Wednesday, May 5, 2010

ရေရွတ်သံ

ပျောက်ဆုံးတစ်နေ့
ရှိခဲ့သော်ငြား
အမှတ်မထင်
ထိုရုပ်သွင်ကို
နှလုံးသားထက်
အစဉ်မှတ်လို့
သတိရစေသား


အသစ်တွေ့လို့
သင်မေ့ခဲ့သော်
တစ်ချိန်တစ်ခါ
မင်းထံပါးတွင်
ငြိတွယ်ခဲ့သော
ပိုးမျှင်လေးကို
မှတ်မိစေသား

ငါ၏စကား
နှုတ်ဝယ်ဖွဖွ
ရေရွတ်ခဲ့စဉ်
ချစ်တယ်ဆိုတဲ့
ဒီစကား
သင့်ထံပါးတွင်
ပဲ့တင်စေသား

1 comment:

  1. ချစ်ငယ်ရေ..
    မွန် ကဗျာလေး လာဖတ်သွားပါတယ်..ချစ်ငယ်..:)

    ReplyDelete