Saturday, September 19, 2009

အမှိုက်ပုံ




သစ်သစ် တစ်ယောက် အပြင်ကိုသွားခါနီးဆို မြင်တဲ့အတိုင်းပဲ အမှိုက်ပုံလိုအိတ်ကို ရှင်းရလေ့ရှိတယ်လေ ...။ တစ်ခါတစ်လေ ဘာတွေသယ်နေမှန်းမသိဘူး အိတ်ကတော်တော်လေးနေတတ်တယ် ။ စစ်လိုက်ရင်လည်း ပစ်ရက်စရာတစ်ခုမှမရှိဘူး ဖြစ်နေတတ်တယ်။ အထင်မကြီးနဲ့ ဈေးဝယ်ဘောင်ချာကအစမကျန် သယ်နေတာလေ အစုတ်တွေကြီးပဲ အားလုံးက ဒီနေ့တော့အိတ်ပြောင်းကိုင်မယ်ဆိုပြီး ကောင်းမယ်ထင်တာလေးတွေရွေးချယ်လိုက်တော့ မဆိုးပါဘူး အိတ်တော်တော်ပေါ့သွားတယ် ....ဟီဟီ ။ မဖြစ်မနေပါရမယ့် အရာလေးတွေပဲရွေးသယ်မယ်ဆိုပြီး ရေဗူးကိုတောင် သယ်ရင်ကောင်းမလား မကောင်းဘူးလားဆိုပြီး ချီတုန်ချတုန်ဖြစ်နေသေးတယ်လေ ။ တစ်ခါတစ်လေ ကိုယ်ကြောင်တာသိပေမယ့်လည်း မသိသလိုလေးလုပ်တတ်တဲ့အကျင့်လေးကလည်း မကောင်းပေမယ့် မဆိုးလည်းမဆိုးဘူး....း) ။ ပို့စ်မတင်တော့ဘူး စဉ်းစားပြီးမှ သွားခါနီးထမင်းစားနေရင်း တခါတလေ ရှင်းလင်းနေတာကို အမှတ်တရဖြစ်အောင်ရေးလိုက်တယ် ။

12 comments:

  1. မှန်းစမ်း.... အမေ့ဇင်း ဆိုပါလား... ကြိုက်ခဲ့တဲ့ ဗူးကလေး၊ ဒီမှာ မတွေ့လို့ မသုံးရဘူး...
    အိမ်မကြီးသော့ရယ် ၊ အိမ်ထီးကြီး... အဲလေ.. အိပ်ခန်းသော့ရယ်... ဒါက အလုပ်က သော့များလား... ပေါ့ပါးတဲ့ ကီးချိန်းကိုပြောင်းသုံးပါ့လား ကလေးမရယ်....။
    ဗစ်ဗစ်ကို ချစ်မချစ် သုံးတဲ့ Dic. တံဆိပ်သာကြည့်တော့.....။
    1818 ကဒ်က ပါသေး.....။
    ဟယ်.. နေကာမျက်မှန်းကြီးပါလား... ခွိခွိ
    နှာဗူးလည်း ပါသတော့..............။
    ဖေမြင့် စာအုပ်နဲ့ .. စာကြီးပေကြီးမဖတ်ပါနဲ့ လေးရတဲ့ထဲ........။
    MRT ပေါ် နားကျပ်နဲ့ သီချင်းနားထောင်ပြီး ဘူတာကျော်ပါသွားတဲ့လူထဲ သူလဲ ပါသကိုး......။

    ReplyDelete
  2. အိတ်ထဲကို ကိုယ်တကယ်လိုအပ်တဲ့ ပစ္စည်းပဲထည့်ပါ.....။
    အသုံးဝင်လိုဝင်ငြား စုံစီနဖာတွေ ကောက်မထည့်ပါနဲ့..ကြာလာရင် ပခုံးမှာ ဒဏ်ဖြစ်တတ်ပါတယ်...။
    အိတ်ကို တစ်ဖက်ထဲ တသမတ်မလွယ်ပါနဲ့.. ဘယ်၊ညာပြောင်းလွယ်ပါ.... ။

