Sunday, September 6, 2009

သုံးသပ်မိတဲ့ အချိန်များ

ဒီ ပိတ်ရက်လေးမှာ သစ်သစ် ကိုယ့်ဘာသာကိုယ် တော်တော်များများ ပြန်စဉ်းစားမိပါတယ် ။ အဓိက ကတော့ ကုန်လွန်ဖြတ်သန်းခဲ့တဲ့ ကိုယ့်ဘ၀လေးကို ပြန်သုံးသပ်ကြည့်တာပါ ။ အပိုင်း ၃ ပိုင်းခွဲပြီး သစ် စဉ်းစားခဲ့ပါတယ် ။ ကလေးဘ၀ ၊ ကျောင်းသူဘ၀ ၊ လုပ်ငန်းခွင်ဝင်တဲ့ ဘ၀ပေါ့နော် ....။



ကလေးဘဝ
အဲဒီ ကလေးဘ၀တုန်းက သစ်သစ် မိဘတွေကို ဘယ်လို ဒုက္ခတွေပေးခဲ့လဲဆိုတဲ့ အရာကိုစပြီး စဉ်းစားခဲ့ပါတယ် မဆိုးဘူးနော် ထူးထူးခြားခြား သိပ်မရှိပါဘူး ။ ၄တန်းလောက်က မျက်စိခွဲတာလေး တစ်ခုကတော့အမှတ်တရပေါ့နော် ...။

ကျောင်းသူဘဝ
အင်း ....အထက်တန်းကျောင်းသူ ဘ၀ကလည်း ထင်သလောက်မတော်ပေမယ့် ညံ့တဲ့စာရင်းထဲလည်း မပါခဲ့တာတော့ သေချာတယ် ဆရာ့.....။ မိဘတွေမှန်းသလို မဖြစ်ပေမယ့်လည်း ထင်သလောက်လည်း အောက်ကိုမနိမ့်ခဲ့ပါဘူးလေ ..။ မျက်နှာပန်းမလှပေမယ့်လဲ အထင်သေးတော့လည်း မခံရပါဘူးလေ ကိုယ့်ဘာသာဖြေတွေးနေသလိုပဲ...ဟိဟိ။

လုပ်ငန်းခွင်ဝင်တဲ့ဘဝ
ကျောင်းပြီးတော့လည်း ယောင်ချာချာတွေ မဖြစ်ခဲ့ဘူး သူ့ဟာနဲ့သူကတော့ ဆက်တိုက်လိုလုပ်ဖြစ်နေတာပါပဲ လုပ်စရာမရှိရင်တောင် သစ်သီးဖျော်ရည်သင်တန်း သွားတက်တာလေ ..ဟိဟိ။ တက်လိုက်တဲ့သင်တန်းကလည်း မရိုးရသလို တစ်ခါမှလည်း မနားရပါဘူးလေ ။ အလုပ်မှာလည်း အထူးအထွေ စိတ်ညစ်စရာမရှိပဲ ချစ်စရာကောင်းတဲ့ဆရာရဲ့ လမ်းညွှန်မှုအောက်မှာ မှန်ကန်တဲ့လမ်းကြောင်းကိုရွေးချယ် နိုင်ခဲ့တယ်လေ ။

သစ်သစ် သေချာလေးတွေးမိတာကတော့ စလုံးရောက်ပြီးမှ ကိုယ့်အခြေအနေကိုယ်ပါ လုံးဝကိုအားမရပါဘူး ။ ကြိုးစားအားထုတ်မှု ညံ့ဖျင်းသလို အချိန်တော်တော်များများ စားသုံးခြင်းကိုခံနေရတယ်လို့ စိတ်ကခံစားမိနေတယ် ။ ဒီတော့ ကိုယ့်ဘာသာလည်း အားပေးရပါတယ် ကျန်ခဲ့တဲ့၂နှစ်လောက်ကို ထားခဲ့လိုက်တော့ပေါ့နော် ပြန်မှမရတော့တာ ဟုတ်တယ်မှတ်လား ။ နောက်ပိုင်း အချိန်တွေကို ဒီလိုလေးမဖြစ်အောင် ငါ့ရဲ့နေထိုင်မှုကို ဘယ်လိုပုံစံပြောင်းမလဲ ဆိုတာလေးကို အလေးအနက်တွေးဖြစ်ခဲ့တယ် ။ ၂၀၀၉ အတွက်တော့ ပြင်ဆင်ခွင့်အချိန်ထားလိုက်ပေမယ့် နောက် ၂၀၁၀ ကစပြီး ဘယ်အချိန်မှာ ဘာဖြစ်ရမယ်ဆိုတဲ့ ပလန်လေးနဲ့လှုပ်ရှားဖို့ ဆုံးဖြတ်ချက်ချမိတယ် ။ အသက်ဆိုတာက ငယ်မသွားဘူးလေ ပြီးတော့ကိုယ်ကလည်း ကျန်းမာလွန်းတဲ့သူမဟုတ်တော့ ဘယ်အချိန်ဘယ်အရာက ထဖောက်မလဲဆိုတာ ကိုယ့်ဘာသာ တပ်လန့်ထားရတာကလည်း တစ်မျိုးပါပဲ ။

