Sunday, May 9, 2010

အမေနေ့အလှူလေး

သစ်သစ်တို့အဖွဲ့ ၉.၅.၂၀၁၀ အမေများနေ့မှာ ထူးထူးခြားခြားအလှူလေးတစ်ခု လုပ်ဖြစ်ခဲ့ပါတယ် ။ သစ်သစ်တို့အဖွဲ့ နဂိုစီစဉ်ထားတာက အောက်တိုဘာလမှလုပ်မယ် စီစဉ်ထားပေမယ့် စောစောလုပ်ချင်တယ်ဆိုတဲ့ အားလုံးရဲ့ဆန္ဒအရ ဒီမေလထဲမှာ စီစဉ်ဖြစ်သွားခဲ့ပါတယ် ။ ပျော်စရာလည်းကောင်းသလို တစ်ဖွဲ့လုံးဒီလိုနေ့ထူးနေ့မြတ်လေးမှာ အတူတကွ တရားနာနိုင်ခဲ့ကြ ကုသိုလ်အတူယူနိုင်ခဲ့ကြပါတယ် ။


သစ်သစ်တို့ဒီအစီအစဉ်ဖြစ်မြောက်ဖို့ ၁လလောက်အလိုကတည်းက တိုင်ပင်ဖြစ်ခဲ့ကြပါတယ် ။ အားလုံးရဲ့မအားလပ်တဲ့နေ့ရက်တွေကို ဖယ်လို့ ၉ယောက်လုံးအဆင်ပြေမယ့်နေ့ကို ရွေးချယ်ခဲ့ကြပါတယ် ။ အစပထမကတော့ မေလပထမဆုံးအပတ်မှာ ရက်လိုချင်ပေမယ့် ဘုန်းကြီးကျောင်းကအဲ့နေ့မှာ နေ့ဆွမ်းအလှူရှင်ရှိနေပြီးသားဖြစ်နေပါတယ် ။ ဒါကြောင့် သစ်သစ်တို့လည်း အမေနေ့ဖြစ်တဲ့ ဒီနေ့လေးကိုရွေးချယ်ဖြစ်ခဲ့တယ် ဆိုပါတော့ ။

ဘယ်သူတွေကဘာလုပ်မယ် ဘာချက်မယ် ဘယ်သူတွေကတော့ ဘယ်လိုကူညီမယ် တာဝန်တွေအသီးသီးခွဲလို့ အကြိမ်ကြိမ်လည်း စုပေါင်းတိုင်ပင်ကာ အမှားအယွင်းအလေအလွင့် ကင်းအောင် သေချာစီစဉ်နိုင်ခဲ့ပါတယ် ။ သစ်သစ်တို့အဖွဲ့က ၉ယောက်ရှိပါတယ် ။ ဒီလူတွေက ဘလော့လေးတွေဖတ် ကွန်မန့်လေးတွေပေးလို့ ခင်မင်လာခဲ့တာ ခုဆိုရင် ၁နှစ်ကျော်တောင်ရှိခဲ့ပါပြီ ။ ဘယ်သူကသာတယ်နာတယ် တစ်ခါမှမစဉ်းစားပဲ ခုချိန်ထိညီညီညွတ်ညွတ်နဲ့ ညီအမအရင်းသဖွယ် နေလာခဲ့တာကနေ ခုလိုစုပေါင်းအလှူလေး လုပ်ဖြစ်တဲ့ထိအောင် ချီတက်နိုင်ခဲ့ကြပါပြီ ။ ဒီ၉ယောက်ဆိုတဲ့ အမည်တွေကတော့ စာဖတ်သူတွေရင်းနှီးအောင် သစ်သစ်ဖော်ပြပေးပါ့မယ် ။ သစ်သစ်ကတော့ အားလုံးသိပြီးသားဖြစ်ပါလိမ့်မယ်း)။ နောက်တစ်ယောက်ကတော့ ဘလော့လေးရေးတဲ့ ဗစ်စတာပါ ။ ထောပတ်သီးဆိုတာကတော့ အရင်ကဘလော့လေးရှိပေမယ့် ခုတော့စာဖတ်သူတစ်ယောက်အနေနဲ့ပဲ ရပ်တည်နေတဲ့ညီမငယ်လေးပါ ။ နောက်တစ်ယောက်ကတော့ အများကိုကူညီတတ်တဲ့ ညီမငယ် မေလေးဆိုတဲ့ ဘလော်ဂါပါ ။ နာမည်ကြီးစာဖတ်ပြီး ကွန်မန့်တွေလိုက်လံပေးတတ်တဲ့ သူတွေကတော့ ချယ်ရီ ၊ မျိုး ၊ ခရမ်းချဉ်သီး ၊ နိုမို ၊ ညည ဆိုတဲ့ ပင်တိုင်စာဖတ်သူတွေပါပဲ ။ စာဖတ်သူရယ် ဘလော့ရေးတဲ့သူရယ် လို့မခွဲခြားပဲ တစ်ဦးရဲ့အပူကို တစ်ဦးကမျှဝေ တစ်ယောက်ရဲ့အပျော်ကို တစ်ယောက်ကကူးစက်လို့ ရှေ့ဆက်လည်း ဒီလိုအလှူလေးတွေစုပေါင်းလှူဒါန်းရင်း ချစ်ချစ်ခင်ခင်စည်းစည်းလုံးလုံး နေသွားကြမယ်လို့ သစ်သစ်မျှော်လင့်မိပါတယ် ။

