Monday, May 17, 2010

ချစ်တူလေး

တီတီလေးရေ ဆိုပြီး ဖုန်းဆက်နေကျ ချစ်တူလေး ဘာလုပ်လုပ် သူ့တီတီလေးကို သတိရတဲ့ကလေးလေး ခုဆို ၁တန်းကျောင်းသားကြီးတောင် ဖြစ်တော့မယ် ။ ချစ်စဖွယ်တူလေးကို သတိရလို့ ရန်ကုန်ပြန်တုန်းက ရိုက်ယူလာတဲ့သူပုံလေး အလွမ်းပြေတင်လိုက်တယ် ။ ဖုန်းဆက်ပြီး သားသားပုံကို လူတွေအများကြီးကြည့်အောင် တီတီလေးလုပ်လိုက်တယ်ဆိုတော့ ဘလော့ဆိုတာဘာမှန်းမသိတဲ့ ကလေးလေးက ရှက်တယ်တဲ့လေ...း) ။


6 comments:

  1. တီတီသစ်
    တီတီသစ်
    တီတီသစ်
    တီတီသစ် တူလေးက သိပ်ချောတာပဲ ဟဲဟဲဟဲ

    ReplyDelete
  2. တီတီလေးသစ် ..

    ReplyDelete
  3. အမငီး !! အပေါ်က ဘွားဘွားဂျီးက ကျောက်ပျင်ရွက်စောင့်မို့ တဲ့ ....

    ReplyDelete
  4. တူလေူက ချစ်ချာလေး.... ပဲလေးနဲ့ အဒေါ်နဲ့ တူလို့ထင်တယ်နော် မမသစ်...

    ReplyDelete
  5. မမရေ ဒါနဲ့ စကားမစပ် ဆန်ဘာဝမ်းကျောင်း အလှုရောက်ခဲ့သေးတယ်... မမဘယ်သူလဲတော့မသိဘူး... လူတွေကြားမှာ မေးရင် ဘလော့ရေးတာသိသွားမှာ ရှက်လို့... မမေးခဲ့ဘူး.. ညီမတို့က တရားပွဲကို အစအဆုံးမှီတယ်လေ... တရားပွဲ ပြီးတော့ ကြာဇံကြော်စားပြီး ဘုန်းကြီးကို သင်္ကန်းလှုပြီးတော့ ပြန်ဖြစ်တယ်... အမျိုးသား သူငယ်ချင်းတွေနဲ့ပဲ တွေ့တယ်... ကိုယ့် Batch ကလူတွေ လုံးဝကို မတွေ့ခဲ့ဘူး... ဆောသေးလို့လားတော့ မသိဘူး... မနန္ဒာနဲ့ မဆုစန္ဒာတို့နဲ့ တော့တွေ့ခဲ့တယ်... မနန္ဒာနဲ့ ညီမက အဆောင်တူတယ်... ပိတောက်ရိပ်လေ... နောက်မှ သေချာတွေ့ကြမယ်နော်...:D

    ReplyDelete
  6. ခုမှ ကြည့်ဖြစ်တယ်...တူလေးလို့ ရေးတာ တူလေူ ဖြစ်သွားတယ်.... :D

    ReplyDelete