Showing posts with label အစားအစာ. Show all posts
Showing posts with label အစားအစာ. Show all posts

Saturday, March 5, 2011

ချစ်ခြင်းရနံ့ထုံမွှမ်းနေတဲ့ ငါးထမင်းနယ်

ငါးထမင်းလေး...ရှလွတ်


အဲဒါ တစ်ဝက်ပဲရှိသေးတယ်

ငယ်စဉ်တောင်ကျေး ကလေးဘ၀ကတည်းက ခင်မင်မှသာ သူငယ်ချင်းရင်းချာအစစ်လို့ ခေါ်လို့မရပါဘူး တယောက်ကိုတယောက် အနစ်နာခံလိုအပ်ချက်တွေ ဖြည့်ဆည်းဖို့အမြဲတွေးတောနေတတ်တာကလည်း သူငယ်ချင်းကောင်းတွေပါပဲလေ ။ အခက်အခဲဖြစ်နေချိန် လိုအပ်နေချိန်တွေမှာ ကိုယ့်ရှေ့မှာ အကြံဥာဏ်ပေးနိုင်တဲ့သူ ကိုယ့်ကိုအနည်းဆုံးတော့အားပေးနိုင်တဲ့သူတွေ ကလည်း ကိုယ့်အနားကသူငယ်ချင်းတွေပါပဲလေ ။ သစ်မှာစလုံးရောက်မှ ခင်မင်ရတဲ့သူငယ်ချင်းတွေ ရှိပါတယ် ။ သူတို့တွေကလည်း သစ်အပေါ်သိပ်ကောင်းသလို သစ်ကလည်းအမြဲ သူတို့ကိုဘာလုပ်ပေးမရမလဲ စဉ်းစားနေသူတစ်ယောက်ပါ ။ အိမ်ထောင်သည်တွေပါသလို အပျိုလူပျိုတွေလည်း ပါတာပေါ့နော် ။ သစ်တို့အဖွဲ့က ဗစ်က ရန်ကုန်ကပြန်လာပြီးကတည်းက အစားအသောက်ပျက်နေတာကတကြောင်း သစ်လည်းစာမေးပွဲပြီးတော့ သူငယ်ချင်းတွေကို တခုခုလုပ်ကျွေးချင်နေတာကတကြောင်း စသဖြင့်အကြောင်းတွေကြောင့် ဒီငါးထမင်းချဉ်ဇာတ်လမ်းလေး ဖြစ်လာခဲ့တယ်ဆိုပါတော့လေ ။

အစကတော့ သူတို့တွေစနေနေ့တ၀က်အလုပ်ဆင်းပြီးမှ ကိုယ့်ဆီဝင်စားဖို့ စီစဉ်ထားပေမယ့် သူတို့စောစောစီးစီးမနက်စာလေးအဖြစ် အလွယ်တကူစားလို့ရအောင်ဆိုပြီး သစ်မနက်၅နာရီထပြီး ငါးထမင်းလုပ်ဖို့ ကြိုးစားခဲ့ပါတယ် ။ မနက် ၈နာရီရုံးသွားတဲ့ ဗစ်စတာ အချိန်ပိုအလုပ်သွားမယ်မေလေး သူတို့တွေကို စောစောစီးစီးစားစေချင်တာလည်း ပါတာပေါ့နော် ။ ဒီလိုနဲ့ လုပ်ဖြစ်ခဲ့တဲ့ ငါးထမင်းလေးကို ပုံလေးတွေရိုက်ပြီး တင်လိုက်ပါတယ်နော် ။ လုပ်နည်းကတော့ အများသိပြီးသားဖြစ်နေလို့ အထွေအထူးမရေးတော့ပါဘူး ။ အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့တဲ့ အလုပ်ပိတ်ရက်လေးဖြစ်ပါစေနော်။

ဆက်ဖတ်ချင်သေးရင်...

