Saturday, October 3, 2009

ဒီအပတ်စားဖြစ်တဲ့အသုတ်

ဒီနေ့ မနက်လပြည့်နေ့ဆိုတော့ စောစောစီးစီးလေ အိပ်ယာထပြီး အိမ်ကိုဖုန်းဆက်ပါတယ် ။ နောက်တော့ ကောင်းသူမကောင်းသူအားလုံးကို အမျှဝေပြီး ဒီပိတ်ရက်ဘာလုပ်စားရင်ကောင်းမလဲ စစဉ်းစားလိုက်ပါတယ် ။ ပြီးခဲ့တဲ့အပတ်တွေကလည်း သိပ်ပြီးဖွယ်ဖွယ်ရာရာမလုပ်စားဖြစ်ဘူးလေ ။ အိမ်မှာနေတဲ့အတူစားနေကျ အမကလည်းဒီလ မင်္ဂလာပြန်ဆောင်မှာဆိုတော့ အလုပ်တွေက ရှုတ်နေတယ်လေ ။ ချက်ရင်လည်း တစ်ယောက်တည်းဆိုတော့ ချက်ရမှာပျင်းနေတာပေါ့နော် ။

ဒါနဲ့ အသုပ်စုံချဉ်ငံစပ်လေး လုပ်စားမယ်စဉ်းစားလိုက်တယ် ။ ပထမဆုံးအာလူးလေးတွေ ပြုတ်ထားလိုက်တယ် ။ ပြီးတာနဲ့ ပဲပြားကြော်ဖို့ အဆင်သင့်ပြင်ထားလိုက်တယ် ။ အာလူးကျက်ခါနီးတော့ ကြက်ဥ၂လုံးထည့်ပြုတ်လိုက်သေးတယ် ။ နောက်တော့ ဆီအိုးကိုတင်ပြီး ပဲပြားကြော်လိုက်တယ် ။ ပဲပြားကြော်တော့ နည်းနည်းကြာတယ်လေ ဒါကြောင့်ညနေစာအတွက် တစ်ခါတည်းပြင်ဆင်လိုက်တယ် ။ ၀က်သားကြိတ်သားလေး ကို ဂျင်း ၊ ကြက်သွန်ဖြူ တို့နဲ့ ရောနယ်ပြီး နီရဲလာအောင်ကြော်ဖို့ ကြိုတင်လုပ်ထားလိုက်တယ် ။ ပဲပြားကြော်လည်းရရော ဆက်ပြီးဝက်သားလုံးလေးတွေကြော်လိုက်တယ် ။ ကျက်သွားတော့မှ အသင့်ခရမ်းချဉ်သီးအနှစ်လေးတွေနဲ့ ရောလိုက်ပြီး နောက်ဆုံးနံနံပင်လေး အုပ်လိုက်တယ်လေ ..။ ညနေစာပါ တစ်ခါတည်း ပြီးသွားခဲ့တယ်လေ ။

နောက်တော့ ဂေါ်ဖီ ၊ သခွားသီး ၊ နံနံပင်လေးတွေကို လှီးလိုက်တယ် ။ ပဲပင်ပေါက်ကိုရေနွေးပူလေးနဲ့ ဖျောလိုက်တယ် ပြီးတော့ အာလူးလေးတွေ လှီးပြီး ပဲပြားကြော်ကိုတော့ ကတ်ကြေးလေးနဲ့ အလောတော်လေး ညှပ်လိုက်တယ် ။ ခေါက်ဆွဲ ၊ ကြာဇံတွေကိုလည်း ရေနွေးလေးနဲ့ ခဏနှပ်လိုက်တယ် ။ မကျီးရည်ပျစ်ပျစ်လေးရအောင်လည်း ရေနွေးပူလေးနဲ့စိမ်ထားလိုက်တယ် ။ နောက် ပဲမှုန့် ၊ ငရုပ်သီးမှုန့် ၊ ဆီကျက် ၊ ငံပြာရည်တွေနဲ့ သုတ်ဖို့အဆင်သင့် ဖြစ်နေပြီလေ ...။

ချဉ်စပ်လေးနဲ့တွဲဖက်စားဖို့ ဟင်းရည်ပူပူလေး ချက်ဖို့မေ့နေတယ်ကွယ် ။ ဒါကြောင့် မုန့်တီရည်တစ်ထုပ်ကို တည်လိုက်ပြီး ဂေါ်ဖီလေးတွေပစ်ထည့်ကာ အပေါ့အငံပြင်ပြီး မြန်မြန်လေးချက်လိုက်တယ် ။ ငရုပ်ကောင်းနံ့သင်းနေတဲ့ ဟင်းရည်ပူလေးရတော့ ကိုယ်လုပ်ရမယ့်အရာအားလုံး ပြီးဆုံးသွားပြီလေ ။ ဒါနဲ့မစားခင် တစ်ယောက်သောသူအတွက် ဓါတ်ပုံရိုက်လိုက်တယ် ။ သူကအသုတ်အရမ်းကြိုက်တာ ကိုယ်သိတယ်လေ ။ နောက်ကျရင် သူ့ကိုလုပ်ပေးရမယ်လို့ ခဏခဏ တောင်းဆိုတတ်လို့ ခုတော့ဓါတ်ပုံလေးနဲ့ပဲ လုပ်ကျွေးလိုက်တယ်နော် ။ ပုံတွေမြင်ရင်စိတ်တိုဦးမှာ မြင်ယောင်မိသေးတယ်ကွယ် ။ တကယ်တော့အသုတ်စုံက လုပ်ရတာအမယ်များပေမယ့် ဟင်းချက်ဝါသနာပါတဲ့သူတွေအတွက် အပျင်းလည်းပြေတဲ့ လုပ်စားချင်ဖွယ် စားစရာတစ်မျိုးပါပဲကွယ် ..။


