Sunday, September 13, 2009

ကျေနပ်ချင်သူ




ကုန်ဆုံးခဲ့တဲ့
အချိန်တွေကို
ငါ တန်ဖိုးထားတယ်

ကျဆင်းခဲ့တဲ့
မျက်ရည်တွေအတွက်လည်း
နှမြောခြင်းကင်းတယ်

မင်းခြယ်မှုန်းတဲ့
ဘလော့လေးကို
ငါ မြတ်နိုးတယ်

ခု...နေချင်နေတဲ့
တစ်ယောက်တည်းကို
ငါ ခွင့်ပြုတယ်

မှားယွင်းမှုမရှိဘဲ
ဝေခွဲမရစွာ
ငါ ရပ်တန့်ခဲ့ရတယ်

ခေါင်းစဉ်ရှိလို့
ဖြေရှင်းခွင့်ရရင်
ငါ ကျေနပ်လိမ့်မယ်

3 comments:

  1. ဟမ်
    ချာတိတ်
    လာဖတ်သွားတယ်ကွယ်။း)
    ကျန်းမာရေးဂရုစိုက်..ကျန်တာတွေ မတွေးနဲ့.ဟုတ်လား
    တိတ်ကဲ

    ReplyDelete
  2. ကဗျာ ထဲမှာ ကြေကွဲခြင်းတွေပါနေသလိုဘဲ
    အားလုံးအဆင်ပြေပါစေဗျာ
    အရေးသားတွေကတော့ ပိုမပြောတော့ အာသလိချနဘဲ :)

    ReplyDelete
  3. အဲ့ဒိလောက်တောင်လား သစ်
    ခံစားရတာ သိပ်ပင်ပန်းတယ် (ပန်းကန်ပြားနဲ့  ခံစားတာကို မဆိုလိုပါ)
    စိတ်ကလေး ပေါ့ပါးအောင်နေပါ (မိုးပျံပူပေါင်းလို လေတော့ မထိုးပါနဲ့ )
    ကျန်းမာရေးကို အထိခိုက်မခံပါနဲ့  (ဆေးခန်း ဆေးရုံကို မချစ်မနှစ်သက်သောသူလို့ သဘောထားပါ)
    ပေါ်လီယာနာစာအုပ် များများဖတ်တယ်နဲ့ တူတယ် (ဒါ နောက်ဆုံး ကောက်ချက်ချတာ)

    ReplyDelete