Saturday, June 19, 2010

အပျော်တမ်း




ဒီနေ့တော့ သစ်သစ် အပျော်တမ်း ငါးထမင်းချဉ်လေးလုပ်စား ဖြစ်တယ် ။ ခုတလော ဘလော့တွေ ဖေ့ဘွတ်တွေမှာ သူများတွေတင်ကတည်းက စားချင်နေတော့ ဒီစနေတော့ဂျူးမြစ်လေးလည်း တွေ့တုန်းလုပ်စားဖြစ်တယ်ဆိုပါတော့ ။ ဘလော့လာလည်သူတွလည်း အ၀စားသွားနော် ပုံထဲမှာ ထမင်း၃လုံးတောင်ပြင်ထားတယ် ... ဟိ ။ လုပ်နည်းကတော့ သိနေကြတော့ မရေးတော့ပါဘူး (တကယ်တော့ရေးရမှာပျင်းနေတာလေ ) ။ အားလုံးပဲပျော်ရွှင်စရာ ပိတ်ရက်လေးဖြစ်ပါစေနော် ။

ဆက်ဖတ်ချင်သေးရင်...

Thursday, May 27, 2010

စားဖြစ်နေတာက...

ဒီအပတ် ရုံးက ၄ရက်ပဲတက်ရတယ်ဆိုတော့ စားတဲ့အစားအစာမထပ်ဘူးလို့ ပြောရမယ် ။ ခုတလော အစားအသောက်တွေကိုစားရင် ပါးစပ်မှာတခုခုလိုနေသလို အဆင်မပြေဘူး ဖြစ်နေတယ် စားပြီးရင်လည်း ကျေနပ်မှုဆိုတာမရှိပဲ လျှာဘာဖြစ်နေလဲကို မသိဘူး ။ ပြီးတော့ သွေးတိုးမှာခပ်ကြောက်ကြောက် နဲ့ပဲ ကောင်းမယ်ထင်တာလေးတွေ လိုက်စားပြီး ကိုယ့်ကိုယ်ကိုပြုစုသော်ငြားလည်း အဆင်မပြေခဲ့ပါ ။ ဒီအပတ် စားဖြစ်တာလေးတွေ ပါးစပ်မှာအရသာမကောင်းပေမယ့် ဖုန်းလေးနဲ့တော့ မှတ်တမ်းတင်ဖြစ်တယ် ။ ဒီတော့ အမှတ်တရပို့စ်ဖြစ်သွားတာပေါ့နော့...။


မြေအိုးမြီးရှည် (စီးတီးဟောသွားပြီးကို တခုတ်တရသွားစားတာပါ သို့သော်လည်း.....)



အသားတွေမစားချင်တော့ အာလူးနဲ့ခရမ်းသီး ပဲလေးနဲ့ ကုလားလိုဆိုတော့လည်း နိုး ပါပဲ

မရိုးနိုင်တဲ့ ကြက်ဆီထမင်းနာမည်ကြီးတဲ့ဆိုင်ကို ၁၀မိနစ်လောက်လမ်းလျှောက်သွားစားတာ ဒါလဲ....


ကဲ သွေးတက်ချင်လည်းတက်တော့ အမဲအူကြမ်းစွပ်ပြုတ်တဲ့ (တခုခုလိုနေသလိုပဲ)


ဒီနေ့တော့ ရှမ်းထမင်းချဉ်စားမယ်ကွာ ဗိုက်သာပြည့်သွားတယ်.....း(


စလုံးသားတွေအတွက် မရိုးနိုင်တဲ့ ယောင်တို့ဖူး ကိုယ်လည်းလိုက်ယောင်မယ်ကွာ...မထူးးးး


ကဲ..ဘာစားရင်ကောင်းမလဲ ကိုယ်တိုင်ချက်ဖို့ကတော့ ဝေးးးးးစွ စိတ်ကိုမပါဘူး ဖြစ်နေတယ် ...ဂယ်

ဆက်ဖတ်ချင်သေးရင်...

