မင်းမမြင်တဲ့ ကောင်မလေးရဲ့ ရင်ထဲမှာ မင်းအတွက် ကာရံတွေနဲ့
မင်းမထင်တဲ့ ကောင်မလေးရဲ့ ရင်ထဲမှာ မင်းအတွက် သံစဉ်တွေဖွဲ့
ချစ်ခြင်းမုန်းခြင်း ကင်းမဲ့တဲ့ မင်းဆီမှာတော့ အပိုတစ်ယောက်ပါပဲ
မပေးနိုင်ဘူး ဆိုကာမှ လိုချင်မိတဲ့စိတ်
မလုပ်ချင်ဘူး ဆိုကာမှ ငါ့ကျမှဆိုတဲ့စိတ်
မချစ်ချင်ဘူး ဆိုကာမှ ၀မ်းနည်းမိတဲ့နိမိတ်
မကျော်လွှားနိုင်ဘူး သိပေမယ့် ပြိုင်ချင်မိတဲ့အတိတ်
တူးဆွလို့ဖော်ကာ ယှဉ်ပြိုင်ကာနိုင်လိုက်ချင်တာက အိပ်မက်ရဲ့အစွန်းထွက်တောင် မရှိခဲ့ပါဘူး
အတ္တတွေခ၀ါချလို့ ပြာကျတဲ့အရိပ်တစ်ခုမှာပဲ ခိုလှုံခွင့်ပြုပါတော့သခင်
ယောင်အစွာချရေးလို့ စာတစ်ပိုဒ်ဖြစ်ခဲ့ရင်တောင် မင်းကျော်ဖတ်တဲ့စာပိုဒ်သာလျှင် ဖြစ်ရပါစေသား
Subscribe to:
Post Comments (Atom)
စိုင်းစိုင်းခမ်းလှိုင် လာမဖတ်မိပါစေနဲ့ ...။
ReplyDeleteRap သီချင်းဆိုလို့ ရတယ်..။
ကောင်းလိုက်တဲ့စာ
ReplyDelete