Wednesday, September 9, 2009

ချစ်ဖြစ်ခဲ့သူတစ်ဦး

သူ့ ကို သိပ်ချစ်ခဲ့ပါတယ် ။ သူသာလျှင် ဘ၀ သူသာလျှင် ထာဝရပါပဲ ။ နောက်တစ်ယောက်ဆိုတာ လောကကြီးမှာ မရှိနိုင်တော့ဘူးလို့လဲ ထင်ခဲ့ပါတယ် ။ သူ့ကိုပဲလက်ထပ်မယ် မိဘတွေကိုလည်း ပြောလိုက်တော့မယ်ပေါ့ ။ ငယ်တော့တဲ့အရွယ် မဟုတ်လို့ စိတ်ကစားဖို့လဲ မလိုဘူးလေ ။ တစ်ယောက်တည်းချစ်ပြီး သူ့ကိုပဲလက်ထပ်မယ်ပေါ့ ။


ဒီလိုနဲ့ ချစ်သက်တမ်း ၆လပြည့်မှာ နှစ်ယောက်လုံးတိုင်ပင်ပြီး မိဘတွေကိုအသိပေးခဲ့ပါတယ် ။ သူ့ဘက်က မိဘတွေကတော့ အေးအေးဆေးဆေးပါပဲ သစ်မိဘတွေကတော့ အနည်းဆုံးအချိန်၂နှစ်ယူဖို့ သင်ပေးခဲ့ပါတယ် ။ သစ်ကလည်း အိုကေပါတယ် ။ ချက်ချင်းလည်း လူတစ်ယောက်ကို ဘယ်လောက်ချစ်သည်ဖြစ်စေ မယူနိုင်သေးပါဘူး ။ သူ့ရဲ့စရိုက်နဲ့ အကျင့်တွေ ကိုယ်ကျင့်တရားတွေ လေ့လာဖို့ ဆုံးဖြတ်ထားတယ်လေ ..။ မိဘကိုဖွင့်ပြောတယ် ဆိုတာကလည်း သစ်ရဲ့စိတ်က တစ်မျိုးပါ သူများက မြန်မာက သစ်သစ်မိဘတွေကို သစ်အကြောင်းကိုပြောတာထက် သစ်ကိုယ်တိုင်က ကြိုပြောထားလို့ မိဘကသိပြီးသားဆိုတဲ့ပုံစံမျိုးကို သစ်နှစ်သက်မိလို့ပါ ။ ဒါကြောင့် သစ်ဘာအကြောင်းပဲဖြစ်ဖြစ် မိဘကိုတိုင်ပင်တာ များပါတယ် ။ သူ့ကိုအဖြေမပေးခင်တောင် သစ်အမကို သေချာသူ့အကြောင်း စုံစမ်းစေပြီးမှ လက်ခံခဲ့တာပါ ။

တကယ်တမ်းပြောရရင် အသက်ကြောင့်လို့ထင်တယ် သစ်သူ့ကိုရွေးချယ်တုန်းက ချစ်တယ် ဆိုတာထက် သစ်အတွက်သင့်တော်တယ် ဆိုတဲ့အချက်တွေကို ထည့်သွင်းစဉ်းစားခဲ့ပါတယ် ။ ဒီလိုနဲ့ ချစ်သက်တမ်းတွေကြာလာတော့ သဘောထားမတိုက်ဆိုင်တာတွေ ဖြစ်လာခဲ့တယ် ။ ၂ယောက်လုံးက ဘယ်တော့လက်ထက်မယ် အဲဒီအတွက် ဘယ်လိုလုပ်မယ်ဆိုပြီး ပိုက်ဆံတွေလည်း ကြိုစုပြီး နောက်ပိုင်းနှစ်ဖက်မိဘ နဲ့ ကိုယ်တွေရှေ့ရေးအတွက် ပလန်တွေက အစအတူချမှတ်ခဲ့ကြပါတယ် ။ တစ်နိုင်ငံတည်းနေကြပေမယ့် သစ်တို့နှစ်ယောက်က တစ်ပတ်ကိုတစ်ခါတွေ့ဖို့ ခက်ခဲလွန်းတယ် သူအားရင် သစ်မအား သစ်အားရင်သူမအားဘူးလေ ။ နေ့စဉ်ဖုန်းဆက်ပြီး တစ်ယောက်ရဲ့အခက်အခဲကို တစ်ယောက် ရင်ဖွင့်ကြပြီး ဘယ်လိုတန်ပြန်ရမယ်ဆိုတာတော့ အကြံပေးဖြစ်ကြတယ်လေ ။ ပိတ်ရက်တွေပါ အလုပ်ဆင်းရတဲ့သူ့ကို သစ်သနားတယ်လေ အိုဗာတိုင်ဆိုတာထက် တနေ့တခြား စက်ရုပ်လိုဖြစ်လာတဲ့သူ့ကို အပေါင်းအသင်းတွေနဲ့ ကင်းကွာမသွားအောင် သစ်ကိုယ်တိုင်က သူမသွားရင်တောင် အတင်းသွားခိုင်းမိခဲ့တာ မှားယွင်းမှုရဲ့ အစဖြစ်ခဲ့ရင် အဲဒီမှားယွင်းမှုကို သစ်ကျေနပ်ပါတယ် ။