Sunday, January 10, 2010

ညစ်နေရင်အဲလိုလုပ်တတ်တယ်


အိမ်ကအစ်မချက်ကျွေးတဲ့မလေးစာဆိုပဲ


စားပြန်ပြီ ယောင်တို့ဖူးနောက်စတိုင်

ပိတ်ရက်ပျင်းလို့ ဘူဖေးသွားစားတဲ့ပုံတွေ ရိုက်နိုင်သလောက်လေးရိုက်လာတာ စားလိုက်ရိုက်လိုက်ဆို အာရုံနောက်လို့ နည်းနည်းပဲရိုက်လာတယ် ။

အချိုပွဲ ဒူးရင်းသီး

အသီးတွေ ကိတ်မုန့်တွေ








ဒီပိတ်ရက်ကိုဘယ်မှမသွားပဲ အိမ်မှာစားလိုက်သောက်လိုက်နေရာကနေ ပျင်းတာနဲ့သူငယ်ချင်းတစ်ယောက်ကို ဘူဖေးသွားစားရအောင်ဆိုတော့ သွားကြမယ်တဲ့ အင်တာနက်ကနေ သက်သာမယ်ထင်တဲ့ဆိုင်ရှာတော့ ချိုင်းနားတောင်းနားက ဟော်တယ်တစ်ခုမှာ ၂ယောက်စားရင် ၉၀ဆိုတဲ့ ဆိုင်ကိုချီတက်ပြီးဝါးလိုက်ကြတယ် ။ ပြန်လာတော့ဗိုက်ကိုခွေးနမ်းပြီး ရထားတောင်မစီးကြဘူး တက်ဆီလေးနဲ့ပြန်လာကြတယ် ။ အိမ်ရောက်တော့ အိပ်လိုက်တာည၈နာရီလောက်မှနိုးတယ် ။ တခါတလေစိတ်ညစ်ရင် ဘာမှမစဉ်းစားပဲ လုပ်ချင်တာလုပ်လိုက်ရတာကလည်း အရသာတစ်မျိုးပါပဲလေ ...။

ဆက်ဖတ်ချင်သေးရင်...

Thursday, November 5, 2009

ဖြိုသလစ်

သစ်သစ်တစ်ယောက် စလုံးကိုရောက်ကတည်းက ဖြစ်သလိုစားလာခဲ့တာ ကြာပါပြီ ။ ရုံးဖွင့်ရက်တွေမှာဆိုလည်း အနီးအနားက စားသောက်ဆိုင်တွေမှာ တရုတ်လိုလို ကုလားလိုလို ဂျပန်လိုလို နဲ့ ဟိုလိုလို ဒီလိုလိုဖြစ်ခဲ့တာလဲ ကြာပြီလေ..။ ကိုယ့်ကိုယ်ကိုယ် သနားလွန်းလို့ ပိတ်ရက်တွေဆိုလည်း စိတ်ကိုအလိုလိုက်ရတာလည်း ၂နှစ်ကျော်ပါပြီ...ဟိ ။ ခုအစားအသောက်လေးတွေ ဘယ်လိုဖြစ်သလိုစားရတယ် ဆိုတာကို ချစ်သူငယ်ချင်းများ ဖြစ်ကြတဲ့ ဗစ် ၊ ထော ၊ မျိုး ၊ ဂျင်ဆမ်းပိုး ၊ ညည လေးတို့အတွက် စုတ်ချာလှသော ကင်မလာလေးနဲ့ လက်တည့်စမ်းလာတဲ့ ဓါတ်ပုံအစုတ်လေးများသုံးပြီး ပို့စ်တစ်ပုဒ်ထပ်မံတင်ဆက်လိုက်ပါတယ် ။ သူငယ်ချင်းများက ကွန်မန့်များကို ပစ်ပစ်နှစ်နှစ်ရေးချင်လို့ အတင်းပူဆာသဖြင့် အရူးများစိတ်ချမ်းသာအောင် ရေးလိုက်ခြင်းဖြစ်ပါတယ် ။




တနင်္လာနေ့တိုင်းမိတ်ဆက်နေကျ ယောင်တို့ဖူးပါ


ကုလားစာလေးကလည်း တစ်ပတ်၂ခေါက်လောက်စားဖြစ်တယ် သောကြာဆို အသီးတစ်မျိုးအလကားရလို့ မမေးနဲ့ကုလားစာပဲ