ချက်မယ်ပြုတ်မယ်ဆိုတော့ အရင်ကတော့ သစ်သစ်တို့ဘုန်းကြီးကျောင်းမှာ စုပေါင်းချက်ပြုတ်ကြမယ် ဆုံးဖြတ်ထားပေမယ့် စနေရုံးမတတ်ရတဲ့ သစ်သစ်က အိမ်မှာပဲဝက်သားအချိုချက် ၊ ခရမ်းချဉ်သီးငါးပိချက် တို့ကိုချက်ပြီး ညနေကျမှ ဘုန်းကြီးကျောင်းကို ပို့ပေးခဲ့ပါတယ် ။ မျိုး ၊ ချယ်ရီ ၊ ထော ၊ ရမ်းရမ်း ၊ နိုမို တို့ကတော့ စနေရုံးဆင်းပြီးတာနဲ့ လိုအပ်တာတွေဝယ်ခြမ်းပြီး ဘုန်းကြီးကျောင်းမှာချက်ပြုတ်ခဲ့ပါတယ် ။ အလှူနီးမှနေမကောင်းတွေဖြစ်တဲ့ မေလေးကိုတော့ အလှူနေ့မနက်မှပဲ ၀က်နံရိုး ကြာဥ ဟင်းချိုချက်ပေးဖို့ အစီအစဉ်ပြောင်းခဲ့ပါတယ် ။ ဗစ်ကလည်း ငါးဖယ်သုတ်အတွက် ငါးဖယ်တွေကြော် အစိမ်းကြော်တွက် ကြက်အမြစ် နှလုံးတို့ကို အိမ်မှာပဲလုပ်ကိုင်လို့ အလှူနေ့မနက်မှ ကျောင်းမှာလာကြော်ပါတယ် ။ တနင်္ဂနွေမနက်၈နာရီကတည်းက ကန်စွန်းဥရွှေကြည်ယူမယ့် ညညတစ်ယောက်ကတော့ ရွှေကြည်ဗန်းကြီးပိုက်လို့ ၁၀နာရီကျော်လောက်မှာ ပန်းဝင်လာပါတယ် ။ လိုအပ်တာမှန်သမျှ ရစေရမယ်ဆိုပြီး ဘေးနားကနေ ကူညီလုပ်ကိုင်ပေးတဲ့ ထော ၊ နိုမို ၊ ချယ်ရီ ၊ ရမ်းရမ်း တို့အစွမ်းကလည်း မသေးလှပါဘူးလေ ။ မနက်မှစောစောလေးထပြီး လက်ဖက်ချဉ်စပ်တစ်ဗူးနှပ်လို့ လိုအပ်တဲ့တိုမီမိုစတွေသယ်ကာ ၁၀နာရီကျော်လောက်မှာ သစ်သစ်လည်းကျောင်းရောက်လာခဲ့ပါတယ် ။ မျိုးတစ်ယောက်ကတော့ သစ်သစ်ရောက်တဲ့အချိန်မှာ ပုစွန်တန်ပူရာကြော်ဖို့ ကြိုးစားနေဆဲကာလတွေပေါ့း ) ။

