Tuesday, September 29, 2009

ကြေကွဲနေ့တွေ ညတွေ


ကိုယ်မြင်ချင်တဲ့ လမင်းရယ်
ကိုယ်မက်ချင်တဲ့ အိပ်မက်ရယ်
ညတွေ တစ်ညမှ
ရောက်မလာဘူး


ရင်မှာဟာတာတာနဲ့
တခုလိုအပ်နေလို့
မင်းနဲ့ဝေးရင်
စိတ်ဓါတ်ကျလာတယ်

ဒီလိုအထီးကျန်တဲ့နေ့တွေ
ကိုယ်သိပ်လွမ်းနေတဲ့ ညတွေ
ဆက်တိုက်ကြီးဆို
ရူးတော့မှာပဲ

ကြေကွဲသွားတဲ့နေ့ညတွေ
တစ်ယောက်တည်း
မင်းအနားမရှိချိန်တွေ
မခံစားရဲဘူး ရူးမယ်လေ

12 comments:

  1. သီချင်းလားဟင် မမသစ်

    ထော

    ReplyDelete
  2. သစ် စိတ်ကလေးပျော်အောင်နေ

    အဆွေးသီချင်းတွေ သိပ်နားမထောင်ပါနဲ့ 
    (အထူးသဖြင့် မြန်မာသီချင်းတွေကို နားမထောင်ပါနဲ့  မြန်မာလိုနားလည်နေတော့ လွမ်းစရာလေးတွေ ဖြစ်ကုန်လို့ ပါ)

    Eng သီချင်း တရုတ်သီချင်းများများနားထောင်ပါ
    (နားသိပ်မလည်တော့ သူတို့ အဆွေးဆိုပေမယ့် ကိုယ်ကမသိတော့ မဆွေးတော့ပါဘူး)

    ဒါပေသိ တော်၂များ Eng နဲ့  တရုတ်သီချင်းတွေက မြန်မာသီချင်းတွေကို ကြိုက်ပြီး သူတို့ က ကော်ပီလုပ်ထားတာကြောင့် ဟာ ဒါ ၀ိုင်းဝိုင်းရဲ့  ဟိုသီချင်းကြီးပဲဆိုပဲ သွားမတွေးမိပါစေနဲ့  ဒါဆိုလည်း နားမလည်ပေမယ့် ဆွေးတတ် လွမ်းတတ်ပါတယ်

    ဒီတော့ကာ ခပ်မြူး၂သီချင်းလေးများ၂နားထောင်ပါ

    ဒါမှမဟုတ် Black eye susan, bar2 black sheep စတဲ့ Eng သီချင်းများ၂နားထောင်ပါ အီး စွမ်းရည်ပါတိုးတက်ပြီး အီး လို များ၂တတ်လာပါလိမ့်မယ်
    စေတနာလေးနဲ့ ပါ (သစ် သိပ်ခံစားနေတာ မကြည့်ရက်လို့ ပါ)

    အမှန်တော့ တို့ လည်း အဲ့ဒီ ကြေကွဲနေ့ တွေ ညတွေသီချင်းကို တော်၂လေး ကြိုက်ပါတယ် (ဘက်ဟမ်းတို့  ဘရက်ပစ်တို့ ကို မှန်းပြီး လွမ်းဆွေးတိုင်း နားထောင်ဖြစ်ပါတယ်)

    ဒီလိုအရေးအသားကြည့်ပြီး အမ်အဖ် ဆိုပြီး တထစ်ချ ပြောကြပါလိမ့်မယ်
    အမှန်တော့ အဖ်အမ် လေဒီယိုသတင်းထာဏ က ဂျင်ဆန်းမီ ပါ

    ReplyDelete
  3. ပုံထဲက ညက်ရည်က အတုကြီး

    ReplyDelete
  4. ပြောင်မြောက်တဲ့ ကောမန့်ပိုင်ရှင်ရဲ့ အရေးအသားကို ဖတ်ပြီး မျက်ရည်တောက်တောက်ယိုသွားပါတယ်.. (ရီရလွန်းလို့ )

    ReplyDelete
  5. ဒါကြောင့် ဒီပို့စ်ခေါင်းစဉ်ကို ရင်းနှီးပါတယ်လို့တော့ ထင်သား..

    ReplyDelete
  6. ဂျင်ဆန်းမီက ဂျင်စင်းနဲ့ အမျိုးလား ဟိ

    ReplyDelete
  7. အေးလေ အေးလေ ဟိုမှာ မျက်ရည်တွေ တောက်၂ကျအောင် ခံစားနေ၇တာကို သူက ဂျင်စင်းအကြောင်း မေးနေတယ် မနေ့ က အထွေးလိုက်ကိစ္စ
    ဒီနေ့  အစင်းလိုက်ကိစ္စဖြစ်နေပြီ
    ဟိုမှာ မျက်ရည်ကျတော့မယ် ဆက်မဆွေးနွေးနဲ့ တော့ ဂျင်းစင်းကိစ္စ
    တော်ကြာ ဘာတို့ မျက်ရည်မြေကျလို့  မိုးခေါင်နေဦးမယ် စလုံးမှာ ပူပါဘိနဲ့ 

    ReplyDelete
  8. ငါတယောက်တည်း ဖြစ်နေချိန်မှာ
    အရင်လို စကားလေးတွေ ပြန်ကြားရင်

    ကိုယ်တော့ အဲဒါပဲ ဆိုနေမိတယ်

    :(

    ReplyDelete
  9. သစ်သစ်ရေ..
    ရူးတော့မရူးလိုက်ပါနဲ့ဦး။
    ဘလော့ဂါတစ်ယောက် လျော့နေပါဦးမယ်။
    ဟဲ ဟဲ။

    ReplyDelete
  10. စီဘောက်ပိတ်ပြီး နာတို့ ကို အရူးလုပ်တာ ဘယ်ရမလဲ မန့် တဲ့နေရာရေးမှာပေါ့ ဟွန့်  လူကြံရင် ပန်းကန်တောင်ကွဲတယ် ဘာမှတ်လဲ

    ReplyDelete
  11. မန့် မရဘူးဆိုလို့ 

    ReplyDelete
  12. ကဲ နာ မပြောဘူးလား လူကြံရင် ပန်းကန်တောင်ကွဲတယ်ဆိုတာ ခုကြည့် ပလတ်စတစ်ပန်းကန်ပဲသုံးတော့တယ် ကွဲရင် ပြန်ရောင်းလို့ ရတယ်

    ReplyDelete