Saturday, September 5, 2009

ဘွားဘွား သစ်သစ်


သစ်သစ်မှာ တစ်ဦးတည်းသော တူမအရင်းရှိပါတယ် ။ သူက စလုံးရောက်တာ ကြာပါပြီ သူက သစ်ကိုစလုံးလာဖို့ အများဆုံးတွန်းအားတွေပေးပြီး အကူအညီတွေအများကြီးပေးခဲ့တဲ့သူပေါ့...။ သူ နဲ့ သစ် က အမေဘက်ကတော်ရတဲ့ အမျိုးပါ အသက်ကတော့ တူမပေမယ့် သူကသစ်ထက် ၆လလောက်ကြီးပါတယ် ။ ငယ်စဉ်ကတည်း က ပြိုင်တူလိုအမျိုးတွေကြားမှာ ရွယ်တူတွေလို ကြီးပြင်းလာကြတာပါ ။ သူကတော့ ဆယ်တန်းအောင်ပြီးကတည်းက ဒီမှာကျောင်းလာတက်တဲ့သူပေါ့နော် ...။


သစ် ဒီကိုမလာခင် သူဖားအံမှာပြန်ပြီး မင်္ဂလာဆောင်ပါတယ် ..။ ဒီလိုနဲ့ပဲ အဆက်အသွယ်မရှိပေမယ့် တစ်နေ့သူကလူကြုံနဲ့ သစ် ဆီကိုလိုက်လာဖို့ ဖိတ်ခေါ်စာပို့လိုက်ပါတယ် ။ သစ်ကလည်း ရန်ကုန်မှာ ရှုပ်ထွေးနေချိန်ဆိုတော့ ထွက်လာဖို့စဉ်းစားလိုက်ပါတယ် ။ သစ် ဒီကိုရောက်တော့ သူကတော်တော်ကူညီခဲ့ပါတယ် တစ်ညလုံးမအိပ်ရသေးပေမယ့် သစ်နောက်ကိုလိုက်ပါတယ် ။ စိတ်မချလို့တဲ့ သစ် နဲ့ကလည်း အရင်းဆုံးအမျိုးဆိုတော့ သူကတက်တက်ကြွကြွ ကို ကူညီပါတယ် ။

ဒီလို နဲ့ ဒီမှာက သိတဲ့အတိုင်းပဲ အလုပ်လုပ်ပြီဆိုတာနဲ့ကို တပတ်တစ်ရက်ကို ဖုန်းဆက်ဖို့မေ့နေတတ်ပါတယ် ။ သူ့အမေက ဒီမှာလာနေတော့ အပတ်တိုင်းလိုလို သစ်ကိုဖုန်းဆက်ပါတယ် ။ လာခဲ့ဖို့လည်းပြောပါတယ် သစ်ကလည်း ၃လ တစ်ခေါက်တောင် ရောက်ဖို့အနိုင်နိုင်ပါ ။ သူ့အမေက သစ်နဲ့ညီအမတော်ပါတယ် ။ သစ်ကို စိတ်ပူပါတယ် အမြဲလိုလို သတင်းတွေမေးတတ်ပါတယ် ။

ဟိုတစ်လောက သစ် အလည်သွားတော့ သစ်တူမမွေးထားတဲ့ ကလေးကတော်တော်ကြီးနေပါပြီ ။ သစ်ကလည်း ကလေးသိပ်ချစ်တတ်တော့ မြင်တာနဲ့ကို အရမ်းချစ်ပြီး အသဲကလည်းယားတယ် သူလုပ်သမျှလိုက်ကြည့်နေတောတာပေါ့...။ အဲဒီအချိန်မှာ ဗုံးတစ်လုံးအလား ကြားလိုက်ရတဲ့စကားက သစ်သစ်ရဲ့ကုန်လွန်ခါနီး ဒုတိယအရွယ်ကို တပ်လန့်လိုက်သလိုပါပဲ ။ အဲဒါကတော့ သူ့မေမေက ကလေးကိုသင်ကြားလိုက်တဲ့ စကားလေးပါ ဘာလဲဆိုတော့ သမီးလေး ဘွားဘွားလို့ခေါ်လိုက်လေတဲ့....း( ။ ရှင်ချင်တယ် တကယ်ကိုခံစားလိုက်ရပါတယ် ငါဟာ ဘွားဘွားရာထူးရောက်နေပြီပေါ့နော် .. ။ ပြန်လာတော့လည်း လမ်းမှာစဉ်းစားလာတာ အိမ်ပြန်ရောက်တဲ့အထိပါပဲ..။ အော်...ငါ့နှယ့်နော် ဘွားဘွားသစ်သစ်တောင် ဖြစ်နေပါရောလား ဟင့် ။

6 comments:

  1. ဟားဟား
    ၀ါ အတော် ကြီးပါပေါ့လား။
    ကိုယ်တော့ တူ တူမတောင် မရှိပေါင်။

    ReplyDelete
  2. ဟဟ..တော်တော်ရယ်လိုက်ရတယ်..ဂုဏ်ရှိန်ဝါတွေက တော်တော်လေးကို
    ကြီးနေပြီပေါ့ဗျာ

    ReplyDelete
  3. ဟိဟိ ဘွားဘွားသစ် လို့  ကလေးလေးက ခေါ်တာပေါ့ သာမီးကတော့ ဘွားဘွားသစ်လို့  ခေါ်ဘူးနော့် ဘွားဘွားသစ်လို့ ခေါ်ရင် တတိယအရွယ် ဖြစ်သွားမှာနော့် ခု ဒုတိယအရွယ်ဆိုတော့ ဘွားဘွားသစ်လို့ ခေါ်ဖို့ လိုသေးဘူးနော့ သူများတွေ ဘွားဘွားသစ်လို့ ခေါ်လည်း သာမီးက ဘွားဘွားသစ်လို့  တကယ်ကြီး ခေါ်ဘူးနော့ ထောထောက ဘွားဘွားသစ်ခေါ်လည်း သာမီးက ဘွားဘွားသစ်ခေါ်ဖူးနော် တကယ်ပြောတာနော် ဘွားဘွားသစ်လို့ ခေါ်ဖူးနော် ယုံနော်

    ReplyDelete
  4. ကလေး လေးက ဖြူဖြူဖွေးဖွေးချစ်စရာလေးနော့ ကလေး လေးရဲ့  ဘွားဘွားသစ်ရာ သာမီးကတော့ ဘွားဘွားသစ်တကယ်ခေါ်ဖူးနော် ရှေ့ ဘွားဘွားသစ်က ကလေး လေးကိုယ်စား ခေါ်ပေးတာနော်

    ReplyDelete
  5. အာ..ဘွားသစ် ဘွား...သစ် အာဘွားလို့ ပြောတာနော် ဘွားဘွားလို့ ခေါ်တာဟုတ်ဘူး.. ဟက်ဟက် ..

    ReplyDelete
  6. ဟီးဟီးဟီး ဖွားဖွားသစ်သစ် မီးမီးလာဖတ်သွားတယ်နော်.း)))

    ReplyDelete