သစ်က သူ့ကိုလွတ်လပ်ခွင့်တော်တော်များများ ပေးထားပါတယ် ။ သူ့အပေါင်းအသင်းတွေနဲ့ သွားရင် သစ်ဘယ်တော့မှမလိုက်ပါဘူး ဒါကလည်း သူ့ကိုလိုက်ရှုတ်သလိုဖြစ်မှာစိုးတာရယ် ပြီးတော့စင်ကာပူဆိုတာက ကျဉ်းကျဥ်းလေးဆိုတော့ ကိုယ်ကဒီလိုသွားနေတာကို မိဘတွေသိခဲ့ရင်မကောင်းဘူးလို့လည်းထင်တာရယ် သစ်ကိုယ်တိုင်က အိမ်မှာနေရတာကိုပဲသဘောကျတာရယ် ပြီးတော့လက်ထပ်ဖို့ရည်ရွယ်ထားတဲ့သူပဲ ဖြစ်တာကြောင့် အစစအရာရာ သူများပြောစရာမဖြစ်အောင် နေချင်တာရယ်တွေကြောင့် သစ်တို့နှစ်ယောက်အပြင်ကိုထွက်တာ မရှိသလောက်ဖြစ်ခဲ့တယ် ။ သူ့ရဲပိတ်ရက်တွေက သစ်အလုပ်ဆင်းတဲ့ရက်တွေဖြစ်နေတာကြောင့် ရုံးဆင်းချိန်ထမင်းအတူသွားစားတာလောက်ပဲ အမှတ်တရဖြစ်ကျန်ခဲ့တာ ထူးဆန်းစရာမဟုတ်ခဲ့ပါဘူး ။

နောက်ပိုင်းကျတော့ ညှိမရ အဆင်မပြေတာတွေ များလာတော့ သစ်ကိုယ်တိုင်က သေချာစဉ်းစားပြီး သူ့ကိုသေချာဆွေးနွေးခဲ့ပါတယ် ဒါမျိုးတွေကို ဒီလိုလုပ်ကြမယ်ပေါ့ အစပိုင်းတော့လက်ခံပေမယ့် နောက်ပိုင်းချုပ်နှောင်မှုတွေများလာတော့ သစ်ကပဲစတင်ပြီး လမ်းခွဲခဲ့ပါတယ် ။ သူငယ်ချင်းတွေလိုပဲ ရှေ့ဆက်ကြမယ်ပေါ့နော် သူကအစပိုင်းလက်မခံခဲ့ပေမယ့် နောက်ပိုင်းသစ်ဘက်က လုံးဝမပြောင်းလဲတော့ သူလက်ခံသွားခဲ့ပါတယ် ။ ဒီလိုပဲအပြုံးတွေနဲ့ လမ်းခွဲခဲ့ရလိမ့်မယ်လို့ မျှော်လင့်ခဲ့ပေမယ့် မထင်မှတ်တာတွေ ထပ်ဖြစ်ခဲ့တော့ မခွဲခွာချင်တဲ့ အမုန်းနဲ့ပဲ ပြီးတသက်လမ်းခွဲခဲ့ကြပါတယ် ။