ဂျပန်စာလေးကတော့ ဈေးကြီးလို့တစ်ပတ်တစ်ခါ အနိုင်နိုင်ပါလေ


ဘယ်သူပြောလဲ သစ်သစ်ထမင်းစားတာများတယ်လို့..ဟွန့်


ဟိုတစ်ပတ်က ထမင်းစားပျက်လို့ သွားစားတဲ့ ကြက်သားကုန်းဘောင်ကြီးကြော်


ဝက်ခေါင်းသုတ်ဆိုတော့လည်း မငြင်းဖြစ်ပါဘူး


ဒါက၀က်သားနဲ့ ပဲငပိဆိုပဲ သူလည်းမဆိုးဘူး


ဒါကတော့ စိတ်ပါရင်ပိတ်ရက်ဆိုစားဖြစ်တဲ့ ပေကြောင်ကြောင်လက်သုတ်စုံလေး


၁လ တစ်ခါလောက်တော့ အတတ်နိုင်ဆုံးသွားဖြစ်အောင်ကြိုးစားတယ်

(အနေအစားဆင်းရဲတဲ့ကိုယ့်ကိုယ်ကို သနားလို့ဘာာာ)


သူငယ်ချင်းတွေပြောလွန်းလို့ ဒီမနက်သုတ်စားတဲ့ မြန်မာလက်ဖက်လေး

သစ်သစ်ဘလော့မှာ သူငယ်ချင်းများနဲ့ပျော်ရွှင်စွာ စကြနောက်ကြစေရန် ပို့စ်လေးများဖန်တီးထားခြင်းဖြစ်သဖြင့် စာဖတ်သူတို့အတွက် တစ်စုံတစ်ရာအကျိုးဖြစ်ထွန်းခြင်းမရှိပဲ အချိန်တစ်ခုပေးပြီး လာရောက်ကြတဲ့အတွက် ကျေးဇူးအထူးပင်တင်ရှိပါတယ် ။ ပို့စ်တိုင်းသည် သစ်သစ်စိတ်ခံစားမှုတစ်ခုတည်းဖြင့် ပုံဖော်ထားခြင်းဖြစ်ပါသည် ။ အားလုံးကိုကျေးဇူးတင်ပါသည် ။

ဆက်ဖတ်ချင်သေးရင်...

Sunday, October 18, 2009

ချက်မယ်ပြုတ်မယ် တ၀ဲလည်လည်




ငါးဟင်းဆီပြန် ၊ ကန်စွန်းရွက်ကြော် ၊ ငပိရည်ဖျော် ၊ အတို့အမြှုပ်တွေနဲ့ သာယာသောတနင်္ဂနွေ....... ။

ဆက်ဖတ်ချင်သေးရင်...

Saturday, October 3, 2009

ဒီအပတ်စားဖြစ်တဲ့အသုတ်

ဒီနေ့ မနက်လပြည့်နေ့ဆိုတော့ စောစောစီးစီးလေ အိပ်ယာထပြီး အိမ်ကိုဖုန်းဆက်ပါတယ် ။ နောက်တော့ ကောင်းသူမကောင်းသူအားလုံးကို အမျှဝေပြီး ဒီပိတ်ရက်ဘာလုပ်စားရင်ကောင်းမလဲ စစဉ်းစားလိုက်ပါတယ် ။ ပြီးခဲ့တဲ့အပတ်တွေကလည်း သိပ်ပြီးဖွယ်ဖွယ်ရာရာမလုပ်စားဖြစ်ဘူးလေ ။ အိမ်မှာနေတဲ့အတူစားနေကျ အမကလည်းဒီလ မင်္ဂလာပြန်ဆောင်မှာဆိုတော့ အလုပ်တွေက ရှုတ်နေတယ်လေ ။ ချက်ရင်လည်း တစ်ယောက်တည်းဆိုတော့ ချက်ရမှာပျင်းနေတာပေါ့နော် ။

