Friday, September 18, 2009

ကျွန်မ သေသင့်ပါတယ်



သစ်သစ် ။ ။ ဟယ်လို.....ညီမ ၊ ဘာတွေလုပ်
ညီမ ။ ။ သြော် မမ ဒီလိုပါပဲ
သစ်သစ် ။ ။ အလုပ်ရှာတာ အခြေအနေ ဘယ်လိုလဲ
ညီမ ။ ။ မရသေးဘူး အစ်မ

သစ်သစ် ။ ။ အင်း ကြာနေပြီနော် အင်တာဗျူးရောရလား
ညီမ ။ ။ ရတယ် အစ်မ
သစ်သစ် ။ ။ အင်း နေဖို့ဘယ်လောက်ကျန်သေးလဲ
ညီမ ။ ။ နောက်လ ၁၇ ဆိုပြည့်ပြီ ။ တစ်ခုလောက်မေးချင်လို့
သစ်သစ် ။ ။ အင်း မေးလေ
ညီမ ။ ။ ပေါ်လီတက်ချင်တယ် ဘယ်လိုလုပ်ရမလဲ သိလား
သစ်သစ် ။ ။ နေထိုင်ခွင့်အတွက်လား ညီမ
ညီမ ။ ။ ဟုတ်ဘူး ပီအာလိုချင်လို့
သစ်သစ် ။ ။ အမ် ....ဘာလို့တုန်း
ညီမ ။ ။ သြော် ဒီမှာက ပီအာပဲအလုပ်ခေါ်တာလေ ကျောင်းပြီးတာနဲ့အလုပ်တန်းလုပ်ချင်တယ်
သစ်သစ် ။ ။ အင်း ဒါဆို ကျောင်းဝပ်ဆိုဒ်ကနေ ၀င်ကြည့်လေ ဘာတွေလိုလဲ ဘယ်တော့ခေါ်မလဲလို့
ညီမ ။ ။ မသိလို့မေးတာပေါ့
သစ်သစ် ။ ။ ဂူဂယ်ကရှာလေ ညီမ
ညီမ ။ ။ တော်ပါပြီ ကျေးဇူး....ဘိုင်
သစ်သစ် ။ ။ အမ်....နေဦးရှာပေးမယ် ရော့ကျောင်းလင့်တွေ....
ညီမ ။ ။ ...........

ဘာပြောရမလဲတောင် တကယ်မသိတော့ပါဘူး သစ်သစ်ကိုစိတ်ဆိုးသွားပါတယ် ။ နောက်ဆုံးတော့ချက်တက်မိတဲ့ ကိုယ့်ဘာသာပဲနောင်တရမိပါတယ်....။

7 comments:

  1. ဟိုးးးးးးးးးးးးးးးး ခဏလောက်နေပါဦး မသေပါသေးနဲ့ ဦး အဘွားသစ်
    နောက်အားတဲ့ရက်ကျ မမန့် ရသေးတဲ့ပိုစ့်တွေကို မန့် ပေးမလို့  ဖတ်သွားပါဦး
    ဖတ်ပြီးမှ ကျမ သေသင့် မသေသင့် စဉ်းစားပါ (သေချာတာက မန့် တာဖတ်ပြီးသွားရော ကျနော်မျိုးမကြီး စောစောသေသင့်ပါတယ်လို့  ပြောမှသေချာတယ် ဟိဟိ)

    လုံးဝ (လုံးဝ မေဖလားဝါး မဟုတ်ဘူးနော် မေဖလားဝါက အမှန်အကန် အသေအလဲ အင်မတိ အင်မတန် တော်တော့ကြီးကို super super busy, busy more than i can say ဖြစ်နေတာ)

    ReplyDelete
  2. သေပါနဲ့ အုံး အလတ်ကြီးရှိသေးတယ်
    သေမယ်ဆိုလည်း စတိဆီသွားလိုက်
    သူလည်းပေါင် ၇၀ အပိုရအောင်

    ReplyDelete
  3. ဒါတွေ သိထားသင့်တယ်.. မသိဘူးဆိုတာ မဖြစ်သင့်ဘူး... မေးရင် ဒိုးဒိုဒဒေါက်ဒေါက် ချက်ချင်းဖြေမှပေါ့...ဟင်းဟင်း...အို.. သိကို သိရမှာပါလေ... ဇွတ်ပဲ.. အတင်းရောအဓမ္မရောပဲ သိရမယ်...။

    (ဟာသရေးတာ မဟုတ်ပေမယ့် ဖတ်ပြီးရယ်လိုက်ရတာ )

    **တရုတ်ကားထဲမှာ ဆိုရင် သိတာများရင်လည်း သေတတ်တယ်..

    ReplyDelete
  4. ဒါမျိုးကိစ္စတွေ ရှိသလား

    ReplyDelete
  5. အဲဒီလိုဟာလေးမျိုးထားလိုက်
    သစ်မသေနဲ့ သူသေလိမ့်မယ်

    ReplyDelete
  6. Wait wait, please dont do that..
    You are too young to xxx.
    :)

    ReplyDelete
  7. ရှုး တိုးတိုးပြောကြ
    နံရံတွေမှာ နားတွေရှိတယ် နော်
    ဟွန်း

    ReplyDelete