Sunday, September 27, 2009

စားချင်စဖွယ် ဟင်းအမယ်


ရာသီဥတုကလည်းပူတယ်ဆိုတော့ သစ်သစ်ဒီနေ့ ညနေစာကို ပုန်းရည်ကြီး ထမင်းသုတ်လေး လုပ်စားဖြစ်ပါတယ် ။ ဓါတ်ပုံလေးထဲကအတိုင်းပဲ လုပ်စားဖြစ်ခဲ့တယ် ။ ဒီပုံလေးကတော့ အရင်တစ်ခါတုန်းက လုပ်စားတုန်းက ရိုက်ထားတဲ့ပုံလေးပါ ။ ဒီပုံရှိနေတော့ ထပ်ပြီးအသစ်မရိုက်တော့ပါဘူး ။


ပုန်းရည်ကြီးထမင်းသုတ်က လုပ်ရတာလည်းအရမ်းလွယ်ပါတယ် ။ ပြီးတော့မြန်ပြီးစားလို့လည်း မြိန်တဲ့မြန်မာ့ရိုးရာစားစရာ တစ်မျိုးပါပဲ ။ ကြက်ဥကြော်လေး ငရုပ်သီးကြော်လေးနဲ့ အလွန်တရာကို လိုက်ဖက်ပါတယ် ။ ဟင်းချိုကိုတော့ သီးသန့်ထပ်မလုပ်တော့ပဲ အလွန်မြန်ဆန်တဲ့ စွန်တန်ဟင်းချိုလေးကိုပဲ ငရုပ်သီးစိမ်း ကြက်သွန်ဖြူလေးတစ်ပြားရိုက်ပြီး ရေနွေးပူပူလေးမှာ ထည့်ပြီးလုပ်လိုက်တယ် ။ ပျင်းလွန်းလို့ဓါတ်ပုံလည်း မရိုက်တော့ဘူး ။ ခရမ်းချဉ်သီးအစိမ်းကြိုက်တတ်တဲ့သူအနေနဲ့ကတော့ ဒီလိုစိမ်းစိမ်းလေးတွေကို လှီးပြီးထိုင်စားရတာက အရသာတစ်မျိုးပဲလေ ။ ဘာပဲဖြစ်ဖြစ်အပျင်းတစ်နေတဲ့ သစ်သစ်အဖို့ကတော့ ဒီထမင်းသုတ်လေးက နတ်သုဒ္ဓာဖြစ်ခဲ့ရပါတယ်...။

6 comments:

  1. အစားတလုပ်အတွက် အတော်ပြင်ဆင်ကြသကွယ်။ အားကျပါဘိ။

    ReplyDelete
  2. မပြင်ချင်ဘူး ပြင်ပြီးသားဘဲ စားတော့မယ်

    ReplyDelete
  3. ထောထောစားမယ့်အစာတွေကို အဲလိုတစ်ခါမှလှလှဖြစ်အောင်မပြင်ဖူးဘူး ဓာတ်ပုံ၇ိုက်ဖို့တောင် စားပြီးမှသွားသတိရတာများတယ် ဟီးး မမသစ် ဂတိ မမေ့ရဘူး စားဖို့အသင့်ရှိနေတယ် :)

    ReplyDelete
  4. အစားအစားကိုမစားခင်ဓါတ်ပုံရိုက်တဲ့အဆင့်ကိုမရောက်သေးဘူး
    ဟဲဟဲ ..ကုန်သွားမှသတိရလို့ 

    ReplyDelete
  5. အဲလို စားပြီဆို သူမေ့ပြီ စားဖို့  လှမ်းမခေါ်တဲ့အတွက်
    အဲ့ ပုန်းရည်ကြီးထမင်းလို မဲမဲကြီးဖြစ်ပါစေ ငရုပ်သီးလို စပ်ပူစပ်လောင်ကြီးဖြစ်ပါစေ နံ၂ပင်လို နံပါစေ ဟွန့်  နောက်မခေါ်ရင် ရှင်ခန်းရော သေခန်းပါပြတ်

    ReplyDelete
  6. စားချင်လိုက်တာကွယ်၊ လုပ်ကျွေးပါ

    ReplyDelete