Thursday, May 27, 2010

စားဖြစ်နေတာက...

ဒီအပတ် ရုံးက ၄ရက်ပဲတက်ရတယ်ဆိုတော့ စားတဲ့အစားအစာမထပ်ဘူးလို့ ပြောရမယ် ။ ခုတလော အစားအသောက်တွေကိုစားရင် ပါးစပ်မှာတခုခုလိုနေသလို အဆင်မပြေဘူး ဖြစ်နေတယ် စားပြီးရင်လည်း ကျေနပ်မှုဆိုတာမရှိပဲ လျှာဘာဖြစ်နေလဲကို မသိဘူး ။ ပြီးတော့ သွေးတိုးမှာခပ်ကြောက်ကြောက် နဲ့ပဲ ကောင်းမယ်ထင်တာလေးတွေ လိုက်စားပြီး ကိုယ့်ကိုယ်ကိုပြုစုသော်ငြားလည်း အဆင်မပြေခဲ့ပါ ။ ဒီအပတ် စားဖြစ်တာလေးတွေ ပါးစပ်မှာအရသာမကောင်းပေမယ့် ဖုန်းလေးနဲ့တော့ မှတ်တမ်းတင်ဖြစ်တယ် ။ ဒီတော့ အမှတ်တရပို့စ်ဖြစ်သွားတာပေါ့နော့...။


မြေအိုးမြီးရှည် (စီးတီးဟောသွားပြီးကို တခုတ်တရသွားစားတာပါ သို့သော်လည်း.....)



အသားတွေမစားချင်တော့ အာလူးနဲ့ခရမ်းသီး ပဲလေးနဲ့ ကုလားလိုဆိုတော့လည်း နိုး ပါပဲ

မရိုးနိုင်တဲ့ ကြက်ဆီထမင်းနာမည်ကြီးတဲ့ဆိုင်ကို ၁၀မိနစ်လောက်လမ်းလျှောက်သွားစားတာ ဒါလဲ....


ကဲ သွေးတက်ချင်လည်းတက်တော့ အမဲအူကြမ်းစွပ်ပြုတ်တဲ့ (တခုခုလိုနေသလိုပဲ)


ဒီနေ့တော့ ရှမ်းထမင်းချဉ်စားမယ်ကွာ ဗိုက်သာပြည့်သွားတယ်.....း(


စလုံးသားတွေအတွက် မရိုးနိုင်တဲ့ ယောင်တို့ဖူး ကိုယ်လည်းလိုက်ယောင်မယ်ကွာ...မထူးးးး


ကဲ..ဘာစားရင်ကောင်းမလဲ ကိုယ်တိုင်ချက်ဖို့ကတော့ ဝေးးးးးစွ စိတ်ကိုမပါဘူး ဖြစ်နေတယ် ...ဂယ်

9 comments:

  1. နောက်ဆုံး မှာ တွေ့ တဲ့ ယောင်တို့ဖူး လေး ကြည့်ပြီး ယောင်တောင်တောင် နဲ့ ပြန်သွားတယ်

    ခင်တဲ့
    ရွှေစင်

    ReplyDelete
  2. သူများအိမ်သွားလည်လိုက် ထမင်းစားချိန်မှန်းပြီး

    ReplyDelete
  3. ဟိဟိ
    မမကွမ်းပြောတဲ့အတိုင်းလုပ် သစ်ကလေး
    တုန်ယမ်းပင်လယ်စာ စား ဟေ့ကောင်။
    အိုင်လပ်ဖ်အစ်

    ချစ်တဲ့
    nn

    ReplyDelete
  4. သစ်သစ်ရေ..ယိုးဒယားစာသွားစားကြည့်ပါလား။ (တယောက်ထဲသွားရမှာ ပျင်းရင် မိုးဦးလိုက်စားပေးမယ် :)

    ReplyDelete
  5. သူစားမကောင်းတာကလဲ တမျိုးပဲ

    ReplyDelete
  6. သူ စားမဝင်သလောက်လေး ကိုယ် စားနိုင်ချင်လိုက်တာ

    ReplyDelete
  7. အဖေပြောတဲ. ကြွားငြီးကလေးများလားကွယ်...

    ReplyDelete
  8. want to eat..မြေအိုးမြီးရှည်

    ReplyDelete
  9. မြေအိုးမြီးရှည်က မြန်မာပြည်က ပိုအရသာကောင်းမယ့်ပုံပဲ
    ကုလားစားလည်း တူတူပဲ
    ရှမ်းစာလေးကတော့ မဆိုးဘူးပဲ
    ယောင်တိုဖူးကတော့ ကိုယ်တို့ တွေက ယောင်ချာ၂သမားတွေဆိုတော့ သိပ်ကြိုက်
    နောက်တခါ ကြက်ဆီထမင်းထည့်ရိုက်လို့ ကတော့ အပြင်မှာလူတွေ့ လို့ ကတော့ ရိုက်မယ် ဒါပဲ

    ReplyDelete