အဓိက ကတော့ မိဘပေါ့နော် ... ကိုယ့်မိဘတွေကို ဘာတွေထပ်လုပ်ပေးနိုင်ဦးမလဲ ငွေကြေးအပြင်ပေါ့နော် သူတို့တွေ ဒီအချိန်မှာ ဘာတွေလိုအပ်နေလဲဆိုတာမျိုးပေါ့ မျက်ခြေမပျက်ကို အကဲခတ်နေရမယ်လို့လည်း စဉ်းစားမိတယ် ။ အရင်ကဆို ဖုန်းပြောရင် နေကောင်းလား ထမင်းစားရဲ့လား သမီးကတော့ ကောင်းပါတယ် ဒီလိုပဲပြောဖြစ်တယ် ခုနောက်ပိုင်းတော့ မိဘတွေပြောဖြစ်အောင် လမ်းဖွင့်ပေးတာများတယ် ။ တော်ရုံတန်ရုံကတော့ သစ်မိဘတွေက ပြောကိုမပြောကြဘူး သစ်ကသာတောက်လျှောက်မေးနေမှ ဟိုတစ်စ ဒီတစ်စထွက်လာတတ်တာလေ ။ အခုဆို ပိတ်ရက်မရောက်ခင်ညတိုင်းအမကို အွန်လိုင်းလာခိုင်းထားရတယ် တပတ်တာအိမ်မှာ မိဘတွေဘာလုပ်လဲဆိုတာ သူ့ကိုမေးထားရတယ် ဒါမှကိုယ်ဖုန်းဆက်ရင် စကားတည်ရတာ အဆင်ပြေတယ် ။ ဘာပဲဖြစ်ဖြစ် နောက်ပိုင်းအချိန်တွေပလန်ချတဲ့နေရာမှာလည်း မိဘဖြစ်စေချင်တာတွေကို ဦးစားပေးချဖြစ်တယ်ဆို ပိုမှန်မလားပဲ...။ ကိုယ့်ဘာသာတွန်းအားမပေးလို့တော့ မဖြစ်တော့ဘူးလေ ကိုယ်လူ့ဘ၀ရဲ့သက်တမ်း တစ်ဝက်ကျော်ကို အသုံးချခဲ့ပြီးပြီလေ ဘာမှဖြစ်မလာဘူးလို့ မပြောနိုင်ပေမယ့် ကိုယ်ဖြစ်ချင်တဲ့အနေအထားတစ်ခုကို မရောက်ခဲ့တာတော့သေချာတယ်လေ ။ နောက်ဆုံး ကောက်ချက်ချလိုက်တာကတော့ ကိုယ်ဒါထက်အများကြီး ကြိုးစားဖို့လိုနေသေးတယ်ဆိုတာပါပဲ ....။

3 comments:

  1. ဖတ် (စဉ်းစားစရာလေးရသွားလို့  စဉ်းစားနေတယ်)

    ReplyDelete
  2. စဉ်း............စား........နေ.........တယ် ........

    ReplyDelete
  3. ထောက ပလန်တော့ချထားတယ် ဒါပေမယ့် အခြေအနေအရ ပလန်က အသစ်ပြင်ဖို့လိုနေတယ် ခုချိန်ထိမပြင်ရသေးဘူး ဒီအားလပ်ရက်တစ်ရက်တော့ လုပ်ဖြစ်အောင်လုပ်ဦးမယ် ရန်ကုန်ကပြန်ရောက်ပြီးမှ အပျင်းထူနေတာ ဘာမှကိုမလုပ်ချင်ဘူး ဒါလည်းရောဂါတစ်မျိုးပဲထင်ပါ့

    ReplyDelete