Thursday, September 24, 2009

လမ်းပျောက်သူ


ဒီနေ့ တစ်ခုခုကို ချရေးချင်နေတာ စိတ်ထဲကမအီမသာနဲ့ ဘာတွေဖြစ်နေမှန်းမသိဘူး ။ ဘာနဲ့တူလည်းဆိုတော့ လုပ်စရာတွေက အများကြီးလုပ်ဖို့က အချိန်မရှိတော့ဘူး အဲဒီဖီလင်မျိုး ခံစားနေရတယ် ။ တစ်ခါတစ်လေလည်း ခံစားမှုကနယ်လွန်တတ်သေးတယ် ။ လုပ်ချင်တာက အသိတရားဝင်ရင် အရမ်းများလေ့ရှိတယ် ။ ကောက်ရိုးမီးလိုပါပဲ သစ်သစ်စိတ်က တော်တော်နားလည်ရခက်ပါတယ် ။


လူတိုင်းမှာ ရည်မှန်းချက်ကိုယ်စီနဲ့ပါပဲ ဒါပေမယ့် အကောင်အထည်ဖော်ဖို့ကတော့ လွယ်လွယ်နဲ့ဖြစ်မလာတတ်ပါဘူး ။ ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့စိတ်နဲ့သူကိုတော့ စိတ်ဓါတ်ပြင်းသူတဲ့ လုပ်ကြည့်မယ် မဖြစ်ရင်လည်း ကံတရားပဲဆိုသူက စိတ်ပျော့သူတဲ့ လုပ်မနေတော့ပါဘူးဟာ ဆိုတဲ့သူက ရည်ရွယ်ချက်မဲ့သူတဲ့...။ ကဲ သစ်သစ်ကရော ဘယ်ထဲပါနေလဲ ။ တစ်ယောက်သောသူကတော့ ပြင်းပြင်းထန်ထန်ဝေဖန်သွားပါတယ် လမ်းပျောက်နေသူတဲ့....း ( ။

6 comments:

  1. မအီမသာ ဖြစ်နေတယ် (အင်းးးးးးးးးးးးးးး စဉ်းစားစရာပဲ ဟိ)
    ခံစားမှု နယ်လွန် (စိတ်နယ်လွန်ပဲ ကြားဖူးတယ်)
    ကောက်ရိုးမီး (ဟုန်းကနဲ တောက် ဟုတ်ကနဲ ငြိမ်း)
    လမ်းပျောက်နေတာများ သစ်ရယ် စော၂က ကောက်ရိုးမီးလေးနဲ့  ရှာလိုက် သွားလိုက် လုပ်ပါ (တို့ ဆို အဲ့လို လမ်းမပျောက်အောင် အမှောင်ထဲမှာ မီးမထွန်းပဲ သွားတတ်အောင် လေ့ကျင့်ထားတယ်)
    အားတင်းထားပါ စိတ်ဓါတ်မကျပါနဲ့  ဒုတိယအရွယ်ပဲရှိပါသေးတယ်

    ReplyDelete
  2. စကားမစပ် ကောက်ရိုးမီးက အောက်ပြည်ဘက်က ကောက်စိုက်သမတွေအတွက်တော့ တော်၂အသုံးဝင်ဆိုပဲ
    ဘာလို့ လဲ မမေးပါနဲ့  သိချင် ၀ယ်ဖတ် ၂ ကျပ်ပါ (အမေကြီးကန် ဒေါ်လာ)

    ReplyDelete
  3. တူနေတယ်ကွယ်

    ReplyDelete
  4. အင်း သစ်ရေးတော့မှ စာမေးပွဲ တခုဖြေမယ့် Target ကို မလုပ်ဖြစ်သေးတာ သတိရသွားပြီ ကျေးဇူးသစ် ကိုယ့်ကို အသိတရားရစေလို့ 

    ReplyDelete
  5. ကိုယ်လည်းပဲ
    အကုသိုလ်ထဲ အချိန်ဖြုန်းပြီး တ၀ဲဝဲလည်...

    လုပ်မယ်လို့ စိတ်ကူးထားတာတွေထဲက ရုပ်ရှင်ကြည့်တာ တစ်ခုပဲ လုပ်ဖြစ်သေးတယ်။ မရီနဲ့နော် တကယ်ပြောတာ။

    ကိုယ်က ရုပ်ရှင်ကြည့်ဖို့ သိပ်ပျင်းတာ။
    Listing အတွက် ကြည့်ကိုကြည့်မှလို့ ကိုယ့်ဘာသာ ဆုံးမပြီး ကြည့်ရတာ။

    ReplyDelete
  6. လူတိုင်းကြုံရတက်တယ်မသစ်ရေ...လုပ်ချင်တာကိုသာအရင်
    လုပ်လိုက်....:D

    ReplyDelete