ဒါနဲ့ အသုပ်စုံချဉ်ငံစပ်လေး လုပ်စားမယ်စဉ်းစားလိုက်တယ် ။ ပထမဆုံးအာလူးလေးတွေ ပြုတ်ထားလိုက်တယ် ။ ပြီးတာနဲ့ ပဲပြားကြော်ဖို့ အဆင်သင့်ပြင်ထားလိုက်တယ် ။ အာလူးကျက်ခါနီးတော့ ကြက်ဥ၂လုံးထည့်ပြုတ်လိုက်သေးတယ် ။ နောက်တော့ ဆီအိုးကိုတင်ပြီး ပဲပြားကြော်လိုက်တယ် ။ ပဲပြားကြော်တော့ နည်းနည်းကြာတယ်လေ ဒါကြောင့်ညနေစာအတွက် တစ်ခါတည်းပြင်ဆင်လိုက်တယ် ။ ၀က်သားကြိတ်သားလေး ကို ဂျင်း ၊ ကြက်သွန်ဖြူ တို့နဲ့ ရောနယ်ပြီး နီရဲလာအောင်ကြော်ဖို့ ကြိုတင်လုပ်ထားလိုက်တယ် ။ ပဲပြားကြော်လည်းရရော ဆက်ပြီးဝက်သားလုံးလေးတွေကြော်လိုက်တယ် ။ ကျက်သွားတော့မှ အသင့်ခရမ်းချဉ်သီးအနှစ်လေးတွေနဲ့ ရောလိုက်ပြီး နောက်ဆုံးနံနံပင်လေး အုပ်လိုက်တယ်လေ ..။ ညနေစာပါ တစ်ခါတည်း ပြီးသွားခဲ့တယ်လေ ။

နောက်တော့ ဂေါ်ဖီ ၊ သခွားသီး ၊ နံနံပင်လေးတွေကို လှီးလိုက်တယ် ။ ပဲပင်ပေါက်ကိုရေနွေးပူလေးနဲ့ ဖျောလိုက်တယ် ပြီးတော့ အာလူးလေးတွေ လှီးပြီး ပဲပြားကြော်ကိုတော့ ကတ်ကြေးလေးနဲ့ အလောတော်လေး ညှပ်လိုက်တယ် ။ ခေါက်ဆွဲ ၊ ကြာဇံတွေကိုလည်း ရေနွေးလေးနဲ့ ခဏနှပ်လိုက်တယ် ။ မကျီးရည်ပျစ်ပျစ်လေးရအောင်လည်း ရေနွေးပူလေးနဲ့စိမ်ထားလိုက်တယ် ။ နောက် ပဲမှုန့် ၊ ငရုပ်သီးမှုန့် ၊ ဆီကျက် ၊ ငံပြာရည်တွေနဲ့ သုတ်ဖို့အဆင်သင့် ဖြစ်နေပြီလေ ...။

ချဉ်စပ်လေးနဲ့တွဲဖက်စားဖို့ ဟင်းရည်ပူပူလေး ချက်ဖို့မေ့နေတယ်ကွယ် ။ ဒါကြောင့် မုန့်တီရည်တစ်ထုပ်ကို တည်လိုက်ပြီး ဂေါ်ဖီလေးတွေပစ်ထည့်ကာ အပေါ့အငံပြင်ပြီး မြန်မြန်လေးချက်လိုက်တယ် ။ ငရုပ်ကောင်းနံ့သင်းနေတဲ့ ဟင်းရည်ပူလေးရတော့ ကိုယ်လုပ်ရမယ့်အရာအားလုံး ပြီးဆုံးသွားပြီလေ ။ ဒါနဲ့မစားခင် တစ်ယောက်သောသူအတွက် ဓါတ်ပုံရိုက်လိုက်တယ် ။ သူကအသုတ်အရမ်းကြိုက်တာ ကိုယ်သိတယ်လေ ။ နောက်ကျရင် သူ့ကိုလုပ်ပေးရမယ်လို့ ခဏခဏ တောင်းဆိုတတ်လို့ ခုတော့ဓါတ်ပုံလေးနဲ့ပဲ လုပ်ကျွေးလိုက်တယ်နော် ။ ပုံတွေမြင်ရင်စိတ်တိုဦးမှာ မြင်ယောင်မိသေးတယ်ကွယ် ။ တကယ်တော့အသုတ်စုံက လုပ်ရတာအမယ်များပေမယ့် ဟင်းချက်ဝါသနာပါတဲ့သူတွေအတွက် အပျင်းလည်းပြေတဲ့ လုပ်စားချင်ဖွယ် စားစရာတစ်မျိုးပါပဲကွယ် ..။


အဆာပလာအစုံအလင်


ခေါက်ဆွဲ၊ကြာဇံ အသင့်ကွယ်


ဟင်းခါးပူပူလေးပေါ့



ဒါလေးကတော့ ညနေစာလေးပါ


ဆက်ဖတ်ချင်သေးရင်...