အဆာပလာအစုံအလင်


ခေါက်ဆွဲ၊ကြာဇံ အသင့်ကွယ်


ဟင်းခါးပူပူလေးပေါ့



ဒါလေးကတော့ ညနေစာလေးပါ


10 comments:

  1. လူသိအောင် ကြော်ငြာဝင်နေပါတယ်ကွယ်

    စားချင်လိုက်တာ

    ReplyDelete
  2. အဟင့် မမသစ် စားချင်စရာ ခေါ်လည်းကျွေးဘူး မေ့ထားတယ်ပေါ့ ဟင်းခါးပူပူလေး နဲ့ အသုတ်စုံချဉ်ငံစပ် စားလိုက်ရရင်ဖြင့် ...... ခုတော့ ဓာတ်ပုံတွေသာငမ်းသွားသည် ကိုယ်ဘာသာတော့လုပ်စားဖြစ်မယ်မထင်သေးဘူး ပျင်းလို့တော့ဟုတ်ပါဘူး အခြေအနေမပေးလို့ပါ :( အရမ်းသနားသွားလာဟင် နောက်ခါလုပ်စားရင် ခေါ်လေနော် ဘယ်လောက်ဝေးဝေးလာစားပါ့မယ် (ငတ်ကြီးကျတယ်ထင်ချင်ထင်) ဟီးးးးးးး ခုတော့တအားဗိုက်ဆာသွားပြီ အပြင်မှာတစ်ခုခုသွားစားလိုက်ဦးမယ်

    ReplyDelete
  3. နာဒါ့ပုံရိုက်ခိုင်းတာကြတော့မပြောဘူး မိရွှေသစ် !!! လွန်တယ် ဟွင်း !

    ReplyDelete
  4. ပထမဆုံး အကြိမ် ရောက်လာတာသိလား
    စားချင်စရာလေးတွေ တွေ့ သွားပြီ
    နောက်လည်းလာစားမယ်နော်....မမ
    မမ..က မမ၀ါပုံထဲမြင်ဖူးတဲ့ မမသစ်ဆိုတာလားဟင်???
    အဟီးးးးးးးးးးးးးလျှာရှည် လိုက်တာလို့ မပြေားနဲ့ နော်.......မမ
    နောက်လည်းလာစားမယ် ပြီးတော့လင့်ခ်မယ်နော်..................မမ

    ReplyDelete
  5. ဟုတ်ပါတယ် မ၀ါဓါတ်ပုံထဲက သစ်သစ်ပါ ။ လင့်ပါရပါတယ် ။ လာလည်လို့ကျေးဇူးတင်ပါတယ် ညီမ....။

    ReplyDelete
  6. မန့် လို့ ရတယ် ကွယ် ပိုးရယ်

    ReplyDelete
  7. ၃ ခါမြောက် မန့် ရတာ ဖြစ်ပါတယ်..
    ခုတော့ အသုတ်ကို စားချင်တယ်လို့  ဘယ်လိုပြောရမှန်းတောင် မသိတော့ပါဘူးနော်.. မနက်ကတည်းက အသုပ်စုံကို စားချင်ပါတယ်လို့  ပြောနေတာကို နေ့ လည်ထိ ပြောချင်သူဆီကို မရောက်သေးဘူးဆိုတော့ကာ...
    သစ်ရေ)))))))
    အသုပ်စုံ စားချင်တယ်ဗျို့ )))))))
    မနက်က သေသေချာချာရေးထားတဲ့ တောင်းခံလွှာလေးရယ်..
    ခုတော့ ဘယ်ရောက်သွားမှန်းတောင် မသိတော့ဘူးးးး
    ဖီးလ်ငုပ်ပါတယ်.. ဒီကွန်နဲ့ ကတော့..
    ခုလည်း အသုပ်ကျွေးမယ့်သူဆီ ရောက်ပါ့မလား မသိ..
    ဘာပဲပြောပြော ဝေမျှထားတဲ့အတိုင်း သုပ်စားလိုက်ဦးမှ..
    ရှလွတ်..

    ReplyDelete
  8. အသုတ်တွေ ...ရှလွတ်

    ReplyDelete