Sunday, September 27, 2009

၂၀၀၇ ခရီးစဉ် - ၂

ဒီလိုနဲ့ ဘုရားကြီးကို အာရုဏ်မှာဖူးခွင့်ရပြီး မနက်စာအဖြစ် သူများတွေက စားသောက်နေကြတဲ့အချိန်မှာ သစ်သစ်တို့လေးယောက်က ထိုးမုန့်ဆိုင်တွေလှည့်ပတ်ပြီးအမြည်းတွေစားနေတာ ဗိုက်တကယ်ပြည့်သွားပါတယ် ။ နောက်တော့ သစ်တို့ကားလေးက ပန်းမြို့တော်လို့တင်စားတဲ့ ပြင်ဦးလွင်ကို ဆက်လက်ဦးတည်ခဲ့ပါတယ် ။


တောင်ဆင်းတောင်တက်လမ်းတွေက တကယ်ကို အသည်းတဖိုဖို ဖြစ်ခဲ့ပါတယ် ။ ရေမြေတောတောင်အရကိုက ပြုပြင်စရာမလို တကယ်ကိုလှပတဲ့ သစ်တို့တိုင်းပြည်လေးက တကယ်ဆိုရင် သွားချင်စရာနေရာ တကယ်စုံပါတယ် ။ ဂိုက်ကပြောပါတယ် သူငယ်စဉ်ကတက်ခဲ့တဲ့ကျောင်းရောက်ရင်ပြမယ်ဆိုတဲ့ နေရာလေးကတော့ နာမည်ကြီးပြင်ဦးလွင် စစ်တက္ကသိုလ်ပဲဖြစ်ပါတယ် ။ ဒီလိုနဲ့သစ်တို့ကို နာမည်ကျော်ပွဲကောက်ရေတံခွန်ကို ပို့ဆောင်ပေးပါတယ် ။ နောက်တော့ ဘုံကျောင်း ၊ land mark ၊ရုက္ခဗေဒဥယျာဉ်မှာတော့ အကြာဆုံးပါပဲ ပန်းပြပွဲဆိုတော့ ပန်းတွေနဲ့နာမည်ကျော်နေရာတွေကို ပုံဖော်ထားတာ အလွန်ကိုလှပါတယ် ။ ဒီပန်းခြံကနေမထွက်ချင်လောက်အောင် ဖြစ်ခဲ့ရပါတယ် ။ ဒီနေ့ရဲ့နောက်ဆုံးခရီးစဉ်နေရာလေးကတော့ တန်ခိုးကြီးမဟာအံ့ထူးကံသာဘုရားကြီးပါပဲ ။ ဆောင်းတွင်းဘက်ဆိုတော့ ၆နာရီကတော်တော်ကိုမှောင်နေပါပြီ ညဘက်မီးအလင်းရောင်ရဲ့အောက်မှာ ဘုရားကြီးကအလွန်တရာသပ္ပာယ်လှပါတယ် ။ ဒီလိုနဲ့တည်းခိုမယ့်နေရာကို ပို့ပေးတော့ ခုန်ဆွခုန်ဆွနဲ့အေးလွန်းလို့မနေတတ်လောက်အောင်ဖြစ်ခဲ့ရတယ်လေ ။ ရေနဲထိချိန်မှာ ခံစားချက်ကတကယ်ကို ပြောမပြတတ်ပါဘူး ။အဲဒီညကိုမှတ်မိနေတာကတော့ ၂၀၀၇ ရဲ့ နောက်ဆုံးညဖြစ်သလို အေးလွန်းလို့အိပ်လို့မရတဲ့ညလည်း ဖြစ်ခဲ့ရတယ်လေ ။

နောက်နေ့တော့ ဂိုက်ရဲ့ပလန်အတိုင်းပဲ နံနက်စာစားပြီးတော့ ပုလဲဖြူဆွယ်တာဆိုင်ကို ပို့ပြီးအမှတ်တရလက်ဆောင်များကို ၀ယ်စေပါတယ် ။ ၁နာရီအချိန်ပေးပါတယ် နောက်စစ်ကိုင်းကို ဆက်ပြီးခရီးထွက်ခွာခဲ့ပါတယ် ။ တောင်တက်လမ်းရဲ့ခံစားမှုနဲ့ တောင်ဆင်းလမ်းရဲ့ ခံစားချက်တကယ်မတူပါဘူး ။ အသည်းတအေးအေးနဲ့ ရှူခင်းတွေကို ကြည့်ရတာနဲ့တင် ဒီခရီးစဉ်က တန်နေပါပြီလေ ။ ဆက်မယ်နော် ....span>

18 comments:

  1. ပျော်စရာကောင်းလိုက်တာ ထောထောလေ အဲ့ဘက်ကိုသွားချင်တာတအား အိမ်ကလိုက်ပို့မပေးဘူး သူငယ်ချင်းတွေနဲ့လည်းပေးမသွားဘူး ၀မ်းနည်းတယ် အဟင့် (မျက်ရည်မကျပါ - သူများတွေပြောမှာကြိုမြင်နေလို့ ကြိုပြောထားခြင်းဖြစ်ပါသည်) နောက်အခါ ရန်ကုန်ပြန်လို့အခါသင့်ရင် သွားလည်ဦးမယ် မမသစ်ဆို ကျောင်းတတ်တဲ့ဘ၀လည်းပျော်စရာ ခရီးသွားတော့လည်းပျော်စရာတွေနဲ့ ကောင်းလိုက်တာ အားကျ၏