Sunday, September 27, 2009

စားချင်စဖွယ် ဟင်းအမယ်


ရာသီဥတုကလည်းပူတယ်ဆိုတော့ သစ်သစ်ဒီနေ့ ညနေစာကို ပုန်းရည်ကြီး ထမင်းသုတ်လေး လုပ်စားဖြစ်ပါတယ် ။ ဓါတ်ပုံလေးထဲကအတိုင်းပဲ လုပ်စားဖြစ်ခဲ့တယ် ။ ဒီပုံလေးကတော့ အရင်တစ်ခါတုန်းက လုပ်စားတုန်းက ရိုက်ထားတဲ့ပုံလေးပါ ။ ဒီပုံရှိနေတော့ ထပ်ပြီးအသစ်မရိုက်တော့ပါဘူး ။


ပုန်းရည်ကြီးထမင်းသုတ်က လုပ်ရတာလည်းအရမ်းလွယ်ပါတယ် ။ ပြီးတော့မြန်ပြီးစားလို့လည်း မြိန်တဲ့မြန်မာ့ရိုးရာစားစရာ တစ်မျိုးပါပဲ ။ ကြက်ဥကြော်လေး ငရုပ်သီးကြော်လေးနဲ့ အလွန်တရာကို လိုက်ဖက်ပါတယ် ။ ဟင်းချိုကိုတော့ သီးသန့်ထပ်မလုပ်တော့ပဲ အလွန်မြန်ဆန်တဲ့ စွန်တန်ဟင်းချိုလေးကိုပဲ ငရုပ်သီးစိမ်း ကြက်သွန်ဖြူလေးတစ်ပြားရိုက်ပြီး ရေနွေးပူပူလေးမှာ ထည့်ပြီးလုပ်လိုက်တယ် ။ ပျင်းလွန်းလို့ဓါတ်ပုံလည်း မရိုက်တော့ဘူး ။ ခရမ်းချဉ်သီးအစိမ်းကြိုက်တတ်တဲ့သူအနေနဲ့ကတော့ ဒီလိုစိမ်းစိမ်းလေးတွေကို လှီးပြီးထိုင်စားရတာက အရသာတစ်မျိုးပဲလေ ။ ဘာပဲဖြစ်ဖြစ်အပျင်းတစ်နေတဲ့ သစ်သစ်အဖို့ကတော့ ဒီထမင်းသုတ်လေးက နတ်သုဒ္ဓာဖြစ်ခဲ့ရပါတယ်...။

ဆက်ဖတ်ချင်သေးရင်...

Sunday, September 13, 2009

တုံယမ်းဟင်းလေးတစ်ခွက်




ဒီနေ့ မနက် သစ်သစ် နိုးလာတော့ ၁၀နာရီခွဲနေပါပြီ ...။ လူက တစ်ညလုံးချောင်းတွေဆိုးပြီး အိပ်မရတော့ လူကတော်တော်ကို နုံးနေပါတယ် ။ ချောင်းတွေဆက်တိုက်ဆိုးတော့ ဆေးပူတွေလည်ပင်းတွေ ရင်ဘတ်တွေမှာ သက်သာအောင်လူး ရာသီဥတုကလည်းပူ ဆေးတွေကလည်း ပူနဲ့ လူကတော်တော်ခံစားရခက်ခဲ့ပါတယ် ။ နိုးလာတော့လည်း နေ့လည်ရောက်တော့မယ်ဆိုတော့ ကော်ဖီလည်းမသောက်ချင်တော့ဘူးလေ ဒါကြောင့်ရေခဲသေတ္တာထဲကို ၀ယ်ထားတာဘာကျန်သေးလဲကြည့်တော့ ပန်းဂေါ်ဖီ ရယ် ခရမ်းချဉ်သီးရယ် ပဲပြားရယ် ၀က်သားကြိတ်သားတစ်ဗူးရယ် ငရုပ်သီးစိမ်းလေးရယ်တွေ့တော့ တုံယမ်းလေးချက်စားမယ်ဆိုပြီး အားလုံးကိုအပြင်ထုတ်လာခဲ့လိုက်တယ် ။ ဒီအပတ်က သစ်သစ်ဈေးကိုဆင်းမ၀ယ်ဖြစ်ပါဘူး နေမကောင်းတော့ချက်မစားရင် အသီးအရွက်တွေက မလတ်ဆတ်ဘူးထင်လို့ ပြီးတော့ ဒီပိတ်ရက်မှာ အိမ်ကလည်းပို့လိုက်မယ်ဆိုတော့ ဘာမှကိုဝယ်မထားလိုက်ပါဘူး ။