    တစ်နေရာရာမှာ ဖတ်ဖူးတာ ဘယ်သူရေးမှန်းမသိဘူး.... :P

    ReplyDelete
  3. amazing ဗူးကလေးတော့ တကယ်လွမ်းပါ့..............။
    သူက တို့အသား နက်ပြာရောင်ကို ဖြူသယောင်ယောင် လုပ်ပေးနိုင်တယ်...။

    ReplyDelete
  4. အဲဒါ အမှိုက်ပုံလား
    ပစ်လိုက်စမ်းပါ
    ကိုယ့်ဆီကို

    ReplyDelete
  5. 19 Sep 09, 18:31
    kom: 1818 ကဒ်ကို နံပါတ်မှတ်သွားတယ။်
    19 Sep 09, 18:31
    kom: လဲ။ amazing ဘူးကို စင်စင်ပြောလို့စိတ်ဝင်စားသွားပြီးဒီမှာ အိုလေးနဲ့နေနေတာ။
    19 Sep 09, 18:30
    kom: စာရေးဘို့စာအုပ်လား မလိုပါဘူး. ပါးပါးလေးတစ်ကျပ်တန်ကိုသယ်ပါ. အဲဒီထဲမှာဘာတွေ မှတ်တာလဲ။ vista ကဘာလုပ်ဘ

    ReplyDelete
  6. kom: စာအုပ်လဲ လေးတယ် ထားခဲ့။ တယ်လီဖုံးက ဘာနာမည်နံပါတ်လဲ။

    ReplyDelete
  7. ဒါဟာ ...အမှိုက်ပုံလား.. အဲဒါ.. အမှိုက်ပုံလား..
    ဒါလား အမှိုက်ပုံတဲ့လား..မင်းလေးပြော...
    နေအုံး ငါဘလော့ရေးတော့မှအမှိုက်ပုံ အစစ်ဆိုတာ ဘာကိုခေါ်တယ်ဆိုတာပြမယ် မရေးသေးလဲ
    ပီကာဆာမှာဖြစ်ဖြစ်တင်ပေးမယ် ဟိဟိ
    ဘာဖြစ်ဖြစ် ချစ်သစ်ကိုယ့်ကိုချစ်တာတော့သိပြီ သွားလေရာဗစ်ပါတယ်ပေါ့

    ReplyDelete
  8. အဲ ကိုယ့်အိတ်မှာဘယ်တော့မှမပါတာ တခုတော့ရှိတယ် မိတ်ကပ်ဘူး ဟိဟိ

    ReplyDelete
  9. တူတူပဲ ဗစ်ဗစ်.... မိတ်ကပ်ဗူး၊ နှုတ်ခမ်းနီဗူး ဘာမှမပါဘူး၊မှန်လည်းမပါဘူး....
    အမြဲလှနေမယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလို့မဟုတ်ဘူး...
    လုပ်လည်း မထူးဘူးမှန်း ကိုယ့်အကြောင်းကိုယ်သိလို့.........။

    ReplyDelete
  10. မမကေအိုအမ်.
    ခုများတော့ ရယ်ဗလွန် Age Defying တွေ သုံးနေရတာ ကြာပါပေါ့..........ဟင့်...........။

    ReplyDelete
  11. ဖေမြင့် စာအုပ်ကြည့်ပြီး စဉ်းစားသွားတယ် မူများမမှန်လို့ လားလို့ ဟိဟိ

    ReplyDelete
  12. ဟင်းဟင်း နာသိတယ် အိုင်ဖုန်းကြီးကို ကြွားချင်တာဆိုတာ နာ့ကျရင် ဇက်ဖုန်းကြီးကို ကြွားမှာ ဟွန့် (အိုင် ထက် နောက်ကျတဲ့ မော်ဒယ် ဘယ်မှာရှိလဲ မမေးနဲ့  တို့ အတွက် အထူးစပယ်ရှယ်) (ရေးသူမှာ မေဖလားဝါး လုံးဝ (လုံးဝ) မဟုတ် မေဖလားဝါးအစစ်အမှန်က ကျေးဇူးရှင် မွေးသဖခင် ရောက်နေလို့  လုံးဝမအား ဘလော့မ၀င်ရဲပါ

    ReplyDelete