Sunday, January 31, 2010

ကုန်ပေါက်




၁နှစ်တာလုံး နေချင်သလိုနေ စားချင်သလိုစားပြီး သစ်သစ်စိတ်ကြိုက် သောင်းကျန်းပြီးသကာလမှာ ၂၅နှစ်လုံးလုံးအမြီးမလှုပ်ဝံ့တဲ့ ရင်ခွင်ထဲကိုခဏတာ ပြန်လည်တိုးဝင်ပါတော့မယ် ။ ရင်လည်းခုန်ရသလို ကြောက်လည်းကြောက်လာပါတယ် ။ ဘယ်လိုစက်သေနတ်ဒဏ်တွေ ခံရမယ်ဆိုတာ မှန်းဆလို့မရတော့ တတ်နိုင်သလောက်တော့ ကျည်ကာလေးတွေဝတ်သွားပါမယ် ။ ၂ပတ်တာမျှ အနေချောင်ဖို့အတွက် ချမ်းသာသလောက်လေးး ၀ယ်ယူစုဆောင်းပြီး ကပ်ဖားရပ်ဖားလုပ်ရတော့မယ်လေ ။ ဒါကြောင့်၂ရက်စလုံး မနားတမ်းခြေတိုအောင်တန်မယ်ထင်တာလေးတွေ လိုက်ရှာပြီးသကာလမှ အတော်အတန်ဖူလုံသွားပါတယ် ။ ဘဏ်ကတ်ထဲက ငွေကြေးအချို့ကလည်း ပျော်ရွှင်ခုန်ပေါက်ပြီး ပိုင်ရှင်အသစ်လက်ထဲကို ထိုးဆင်းသွားပါတယ် ။ ဟူးးးးးးး ဒီလောက်ဆိုရင်တော့လည်း သစ်သစ်တစ်ယောက် အိမ်ပေါ်အတက်ကောင်းလောက်ပြီ ထင်ပါတယ် ။ ဘာယူမလဲ မေးလိုက်တိုင်း ခေါင်းခါလေ့ရှိတဲ့ ချစ်ဖေ နဲ့ ချစ်မေ အခြားသောမိသားစုဝင်များ သစ်သစ်ကိုမြင်လိုက်စဉ်တွင် မူးမိုက်လဲမကျစေရန်လည်း တော်ရုံသင့်ရုံ ၀တ်စုံများလည်း အဆင်သင့်ရွေးချယ်ပြီး ဖြစ်ကြောင်း အိမ်ပေါက်ဝတံခါးကို ချဲ့ထားရန်ကြိုတင်ပြောမထားသဖြင့် အပြစ်မဖြစ်စေရန် စောင်းပြီးဝင်ရန်အစီအစဉ် ရှိပါကြောင်း ပြောကြားရင်း ဒီလကုန်ပေါက်အစီအစဉ်ကို ဒီတင်ပဲရပ်နားလိုက်ပါရစေရှင်..... ။

4 comments:

  1. ဟိုရောက်လဲကုန်ဘို့ရှိသေးတယ်သစ်သစ်.
    အားကြီးဈေးကြိးတယ်ဆိုဘဲ အစစအရာရာ.

    ReplyDelete
  2. ကုန်အုံးမှာ ဟိုရောက်ရင်လည်း ဟက်ဟက် ...
    အိမ်တံခါးချဲ့ ရရင်လည်းလက်သမား စားရိတ်မနည်းဘူးပဲ
    အမလေးအန်တီရေ သမီးတောင်ကြားထဲက စိတ်မောမိတယ် ဟိဟိ။

    ReplyDelete
  3. ထောင်မြင်ရာစွန့်တဲ့ ဒီလောက်တော့ ရင်းရမယ်ထင်တာပဲ :)

    ReplyDelete
  4. ဘယ်နဲ့ ဗျစ်က တောင်ကြားထဲက စိတ်မောနေတာလဲ မသိလို့

    စာ အဖြတ်မွှားတွားလို့ laugh

    ReplyDelete