Thursday, September 10, 2009

နှုတ်ဆက်ခဲ့တယ်

သီချင်းလေးနဲ့ နှုတ်ဆက်ခဲ့ပြီ ချစ်သူ...... ။ ဘယ်တော့မှ မမြင်ရတော့ပါဘူး မင်းအနားက အဝေးဆုံးကို ထွက်သွားဖို့ ကိုယ်ဆုံးဖြတ်လိုက်ပါပြီ ။ ဘာအတွက်မှ ကိုယ့်ဘက်ကမင်းကို ဆက်သွယ်တော့မှာ မဟုတ်သလို မင်းရဲ့ဆက်သွယ်မှု အားလုံးကိုလည်း လက်ခံဖြစ်မယ်မထင်တော့ပါဘူး ။ ပက်သက်ခဲ့တဲ့အချိန်တွေအတွက် အမြဲကျေးဇူးတွေတင်နေမှာပါ ။ အရာရာသွန်သင်ညွှန်ပြခဲ့တာတွေ အတွက်လည်း အမြဲအမှတ်ရနေမှာပါ ။ ပျော်ရွှင်ပါစေ ချစ်သူ...။



7 comments:

  1. အမ်... ဘာဖစ်သွားတာလည်းသစ် ...ဂယ်ပြောတာလား

    ReplyDelete
  2. အင်း တကယ်ကြီးလား
    ဘ၀ဆိုတာ ဒီလိုပါပဲ သစ်ရယ်
    ဘာပဲဖြစ်ဖြစ် စိတ်တော့မညစ်နဲ့

    ReplyDelete
  3. ဟင်း...တယ်ခက်ပါလား...။

    ReplyDelete
  4. ဟူး..အဲဒီလိုမျိုးနှုတ်ဆက်တာတွေတွေ့ရင် မခံစားနိုင်ဘူးဗျာ၊ ကိုယ်တိုင်ကြုံတွေ့လာရင်ဘယ်လိုများဖြစ်ဦးမလဲမသိဘူး။

    ReplyDelete
  5. သစ် စိတ်ကလေး တည်ငြိမ် အေးချမ်းပါစေ

    ReplyDelete
  6. ဟမ် ဘာတွေဖစ်တုန်းချာတိတ်.
    မေ့ပစ်လိုက်ပါ ကောင်မလေးရာ.. အဟက်.
    ဇာတ်လိုက်ကောင်လေးကြားရင်သတ်မယ်.ဒါပေမယ့် သူ့ကိုမကြောက်လို့
    ပြောသွားတာပါ။ :P
    ချာတိတ်နော် ချာတိတ်.

    ReplyDelete