Sunday, May 16, 2010

အချစ်

သစ်သစ် ဒီနေ့ အချစ်အကြောင်းလေး နည်းနည်းရေးချင်နေမိပါတယ် ။ ချစ်တယ်ဆိုတာ စာလုံးကတော့၂လုံးတည်းပေမယ့် တကယ်ကိုရိုးရှင်းပြီး နက်ရှိုင်းပါတယ် ။ အချစ်ဆိုတာကို ခိုင်မြဲအောင် နားလည်မှု သီးခံမှုတွေနဲ့ ချည်နှောင်လေ့ရှိကြပါတယ် ။ လူတစ်ယောက်ဟာ အချစ်ဆိုတာ တစ်ခုတည်းနဲပဲတွေ့ရမယ်လို့ ဘယ်သူမှသတ်မှတ်မထားပါဘူး ။ တစ်ဦးထက်ပေါ်လာတဲ့ ချစ်ခြင်းတွေကို အလိမ္မာအသိဥာဏ်နဲ့ ပယ်ချဆုံးဖြတ်လေ့ရှိပါတယ် ။


ကိုယ်ပက်သက်လိုက်တဲ့သူဟာ ပက်သက်နေတဲ့အချိန်မှာ အရာအားလုံးကင်းရှင်းနေရင် ဒါဟာသန့်စင်တယ်လို့ ယူဆလို့ရပါတယ် ။ ဟိုးအတိတ်ဟောင်းကို ပြန်လည်တူးဆွလို့ အချိန်တိုင်းအဆင်မပြေမှု ဖြစ်လာခဲ့ရင် ဒီအချစ်သည်လည်း ဘယ်လောက်ကြာရှည်စွာ ခိုင်မြဲတော့မှာလဲလေ ။ ခွင့်လွှတ်နိုင်လို့စကတည်းက ပက်သက်ခဲ့တာပဲ ဒါကိုပွိုင့်အောက်လုပ်လာခဲ့ရင်တော့ သစ်သစ်ဆိုရင်သီးခံနိုင်မယ် မထင်ပါ ။ လူတစ်ယောက်အတွက် အချစ်ဆိုတာ ဖျော်ဖြေစရာတစ်ခုအဖြစ် ယူဆခဲ့ရင် ဒီအချစ်ဟာဘယ်တော့မှ ဖြူစင်တဲ့ချစ်ခြင်းအဖြစ် မရပ်တည်နိုင်တော့တာ သေချာပါတယ် ။

မိန်းမသားတိုင်းက အချစ်ရဲ့ပန်းတိုင်ကို လက်ထပ်ခြင်းဆိုတာနဲ့ သတ်မှတ်ထားလေ့ရှိပါတယ် ။ ချစ်သူဘ၀မှာ အတွေးအခေါ် အယူအဆတွေညှိကြမယ် သဘောထားတွေပြောကြမယ် ရှေ့ရေးတွေတိုင်ပင်ကြမယ် ဒါဟာဖြစ်ရိုးဖြစ်စဉ် တစ်ခုပါပဲ ။ ဒါတွေကိုချည်နှောင်တယ်လို့ ယူဆရင်တော့ သေချာနေပါပြီ တခုခုတော့မှားနေပြီပဲလေ ။ ဒီလိုမျိုးခံစားရတဲ့ မိန်းကလေးတစ်ယောက်က ကိုယ့်ချစ်သူအပေါ် ယုံကြည်မှုမရှိတော့တာ သစ်သစ်ကတော့မှားတယ်မထင်ပါဘူး ။ ရွေးချယ်ခြင်းဆိုတာ တဖက်သတ်တော့မဖြစ်နိုင်ဘူးလေ သီးခံတယ်ဆိုတာကလည်း အတိုင်းအတာတစ်ခုတော့ ရှိသင့်တာပေါ့ ။ ချစ်သူတိုင်းမျှမျှတတ တွေးခေါ်တတ်ရင် လောကကြီးကတော့ သာယာနေမှာသေချာပါတယ် ။

တဖက်စွန်းရောက်နေတဲ့ချစ်သူတွေ ညီညွတ်မျှတစွာ တွေးခေါ်တတ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ။ သစ်သစ်ကိုရင်ဖွင့်လာတဲ့ သူငယ်ချင်းလေးလည်း အစစအရာရာအဆင်ပြေပါစေ ။ သစ်သစ်အနေနဲ့ သူများချစ်ခြင်းကို ဝေဖန်လိုစိတ်မရှိပေမယ့် ခံစားနေရတဲ့သူ့ခံစားချက်လေးကို အခြေခံပြီး သစ်အမြင်လေးနည်းနည်းရေးချင်တာနဲ့ ဒီပို့စ်လေးဖြစ်လာတာပါ ။ အားလုံးပဲ မျှမျှတတနဲ့ ပျော်ရွှင်စွာအနာဂတ်ကို ပုံဖော်နိုင်ကြပါစေ....။


6 comments:

  1. ဖတ်ဖူးတာလေးတစ်ခု မျှချင်တယ်။ မိန်းကလေးတွေအတွက် အချစ်ဆိုတာ ဘ၀တစ်ခုလုံးဖြစ်ပြီး၊င်္ယျေားလေးတွေအတွက်တော. အချစ်ဆိုတာ ဘ၀ရဲ. အစိတ်အပိုင်း တစ်ခုသာ ဖြစ်သတဲ....

    ReplyDelete
  2. ဒီလူလို ဟိုလူလိုMay 16, 2010 at 10:55 PM

    ဒါကြောင့် အချစ်ကို မရှာတာပေါ့
    ခေါင်းပူတယ် စိတ်ရှုပ်တယ်ကွာ (ခေါင်းလျှော်ရည်ကြော်ငြာလေးပါ)

    ReplyDelete
  3. အချစ်ဆိုတာ ပူလောင်တဲ့ မီးတောက်ငယ်တခု
    ဘယ်သူမပြု မိမိအမှု စဉ်းစားကြည့်ပါအခု
    သံယောဇဉ် ဆိုတာကလည်း သောကရဲ့  မြစ်ဖျားခံရာ ရေသောက်မြစ်တခု

    ReplyDelete
  4. နားလည်မှုနဲ့ တည်ဆောက်ထားတဲ့အချစ်ကသာ အခိုင်မြဲဆုံးပါ

    ReplyDelete
  5. ချစ်သူဘ၀မှာ အတွေးအခေါ် အယူအဆတွေညှိကြမယ် သဘောထားတွေပြောကြမယ် ရှေ့ရေးတွေတိုင်ပင်ကြမယ် ဒါဟာဖြစ်ရိုးဖြစ်စဉ် တစ်ခုပါပဲ ။ ဒါတွေကိုချည်နှောင်တယ်လို့ ယူဆရင်တော့ သေချာနေပါပြီ တခုခုတော့မှားနေပြီပဲလေ ။

    ဟုတ်ပါတယ် မမ.. ဒါတော့သေချာတယ်...တွေ့ဖူးတယ်...

    ReplyDelete