမှားကို
    ကိုယ်ရှင်းတာ ကောင်းတဲ့အကျင့်ပဲ
    သစ်ကလေးရ။

    ကိုယ်က ခံခဲ့ရရင်တောင်
    ကိုယ့်လုပ်တဲ့အမှားကြောင့် ခံရရင်
    အဲဒီအမှားဟာ ပိုပီးတော့
    ချိုမြိန်တယ်။ ။
    ဘယ်တုန်းကမှ
    ခါးသီးတယ်လို့ 
    မတွေးခဲ့ဘူး။ ။

    သစ်ကလေး
    ပညာစမ်းတတ်တဲ့
    အမှောင်ထဲက
    မိတ်ဆွေတွေများ
    တွေ့ နေသလားလို့ 
    အတွေးကြွယ်မိတယ်။ ။

    စိတ်တည်ငြိမ်စွာနဲ့ 
    ရင်ဆိုင်ဖြေရှင်းနိုင်ပါစေကြောင်း။ ။

    ချစ်တဲ့
    nn

    ReplyDelete
  3. ခေါင်းပေါ်ကမီးပုံကို
ုံရေနဲ့ မလောင်းချနဲ့ အပူရေတွေ စီးကျလာလိမ့်မယ်
    CO2 Fire extinguisher သုံးလေ..
    နည်းလမ်းတွေရှိပါတယ် သစ်..အဆင်ပြေပါစေ..

    ReplyDelete
  4. ဟုတ်ပါ့ နားကိုမလည်လိုက်ဘူး

    ReplyDelete
  5. သစ်သစ်ကမလုပ်ရင်လည်း သေချာစဉ်းစားတတ်ပြီး ဖြစ်လာရင်လည်း နောင်တမရတတ်တာ ဘယ်လိုမကောင်းတဲ့အကျင့်ဆိုးမှန်းမသိဘူး ။
    အကျင့်ဆိုးလို့ တော့ ပြောပါနဲ့.......:P ။ကျွန်မနဲ့တူတူပဲ။ခေါင်းမာတာလည်း တူနေပြန်ရော။
    စိတ်မညစ်နဲ့ အားတင်းထား။This too shall pass away.

    ReplyDelete
  6. မီတူးးးးးးးးးးးးးးးးးးးးးး

    ReplyDelete
  7. အချစ်ကို အပူမတိုက်ချင်ရင် ရင်အေးရအောင် အအေးတိုက်လိုက်ပါ။

    မှတ်ချက်။ ယတြာ မဟုတ်ပါ။ =)

    ReplyDelete