မကြာပါဘူး တရားအရင်နာဖို့ ကျောင်းသားလေးတစ်ယောက်က လာခေါ်ပါတယ် ။ အားလုံးစုပေါင်း တရားနာနေပြီး မဆုံးခင်မှာ ဘုန်းကြီးဆွမ်းပွဲပြင်ဆင်ဖို့ မျိုး နဲ့ မေလေးက ကြိုတင်ဆင်းသွားခဲ့ပါတယ် ။ နောက်သံဃာတွေကို ဆွမ်းကပ်လို့ အချိုပွဲတွေအတူကပ်လို့ ကုသိုလ်တွေယူခဲ့ကြပါတယ် ။ အားလုံးပြီးတော့ ကိုယ်တွေအဖွဲ့စားသောက်ကြတာကတော့ နောက်လိုက်ပြောင်လိုက် တော်တော့်ကိုပျော်စရာကောင်းပါတယ် ။ ပင်ပန်းပေမယ့် အဆင်ပြေပြေပြီးစေချင်တဲ့ဇောကလည်းများနေတော့ အားလုံးစားသောက်ပြီးတဲ့အချိန်ကြမှ စိတ်ချလက်ချပျော်နိုင်ကြပါတော့တယ် ။ ဘုန်းကြီးကျောင်းကိုအလှူငွေလှုဖို့ အဖွဲ့နာမည်စဉ်းစားတာကလည်း တော်တော်ရယ်စရာကောင်းပါတယ် ။ ဘာပဲဖြစ်ဖြစ် သစ်သစ်ကတော့ ဒီလိုအလှူလေးပြီးမြောက်သွားလို့ အားလုံးကိုကျေးဇူးတင်ကြောင်း ဒီပို့စ်လေးနဲ့ပြောရင်း လာရောက်စာဖတ်သူတွေလည်း သစ်သစ်တို့နဲ့အတူ သာဓုအတူခေါ်ရင်း ကုသိုလ်အတူပြုကြတာပေါ့နော်.... ။

ဘုန်းဘုန်းတရားပေးနေစဉ် ကျောင်းကကောင်လေးရိုက်ထားတဲ့ပုံ

ဆွမ်းကပ်ဖို့ပြင်ဆင်နေပုံ

ပို့လိုက်ရတဲ့ အီးမေးလ်များး)

တို့တွေစားကြမယ်ဟေ့

သရက်သီးစိမ်း (သွားကြိမ်းလိုက်ထှာ)