ဒီပို့စ်လေးကို ရေးတာ သူ့ကိုလွမ်းဆွတ်လို့ တမ်းတလို့ရေးတာထက် တခါတလေ တသတ်မှတ်တည်းလို့ ထင်ထားတဲ့အရာတွေဟာ တခါတရံလည်း မထင်မှတ်ပဲ ပြောင်းလဲတတ်တယ်ဆိုတဲ့ သဘောတရားကို ကိုယ်တိုင်လက်တွေ့သိလိုက်ရလို့ ခံစားပြီးရေးတင်လိုက်တာပါ ။

9 comments:

  1. ဖတ်ပြီး ဘယ်လိုမန့်ရမယ်မသိဘူး ထောချစ်အကြောင်းခုထိနားမလည်သေးလို့ပါ

    ReplyDelete
  2. တို့ လည်း ချစ်ဖြစ်ခဲ့သူရှိတယ် သူ့ ကိုချစ်လိုက်တာ အလုပ်အကိုင်ပျက်တယ် သူကြောင့် ရင်ခုန်နှုန်း အမြင့်ဆုံးဒီဂရီထိတောင်ရောက်တောင် သူ့ ကိုမနက်မိုးလင်းလို့ မှ မတွေ့ ရရင် ရင်ထဲမှာ ဟာတာတာနဲ့  (တကယ်တော့ မနက်စာ မစားရသေးလို့ ပါ)

    အချိန်တိုင်း သူ့ ကိုပဲ တွေ့ ချင်နေမိတယ် သူ့ များ မရှိရင် ဘ၀ဟာ နေပျော်တော့မှာမဟုတ်ဘူး သိပ်ကို အထီးကျန် (အဲ မေ့လို အမကျန်) ဖြစ်သွားမှာပဲလို့ တောင် စိုးရိမ်မိတယ်

    သူ့ ကြောင့် တို့ ရောဂါတွေရတောင် ကျေ၂နပ်၂ ပြုံး၂လေး ခံယူလိုက်မယ်
    တခါတလေ သူ့ ကြောင့် စိတ်ရှုပ်ထွေးရတာတွေ ရှိလို့ မုန်းချင်ပေမယ့် မေ့မရတာခက်တယ်

    အော် သူ သူ တို့ တသက် ခွဲလို့ ရပါ့မလားလို့  အမြဲပဲ တွေးထင်မိတယ်
    စွဲလန်းလွန်းလို့  သံယောဇဉ်တွယ်ပြီး ဘယ်လို ဖြတ်ရပါ့မလဲလို့  စဉ်းစားမရဖြစ်မိတယ် (ရေစီးကြောင်းလေးအတိုင်း ----- သီချင်းကိုပြေးမြင်ပါ)

    သူကတော့ အေး၂ဆေးပဲ အပြင်လျှောက်သွားဖို့ လည်းမပြောဘူး
    သူက တခါတလေ ရယ်စရာပြောတယ် တခါတလေ လွမ်းအောင်လုပ်တယ် တခါတလေ စိတ်ကြည်နူးအောင်ဖန်တီးပေးတယ် တို့ လိုအပ်တိုင်း အမြဲရှိနေပေးတယ်
    ဒီလိုနဲ့ ပဲ သူ့ ကို ပိုတွယ်တာမိတယ်

    ဒီနေ့  ၉၉၀၉ လေးကို သူ့ ကြောင့်ပဲ ရင်ခုန်နှုန်းတွေ မြင့်မားခဲ့တယ်
    သူ ကြောင့်ပဲ အရာအားလုံးကို သတိလက်လွတ်ဖြစ်စေခဲ့တယ်
    အစွဲအလန်းကြီးတဲ့ တို့  အချစ်ကြီးလို့  အမျက်ကြီးမိမှာပဲစိုးမိတယ် သူ့ အပေါ်
    တဖြည်း၂နဲ့ တော့ သူ့ ကိုသိပ်တွယ်တာနေတာကို လျှော့မှဖြစ်မယ်လို့  ဆုံးဖြတ်ထားတယ်

    ဒါပေမယ့် အမှတ်မ၇ှိတဲ့ အသည်း ၂ ခါကွဲတောင် မနာတဲ့ကိုယ်
    ဒီခြေလှမ်းတွေက သူရှိတဲ့ဆီပဲရောက်
    မေမေ မိုက်လုံးကြီးတဲ့ မေ့ သမီးကို ခွင့်မလွှတ်ပါနဲ့ 

    (ပုံ / ဘလော့ချစ်သူ မိုက်လုံးကြီးတဲ့ မေမေ့သမီး )

