Monday, September 21, 2009

ဝါသနာတစ်ခု


မျှစ်ချဉ်နဲ့ဝက်သား




မုန့်နှစ်နဲ့ပုစွန်ကြော်


မှိုနဲ့ကန်စွန်းရွက်


သရက်ချဉ်သုတ်


ငပိချက်


တို့စရာအစုံအလင်


ဒီလိုထမင်းပွဲ


သစ်သစ်တစ်ယောက် အချိန်လည်းရလို့ ချက်ချင်စိတ်ပေါက်ရင် အဲလိုမျိုးတစ်ယောက်တည်း ဖွယ်ဖွယ်ရာရာလည်း ချက်တတ်သေးတယ် ။ ချက်ပြီးရင်တော့ တစ်ယောက်တည်းမောပြီး မစားနိုင်ဘူးလေ ...။ အဲလိုချက်ရတာ ၀ါသနာကိုပါတယ် ။ ဘယ်ဟာကိုဘယ်လိုချက်ရင် ကောင်းမလဲဆိုတာလည်း အားရင်စဉ်းစားတတ်သေးတယ် ။ သစ် ဒီလိုချက်တယ်ဆိုတာကို သစ်အဖေကမယုံပါဘူး ရန်ကုန်မှာဆို သစ်သစ်က တစ်ခါမှကိုချက်ပြုတ်တတ်တဲ့သူ မဟုတ်ဘူးလေ ။ အချောင်ခိုတာ ဟိဟိ ။ ခုတော့လည်း ကိုယ်ချက်မှကိုယ်စားရမယ်ဆိုတော့ မဖြစ်မနေချက်ရပြီပေါ့ကွယ် ။ အမြဲတမ်းမချက်ပေမယ့် စိတ်ကူးပေါက်ရင် အဲလိုလေးချက်လိုက်ရတာကိုယ်က စိတ်အပန်းဖြေနည်းတစ်မျိုးလို ဖြစ်နေပြန်ရောလေ...။ လူတစ်ကိုယ်စိတ်တစ်မျိုး ဆိုသလိုပါပဲလေ ...။ လူကသာတစ်ယောက်တည်း ချက်လိုက်ရင်တော့အများကြီးပဲ ပြီးရင်ဗူးတွေနဲ့လည်း ထည့်တတ်သေးတယ် ။ နောက်နေ့ပြန်စားလာဆိုတော့လည်း ကြုံရင်တော့လည်း စားတာပေါ့ ။ မစားချင်ရင်တော့လည်း ၀ဲလိုက်တာများပါတယ် ။ တစ်ယောက်တည်းချက်ရတာ တကယ်တော့လည်း မကိုက်ပါဘူး ပစ်ရတာများတယ်လေ ...။ ဒါပေမယ့် ကိုယ့်ဝါသနာဆိုတော့လည်း ချက်လိုက်ရမှ နေသာထိုင်သာရှိပြန်တယ် ...။ ကိုယ့်ဝါသနာကတစ်ခုကို ချရေးရင်း ပို့စ်လေးတစ်ပုဒ် ဖန်တီးဖြစ်လိုက်တယ် ။

7 comments:

  1. ရှလွတ်........

    sdl

    ReplyDelete
  2. ဒီဘက်ကို ဝဲလိုက်ပါ။ ဝုလန်း။

    ReplyDelete
  3. သစ် အိမ်ကို ကိုယ်ပြောင်းလာနေချင်မိတယ်ကွယ်
    ရှလွတ်

    ReplyDelete
  4. Rita စိတ်ထိန်းပါကွယ် ဟိဟိ ..
    မေတ္တာအရင်းခံနဲ့ ပဲသစ်ကိုချစ်ပါ ..
    စားချင်လို့ တော့တူတူနေမယ်မပြောပါနဲ့ 
    သစ်ကလေးကိုမလှည်.စားနဲ့ နော် ဟားဟား

    ReplyDelete
  5. ပြောတော့ ချစ်တယ်ဆို ဒီလိုလုပ်စားတာတော့ မခေါ်ဘူးပေါ့
    သတိမရဘူးပေါ့ ရပါတယ် ခုလို သတိတယ မခေါ်တဲ့အတွက်ေ၇ှ့ လျှောက် ငါးဖောင်ရိုးခြောက်လို ပိန်ပါစေ ကျူရိုးလေးလို ပိန်ပါစေ လေတိုက်ရင်တောင် ခါးကျိုးအောင် ပိန်ပါစေ ခါချဉ်ကောင် ခါးလို သေးသေးလေးဖြစ်ပါစေ
    (မအားဘူး တကယ် လုံးဝမအားဘူး အရမ်းကို အလုပ်များနေတာ ဒါပေမယ့် တို့ က သတိယတယ် ဟွန့်  ဟွန့် )

    ReplyDelete
  6. နောက်တခါ အဲ့လို ချက်စားလို့ မခေါ်ရင် ရှင်ခန်းပြတ်ပဲ ဟွန့်  ဟွန့်  ဟွန့်  အင်ဖက်နတီ

    ReplyDelete