Tuesday, September 22, 2009

ယုံကြည်တယ်





ချာတိတ်ခေါ်တဲ့
သံချိုချို
ကိုယ့်ရင်ထဲမှာ ဘ၀င်တွေဖို

နေ့တွေညတွေ
သူပျောက်သွား
ကိုယ်တစ်ယောက်တည်း လွမ်းတယ်တအား

ပေါ်လာပြန်တဲ့
အချိန်တွေဆို
ပျော်နေပုံအား မြင်စေလို

မြည်လေမလား
မျှော်နေရ
နံပါတ်လေးများ ပေါ်လာမလား

လိုချင်ပြန်တယ်
အရင်ချိန်များ
တကယ်ကိုပင် ဂရုစိုက်တအား

ယုံကြည်နေတယ်
ကိုယ့်ရင်မှာ
တနေ့နေ့တော့ ပြန်လာမှာ


8 comments:

  1. အိုအို ဇွတ်ကြီးပါလားနော်

    ReplyDelete
  2. အင်းးးးးးးးးးးးးး ... ဘာပြောရမှန်းထောမသိလို့ပါ

    ReplyDelete
  3. မသိတာများရေးနေသေးတယ် ဟိဟိ

    ReplyDelete
  4. သိဘူးလေ ဖတ်ပြီးကြောင်းပြချင်တာကိုလို့ ဘာပြောရမှန်းလဲမသိတော့ ဟီးး

    ReplyDelete
  5. ချာတိတ်လို့  အခေါ်ခံချင်လိုက်တာ (အချိန်ကုန်တာမြန်တာ စောမွေးတာ တပန်းရှုံးတယ်)
    ညတွေပဲ ပျောက်၂သွားတယ် (အိပ်ချိန်နည်းလို့ )
    ပေါ်မှာပေါ့ ဖော့တုံးကို (ဘာမဆိုင် ညာမဆိုင် အာခိမိဒိကို ထပ်သတိယတယ်)
    မြည်သံ ဟုတ်လား (မုန်းလွန်းလို့  မနက်မနက် သံပတ်မြည်သံကို)
    အရင်အချိန်တွေတော့ မလိုချင်ဘူး (စာကျက်ရမှပျင်းလို့ )
    ယုံကြည်တယ် ယုံကြည်တယ် အော် ငါတနေ့  အိုရဦးမယ် နာရဦးမယ် ဆိုတာကို ဇရာ ဇရာ တနေ့ နေ့ တော့ ရောက်လာဦးမှာ

    သူများခံစားချက်ကို ဖျက်လို့ ဖျက်ဆီးလုပ်တာမဟုတ်ပါဘူး တို့ အမှန်အကန် ခံစားရတာကို ရေးတာပါ (ယုံကြည်ပေးပါ)

    ခုရေးတာကို မေဖလားဝါးလို့  ထင်နေမလားမသိ ထင်သောသူ ----------- ပါ

    ReplyDelete
  6. ရိပ်မိနေသလိုလိုပဲ
    :D

    ReplyDelete
  7. ဒါနဲ့ပဲ ကျရှုံးတော့မယ်.. မြင်ယောင်နေတယ် ဒေါ်ဆုံ

    ပြောတော့တော့ မဖြစ်နိုင်ပါဘူးလေး ဘာလေးနဲ့.. အဟတ်

    ReplyDelete