ဒါကြောင့်လည်း ဒီဟင်းချိုက လက်ကျန်ရှင်းတမ်းဖွင့်တယ်လို့ ခေါင်းစဉ်တပ်လည်းရပါတယ် ။ တုံယမ်းအနှစ် နဲ့ ပန်းဂေါ်ဖီ နဲ့ကို အရင် ရေဖုံးရုံလေးတည်လိုက်ပါတယ် ။ နည်းနည်းဆူလာပြီဆိုမှ ကြိတ်သားလေးတွေကို ဆား၊ဆနွင်းလေး နယ်ပြီးလုံးလိုက်ပါတယ် ။ နောက်ရေတ၀က်ခန့်ထည့်ပြီး အသားလုံးလေးတွေ နူးအောင်တည်လိုက်ပါတယ် ပွက်ပွက်ဆူလာတော့ အပေါ့အငံလေးမြည်းပြီး ပဲပြား ကိုထည့်ဖို့ပြင်ပါတယ် ခဏလောက်နေတော့ နောက်ဆုံးမင်းသမီးဖြစ်တဲ့ ခရမ်းချဉ်သီးတွေကို ထည့်ပြီး အနည်းငယ်ပျော်သွားတာနဲ့ ငရုပ်သီးစိမ်းလေး အုပ်ပြီးမီးပိတ်လိုက်ပါတယ် ။ ဟင်းအိုးကိုတော့ ခွင်ပေါ်ကချက်ချင်းမချပါဘူး အပူငွေ့လေးနဲ့ပွက်စေပါတယ် ။ နောက်ဆုံးတော့ သစ်သစ်သောက်ချဉ်တဲ့ ချဉ်စပ်လေးတစ်ခွက်ရလာပါတယ် ။ ပုစွန် နဲ့ ငုံးဥ လေးထပ်ထည့်ချင်ပေမယ့် အောက်ဆင်းပြီးသွားဝယ်ရမှာကြောင့် မပြည့်စုံပေမယ့် နလံထစ သစ်သစ်အတွက်တော့ တော်တော့်ကိုအဆင်ပြေတဲ့ ဟင်းတစ်ခွက်ပါပဲ ...။

နေ့လည် မမအွန်လိုင်းလာတော့ ဒီနေ့ဒါချက်စားတယ်ဆိုတော့ သူကဆီထည့်လားတဲ့ သစ်သစ်ကလုံးဝဆီ အချိုမှုန့် မထည့်ပါဘူး ။ တုံယမ်းက အရောင်တွေကဆီလိုတက်နေတာပါ ။ ဒီနေ့တော့ဘာပို့စ်တင်ရင်ကောင်းမလဲ စဉ်းစားရင်း အမြဲတမ်းကိုယ့်အကြောင်းတွေပဲ တင်နေလို့ စာဖတ်တဲ့သူတွေကို အပြောင်းအလဲလေးဖြစ်အောင် သစ်သစ်ရဲပိတ်ရက်နေ့လည်စာ ချက်ပုံလေးကို တင်လိုက်ပါတယ်နော်။ ဘာပညာရပ်မှ မပါပေမယ့် နေမကောင်းဖြစ်လို့ ပါးစပ်တွေပျက်နေရင် ဒီဟင်းလေးက ပေါ့ပေါ့ပါးပါးနဲ့ ချက်ရလွယ်ပြီး စားလို့ကောင်းလို့ စာဖတ်သူတွေကို ပို့စ်လေးရေးပြီးမျှဝေလိုက်ပါတယ်...။

ဆက်ဖတ်ချင်သေးရင်...