ဂိုးဒမ်းမိုင်းလ်က ငှက်ပျော်ခြောက်ကြော်

စုံလင်လှတဲ့ တို့စရာ


ကြက်ကချင်ချက် မျိုးအစွမ်း

ဒီလိုမှိုခြောက်လည်း ထည့်ရတာတဲ့လေ

မှိုခြောက်မထည့်ခင် ကြက်သားအိုး

ငါးဖယ်သုတ် ၊ ၀က်သားဟင်း ၊ တို့စရာ ၊ ငါးပိချက် ၊ ပုစွန်ကြော်

အချိုပွဲတစ်ချို့

ငါးပိချက်အိုး

ဝက်နံရိုး ကြာဥဟင်းချို ရှလွတ်

ဝက်သားအချိုနှပ်

ကန်စွန်းဥရွှေကြည်

ချစ်ဗစ်လက်ရာ အစိမ်းကြော်

မပါမဖြစ် မြန်မာလက်ဖက်

ရွှေပုစွန်က နက်ကထိုင်

ပုစွန်တန်ပူရာကြော်



သစ်သစ်တို့အဖွဲ့ အလုပ်များနေတော့ ဓါတ်ပုံကိုသေချာစွာမရိုက်နိုင်လို့ အားတဲ့သူကအဆင်ပြေသလို ရိုက်ထားတဲ့ပုံလေးတွေမို့ သီးခံပြီးကြည့်ပေးကြပါနော် ။ ဓါတ်ပုံဆရာမလေးထောပတ်သီးရဲ့ အနီးကပ်ရိုက်ချက်များကတော့ အံ့မခန်းလွန်းလို့အချို့ကို ၀မ်းနည်းစွာပဲ ချန်လှပ်ခဲ့ရပါတယ် ... ဟိ ။

10 comments:

  1. အော.် ထောကလေးဝမ်းနည်းနေပါ့မယ်ထည့်ပေးလိုက်ပါ။
    ဝမ်းမြောက်သာဓုပါညီမအားလုံး။

    ReplyDelete
  2. သရက်သီးစိမ်းက သွားသာကြိမ်းတယ် မလောက်ဘူး ဟိဟိ

    ReplyDelete
  3. ဖတ်ရင်းနဲ့ ဂလု ဂလု ဖြစ်နေရတယ်။
    တော်လိုက်တာ။

    ReplyDelete
  4. သစ်သစ်May 10, 2010 at 12:08 PM

    သယ်ချင်းရီတာ .... ထမင်းစားခါနီးလာဖတ်လို့ ထင်တယ် ... သစ်ဆိုပုံတွေမကြည့်ဘူး ဗိုက်ဆာလို့...ဟိ

    ReplyDelete
  5. သရက်သီးစိမ်းက ကြိုက်လို့လားမသိ ချဉ်တယ်ကိုမထင်တာ ဒီဘက်မှာကုန်လို့ ဟိုဘက်ဝိုင်းတောင်ထရှာမိသေး ဒါပေမယ့် ဟိုဘက်မှာလည်းပြောင် သူများရိုက်ပေးတာမကောင်းလို့လားဟင် ၀မ်းနည်းသွားတယ် ရွှတ် ဗတ် (မမများအားလုံး နှာချေးများစင်စေ)

    ReplyDelete
  6. ပျော်မှပျော်ဘဲ ကိုကို့ကလဲ ဒီအုပ်စုကိုလူညီလို့ဆိုပီး သဘောတွေကျလို့
    ပျော်တတ်ကြတယ်တဲ့
    နေမကောင်းလို့ သိပ်မကူညီနိုင်တာဘဲ စိတ်မကောင်းဘူး
    ကျန်တဲ့သူငယ်ချင်းတွေပိုပင်ပန်းသွားတယ်

    ReplyDelete
  7. သာဓု သာဓု သာဓု

    ကြည့်ရတာ ဗိုက်ဆာ လိုက်တာ... သရက်သီးစိမ်း နဲ့ ငပိချက် အစားချင်ဆုံးပဲ

    ReplyDelete
  8. သစ်သစ်May 10, 2010 at 4:48 PM

    ဒီတစ်ခါလာရင် တကယ်ချက်ကျွေးမယ် အချစ်ကို..

    ReplyDelete
  9. အမေများနေ့ မှာ မထင်မှတ်ပဲ တိုက်၂ဆိုင်၂ လှူခွင့်ရသွားတာကို ကြည်နူးမိတယ် အားလုံးအဆင်ပြေ၂နဲ့ ပြီးသွားလို့ လည်း ၀မ်းသာမိတယ်
    ပုံတွေကို ထပ်ကြည့်ပြီး သားရေထပ်ကျသွားတယ်
    ငါးဖယ်သုတ်လေး ငါးဖယ်သုတ်လေး တော်တော့ကို ကောင်းရှာပါတယ်

    ပုံ
    ငါးဖယ်

    ReplyDelete