    ရေးသားသူမှာ မေဖလားဝါးလုံးဝမဟုတ်ကြောင်း အတိအလင်းကြေငြာသည်

    ReplyDelete
  3. ဟယ် ဘလော့ပိုင်ရှင်က အသီးကွဲတဲ့အကြောင်းရေးတယ် အနောနမတ်ကြီးက လိုက်ပြေးတဲ့အကြောင်းရေးတယ် မဆီတဲ့မှမဆိုင်ဟယ် ငရုတ်သီးနဲ့ ဓါတ်တိုင် သိပ်ဆိုးတာပဲ ခုလိုမျိုး မဆိုင်တာကြီးကို မရေးသင့်ပါဘူးဟယ် ဘလော့ပိုင်ရှင် ခမြာ့မယ် ရင်ခံတော့မှာပဲ
    သစ် တို့  အပြတ်အသတ် ရှုတ်ချတယ် အနောနမတ်ကြီးကို
    ၀ါ စိမ်း နီ ပြာ ခရမ်း (အို ရှုပ်ပါတယ် သက်တံရောင်) ကဒ် အကုန်ပြတယ်

    ReplyDelete
  4. ပြောဖို့ မေ့နေတယ် သစ် အဲ့ အနောနမတ်ကြီးက သစ်ဘလော့မှာ ဘယ်ကနဲက ရေးမယ်လို့ ချောင်းနေတာလဲမသိဘူးနော် ကျန်း အရှည်ကြီးပဲ မန့် ထားတာ အားမနာပ

    ReplyDelete
  5. အသဲ မကွဲဘူးရင် လူဖြစ်ရကျိုး မနပ်ဘူးနဲ့  တူပါတယ်..
    တို့ လဲ အသဲ ကွဲ ဘူးတယ်..း(
    အချိန်က ကုစားသွားမှာပါ..ကျမ်းမာရေး ဂရုစိုက်

    ReplyDelete
  6. မီးခြစ်ရယ် လူပဲဖြစ်ရကျိုးနပ်အောင်
    ကွဲပဲပေးရတော့မလိုလို အသည်းပြောပါတယ် ....
    ဒီအနောနမတ်ကြီးက ဘယ်တုံးကစောင့်နေတာပါလိမ့်
    သစ်ဘာရေးမယ်ဆိုတာ အကြားအမြင်ရနေပုံပဲ
    ကြိုပြီးတောင်စာစီထားသလားမှတ်ရ
    copy paste လုပ်လိုက်သလားမှတ်ရတယ် မြန်ထှာ

    ReplyDelete
  7. ဟိဟိ ကွန်ပျူတာခေတ်လေ ဒါမျိုးဆို ခေါင်းထဲက တန်းကနဲပဲ စာမေးရင်သာ တုန်းကနဲပဲ ဗစ်

    ReplyDelete
  8. ဒီလိုပါပဲ သစ်ရယ် ဘ၀ဆိုတာ

    ReplyDelete
  9. မမရေ,
    မမေ၇းထားတဲ့စာ အတိုင်း ဒီလေး နားလည်သလောက်တော့
    မမ ဘက်က သူ့ကို ယုံကြည်မှု နဲ့ လွတ်လပ်မှုတွေကို ပေးခဲ့ထားဘဲ
    အဲဒီ နှစ်ခု ကြားမှာ အဆင်မပြေမှု နဲ့ လွဲချော်မှုတွေ ဖြစ်လာတာဘဲ ။
    သူ့ကို ပြန်လည်တမ်းတပြီးရေးနေတယ်လို့ တော့ မထင်မိဘူး။ ဒါပေမယ့်
    အတိတ်က အမှတ်တရ စာမျက်နှာဆိုတာတော့ ရှိစမြဲပါ ဘဲ မမရယ် :)
    ဆိုင်လားတော့မသိဘူး ဒီစာဖတ်ပြီးရင်ထဲမှာ တစ်မျိုးကြီးခံစားရလို့ ရေးလိုက်တယ် အမှတ်တရပေါ့ မမရယ်။
    လွတ်လပ်မှုနဲ့ ယုံကြည်မှုကြားမှာ ရိုးသားမှု ဆိုတာလေး ဖြစ်လာခဲ့ရင်သိပ်ကောင်းမယ်မှာဘဲနော်:)
    ခင်တဲ့

    ReplyDelete