Friday, August 14, 2009

တကယ် မရည်ရွယ်တာပါ

့ဒီနေ့ သောကြာဆိုတော့ အိမ်ရောက်ရင်တစ်ခုခုစားဖို့ စဉ်းစားပြီးသားပါ ။ ဒါနဲ့တစ်ခါမှ မလုပ်ဖူးတဲ့ ကြေးအိုးလုပ်မယ်ပေါ့နော် ။ လုပ်ပုံလုပ်နည်းကိုလည်း မေးလိုက်ရတာ လူကုန်ပါတယ် ။ မလုလုဘလော့က လုပ်နည်းကိုတောင် ရုံးကနေ ပရင့်ထုတ်သွားခဲ့သေးတယ် ဒီလိုကြိုးစားတာလေ ...ဟိဟိ ။ ရထားပေါ်မှာလည်း စဉ်းစားလာရတာ အမောပါ ဒီလိုနဲ့ဆင်းရမယ့် ဘူတာရောက်တော့ ဈေးဝင်ဝယ်ဖြစ်တယ်လေ ။ အဲဒီအချိန်လေးမှာပဲ ဘယ်လိုမှမစဉ်းစားထားတဲ့ သူတို့တွေက ကိုယ့်ကိုမြူဆွယ်လာခဲ့တယ်လေ အစုံပါပဲ နားရွက် ၊ အသဲ ၊ နှလုံး ၊ ကျောက်ကပ် ၊ အူချို ၊ အူမကြီး ၊ အသားပေါ့နော် ။ ကိုယ့်လက်တွေ သူတို့ဆီကို လှမ်းမိသွားခဲ့တယ် ။ သူတို့နဲ့ပက်သက်တဲ့ ကြာဆံကြော်ဖို့ ဂေါ်ဖီထုပ် နားရွက်သုတ်မှာ ထည့်မယ့်သခွားသီး အိုးးးးး အစုံပါပဲလေ ။ ကိုယ်ပိုက်ဆံရှင်းပြီးလို့ အပြင်ရောက်တဲ့အချိန်မှာ ကိုယ့်လက်ထဲမှာ ငရုပ်သီးဆော့စ်ရယ် ၊ ဂျင်း ကြက်သွန်ဖြူဆော့စ်ရယ် က ကိုင်ရက်သားလေး ဖြစ်နေပြီလေ ။ မှားလား မှန်လား စဉ်းစားရင်း ကိုယ်စီးရမယ့် ၉၇၀ ရောက်လာခဲ့တယ် ။ ဒီလိုနဲ့ အိမ်ရောက်ပြီး ၇နာရီ က စချက်လိုက်တာ ည ၉နာရီမှာ ပန်းကန်ထဲက ပုံစံဖြစ်လာခဲ့တယ်လေ ။ တကယ်ကို မရည်ရွယ်ခဲ့ပါဘူး နောက်ဆုံးတော့လည်း မတတ်နိုင်ပဲ ပုံလေးရိုက်ပြီး အဆူခံမယ်ဆိုပြီး ဒီပို့စ်လေးရေးလိုက်မိပါတယ် ။
စားပြီးတော့ ကိုယ်ကပိန်ချင်သူမဟုတ်လား ။ ဒီသေးသွယ်တဲ့ ပါးစပ်လေးကို မထိန်းနိုင်လို့ ဒီလိုမလှမပ ကိုယ်ခန္ဓာရလေခြင်း ဆိုတဲ့ နောင်တတရားကို ရင်ဝယ်ပိုက်ပြီး အောက်ကခွက်ထဲကလို သံပရာသီးလေးပေါင်းများစွာကို ပွက်ပွက်ဆူနေတဲ့ ရေနွေးမှာ မညှာမတာစိမ်ပြီး အစေ့များကို အညှိုးကြီးစွာဝါးစားခဲ့ရတယ်လေ ။ တတ်နိုင်ဘူး ကမ္ဘာမီးလောင် သားကောင်ချနင်း ဆိုလားပဲ....။ မှားရင်ပြင်ပေးဦးနော်..ဟိဟိ ။

ဒီပို့စ်ရေးပြီးသော အခါသမယတွင် အဆီရစ်ကာ လေလေးတဖြူးဖြူုးဖြင့် စက်တော်ခေါ်ရန် ကုတင်ကိုပြူးကာပြဲကာ ရှင်းနေရပါတော့လေသတည်းးးးးးးးးးးးး ။

ဆက်ဖတ်ချင်သေးရင်...