    ReplyDelete
  2. ဆွယ်တာလေးတွေလည်းတအားသဘောကျတာ ပန်းပင်တွေလည်းတအားကြိုက်တယ် မပန်တာကလွဲလို့

    ReplyDelete
  3. ထိုးမုန့် ဆိုင်တွေက နောက်ဆို သစ်တို့ လာရင်ပိတ်မှာတဲ့ 

    ReplyDelete
  4. နောက်ပြီး ဆောင်းတွင်းမှာရေထိရတာလည်း ထောတအားကြောက်တယ် မှတ်ချက် ။ ။ ထောမညစ်ပတ်ပါ ရေချိုးမပျင်းပါ ကြောက်တယ်ဟုသာပြောရုံပြောခြင်းဖြစ်ပါသည် ( သူများတွေပြောမှာကြိုမြင်နေလို့ ကြိုပြောထားခြင်းဖြစ်ပါသည် )

    ReplyDelete
  5. ထိုးမုန့်တော့ကြိုက်တယ် ငယ်ငယ်က ခုကြီးလာတော့သိပ်မကြိုကတော့ဘူး အဆီတွေတအားများလို့ နောက်ချိုလို့

    ReplyDelete
  6. အဲ တော်တော်လက်လွန်နေပြီထင်တယ် မမသစ်ဆူတော့မယ် ကြောက်ထှာ

    ReplyDelete
  7. ခ၇ီးစဉ်လေးနဲ့ အတူ လိုက်ပါပြီ ပျော်ရွှင်မိတယ်

    ဒီ ပန်းတို့ ရဲ့ မြို့ တော် မေမြို့ ဆိုတဲ့ ကဗျာဆန်တဲ့နေရာလေးက တို့ နဲ့  ရင်းနှီးကျွမ်းဝင်ဆုံး အမြဲမပြတ်သွားခဲ့ရတဲ့နေရာလေးပဲ
    စစ်တက္ကသိုလ်ကို ရထားလုံးမစီးပဲ လမ်းလျှောက်ခဲ့ရတဲ့ ရက် လ နှစ်တွေရယ် စိုးစံ စာပန်းအိမ်ပတ်ဝန်းကျင်တွေရယ်

    အေးချမ်းတဲ့ ရာသီဥတုလေးရယ် ပေါကြွယ်ဝတဲ့ လတ်ဆတ်တဲ့ အသီးအနှံ ပန်းမန်တွေရယ် ချယ်ရီပန်းတွေရယ် စိမ်းပန်းပြာ ပန်းမြို့ တော်ဆီကို နောက်တခေါက် အရောက်သွားချင်မိတယ်

    စတော်ဘယ်ရီပင်အောက်မှာ ထောပတ်သီးလေးစားပြီးနေမယ် (ထော၂ကတော့ ပြေးပြီးထင်တယ်)
    မက်မန်းဝိုင်လေးနည်း၂သောက်မယ်
    ငှက်သိုက်မုန့် လေးလည်းစားမယ်
    ဈေးကြီးထဲကရော ဈေးလေးထဲကပါ ရှမ်းဆိုင်က ပဲရွက်လေးတွေနဲ့  ရှမ်းခေါက်ဆွဲတွေစားမယ်
    အာတာလွတ်ကို ထောင်းပြီးကြော်တာလဲစားမယ်
    ပြီး အပြန် ပဲပုတ်တွေ အများကြီးဝယ်ပြီးပြန်မယ်

    သိပ်များသွားပြီ ဆက်ရန် မျှော့ ကျွတ် တီကောင် (ဟင့် အသည်းယားတာ)
    တီကောင်ဆိုလို့  မေမြို့  မိုး ရွာရင် လမ်းတလျှောက် တရုတ်သိုင်းကွက်နင်းလျှောက်ရတယ် စပါယ်၇ှယ် တီကောင် အကြီး ကြီးတွေ (အမငှီး ရေးရင် အူတွေ အသည်းတွေ ယားလိုက်ထှာ)

    ReplyDelete
  8. ဟယ် ကျန်းကျန်း ငါစိတ်ကူးလေးယဉ်ပြီး မန့် လိုက်တာ ကျန်း ထောပတ်သီးက အားရပါးရ အရင်မန့် ထည့်လိုက်တာ ကျန်း ကျန်း ဘလော့ပိုင်ရှင် ဘလော့ပစ်ပါ ဘမ်းပစ်ပါ အဲ့ ထောထောကို

    ReplyDelete
  9. အဟင့် အဲလိုတော့စက်မရက်ပါနဲ့ ဘလော့ခ်ကြီးရှင်ရယ် ထောကချစ်လွန်းလို့မန့်လိုက်တာပါ အရှိန်လေးနဲနဲလေးများသွားရုံလေးကို အဟင့် ကျန်း ပြောတော့ ကျု့ကလေးကိုချစ်တယ်ဆို ခုတော့ သူများဘုံပျောက်နေရတဲ့အထဲ ခုဒီမှာပါဘလော့ခ်ခိုင်းနေ ဘမ်းခိုင်းနေတယ် တအားစက်ရက်တာပဲ အဟင့် အဟင့် (မျက်ရည်လုံးဝလုံးဝမကျပါ)

    ထောထော

    ReplyDelete
  10. ဒါကြောင့် မန်းလေးက ထိုးမုန့် ဆိုင်တွေက နောက်ဆို တကယ်မ၀ယ်ရင် အမြည်းမပေးတော့တာ ဟွန့်  သူ့ ကြောင့်
    ခုန်ဆွ ခုန်ဆွ (ဘယ်လို ပုံစံ ဖြစ်နေမလဲ) ခုန်ဆွ ခုန်ဆွ လို့ ပဲ ပါးစပ်က အော်တာလား (လူက တကယ် ခုန်ဆွ ခုန်ဆွ လုပ်နိုင်ပါ့မလား)
    အသည်းတအေးအေး (ရေခဲရေသောက်ပြီး ရင်ဘတ်ပွင့်နေလို့ လား အပေါ်ဝတ်အကျီပြောပါတယ်

    ReplyDelete
  11. အဟမ်း အဟမ်း ရေးရကျိုးအလွန်နပ်ပါတယ် ဒီ၃ယောက် မ..သမျှ ဆက်ရေးဖြစ်မယ် ထင်ပါတယ် ။ ဒူ ဝေ ဝေ...

    ReplyDelete
  12. အော် တရံတခါဆီက ဘဏ်ရာဇ၀င် ခရီးမှာ မှတ်တမ်းတင်ခဲ့ ပန်းမြို့ တော်ခရီးစဉ်လေးမှာ သွားရပါများလွန်းလို့  ခြေရာလေးများထပ်လို့ နေတာ

    ReplyDelete
  13. တီကောင်အထွေးလိုက် ကိစ္စဆက်ဆွေးနွေးပါ ... ဒါပဲ ဟိ

    ReplyDelete
  14. ဆွယ်တာ ဘူ့ ဖို့ ဝယ်တာလဲ သစ်ဖို့ တော့ မဟုတ်လောက်ဘူး
    တီကောင် ကိစ္စ (အူယားယား နဲ့ ပြောရင် တုတ်ကောင် လမ်းကြောင်းမှားလို့  အူယားတာ မဟုတ်ပါဘူး)
    တခါက ကမ္ဘာတခွင် ထူးဆန်းအံဖွယ်ရာတွေကို ပြောပြတဲ့ သုတပဒေသာစာအုပ်လားဘာလား မမှတ်မိတော့ဘူး (အသက်ကြီးလို့ မဟုတ်ပါဘူး မလိုအပ်တာတွေကို အမှိုက်ရှုပ်မခံတာပါ)
    နိုင်ငံခြားတိုင်းပြည်တခုမှာ တီကောင်နဲ့ မုန့် ဖုတ်ကြည့်တာကို စမ်းကြည့်ဖူးတယ်လို့  ရေးတာ ဖတ်ဖူးပါတယ်
    ခုထိ တီကောင်မြင်တိုင်း အဲ့ကိစ္စကို ပြန်ပြီး သတိယမိတယ်
    ပြီး မလေးရှားစုန်းကား တကားကြည့်ဖူးပါတယ် ခပ်ငယ်၂က အဲ့ထဲမှာ လည်း ပါ ပါတယ် ဟင့် ဆက်ပြောတော့ဘူး တို့ ခေါက်ဆွဲ မစားနိုင်မှာစိုးလို့ 

    (ခုရေးတဲ့သူက ယူတို့  ထင်တဲ့သူ လုံးဝ အရှင်း မဟုတ်ပါဘူး)

    ReplyDelete
  15. ဒီလောက်နဲ့ ဘယ်ရမလဲ
    တီကောင်အထွေးလိုက်အကြောင်းကို
    ဘဏ်လေးမှ ပုံနှင့်တကွစာတမ်းတင်ပါ
    ဒါဗြဲ ..

    ReplyDelete
  16. အော့ အော့ ဝေါ့
    တော်ကြပါတော့ ပန်းမြို့ တော်ကနေ တီကောင်မြို့ တော် ဖြစ်တော့မယ်

    ReplyDelete
  17. အင်း လေးယောက် တစ်ကမ္ဘာတည်နေတာကိုး။ မပိုးပိုးက ဒါကြောင့် ခေါက်ဆွဲကြော်ကြိုက်တာ သူက အထွေးလိုက်ကြီး မြင်ယောင်ပြီးစားနေတတ်တာကိုး :P

    ReplyDelete
  18. အမယ်လေး ယွန်၇ှာကောင်းပါဘိ ရွာသားလေးရယ် အော့အော့ဝေါ့
    စားတော့ဘူး ခေါက်ဆွဲကြော်

    ReplyDelete