Friday, October 23, 2009

ချစ်တယ် ၂၀၀၉

ဘာလိုလိုနဲ့ ၂၀၀၉ ကုန်ဖို့ ၂လပဲလိုတော့တယ်လေ ..။ ထုံးစံအတိုင်း သစ်သစ် ကိုယ်ဖြတ်သန်းခဲ့တဲ့ ၂၀၀၉ ကိုပြန်ပြီးသုံးသပ်နေပြီ ဆိုပါစို့..။ ကိုယ်ဖြတ်သန်းခဲ့တဲ့အချိန်ကို တန်ဖိုးရှိရှိနဲ့ ကုန်လွန်စေဖို့ နှစ်တိုင်းလိုလို ဇန်န၀ါရီလဆို ဇယားဆွဲတဲ့အလေ့အကျင့်လေး သစ်သစ်မှာရှိတယ် ။ အချို့လတွေဆို ဇယားအတိုင်းမဖြစ်ပဲ ပိုပြီးအရေးကြီးတဲ့ဘက်ကို ဦးစားပေးရတာလည်း ရှိပါတယ် ။


၂၀၀၉ အတွက်သုံးသပ်ရမယ်ဆိုရင်တော့ အလုပ်နဲ့ပက်သက်ပြီး အပြောင်းအလဲဖြစ်ပါတယ် ။ တရွာမပြောင်း သူကောင်းမဖြစ်ဆိုတဲ့စကား အတိုင်း အလုပ်သစ်လေးက သစ်သစ်တော်တော့်ကို ဟန်ကျပြီး လုပ်ချင်တာတွေ လုပ်ခွင့်ရတယ်ပဲ ဆိုပါစို့ ။ သစ်သစ်မေဂျာနဲ့လည်း အပ်စပ်ပြီးကိုယ့်အတွက် တိုးတက်မှုလည်း ရှိပါတယ် ။ ၆လလောက်လုပ်ပြီးပြီဆိုတော့ အကောင်းအဆိုးသိလာပြီပေါ့နော် ။

ပညာရေးကတော့ ရည်မှန်းထားတာ မလုပ်ဖြစ်လိုက်ပါ ။ မလျော့သောလုံ့လနဲ့ ၂၀၁၀ ဇယားမှာ ပညာရေးကိုထပ်ထည့်မယ် စိတ်ကူးထားပါတယ် ။ အကြောင်းတွေကသွေဖယ်ခဲ့ပါတယ် အဓိက ကတော့ငွေကြေးပါပဲ ။ လိုအပ်တဲ့နေရာတွေ ဖြည့်ဆည်းပေးနေလို့ ကိုယ့်ပညာရေးကို တစ်နှစ်နောက်ဆုတ်ဖြစ်ခဲ့ပါတယ် ။

စီးပွားရေးအနေနဲ့ကတော့ ၂၀၀၉က တွက်ခြေကိုက်တယ် ပြောလို့ရပါတယ် ။ ၀င်ငွေ ထွက်ငွေ မှန်သမျှကို လိုသလိုထိန်းချုပ်လာနိုင်ခဲ့တယ် ။ လိုအပ်တဲ့နေရာတွေမှာ ပါဝင်ခွင့်ရလာတယ် ။ မိဘအတွက် ကိုယ်ပိုင်ငွေနဲ့လုပ်ချင်တာလေးတွေ လုပ်ပေးခွင့်ရခဲ့တယ် ။ တတ်နိုင်သလောက်လည်း လှူဖြစ်ခဲ့ပါတယ် ။ လှူဒါန်းနိုင်အောင် စီစဉ်ပေးကြတဲ့ အစ်ကိုအစ်မတွေရဲ့ ကျေးဇူးတွေလည်းပါ ပါတယ် ။ ငွေကြေးအတွက် စိတ်မညစ်ပဲ လိုအပ်တာဖြည့်ဆည်းပေးနိုင်လို့ စီးပွားရေးအရ ဒီတစ်နှစ်ရင်းပြီးနေရတာ အောင်မြင်တယ်လို့ ဆိုရပါလိမ့်မယ် ။

ကျန်းမာရေးကတော့ ၂၀၀၈ လောက်ဆိုးဆိုးရွားရွားကြီးမဖြစ်ပါဘူး ။ အသေးအမွှားလေးတွေကတော့ အချိန်တိုင်းဖြစ်ပါတယ် ။ တစ်နှစ်တစ်ခါပြန်ပြီး ဆေးစစ်တာလည်း လုပ်ဖြစ်အောင်ကြိုးစားပါတယ် ။ ဒေါင်ဒေါင်မြည်မဟုတ်တောင် သွားနိုင်လာနိုင် လုပ်နိုင်သေးတော့ မဆိုးဘူးလို့ယေဘူယျ ဆုံးဖြတ်လိုက်ပါတယ် ။

အချစ်ရေး ကတော့ ကောက်လိုက် ဖြောင့်လိုက်နဲ့ ပုံမှန်ပါပဲ ..။ သင်ခန်းစာတစ်ခုတော့ ၂၀၀၉ နှစ်လယ်မှာ ရခဲ့တယ်ဆိုပါစို့ ။ အေးဆေးပါ လွယ်ကူစွာပဲဖြတ်ကျော်နိုင်ခဲ့ပါတယ် ။ အချစ်အတွက် ပြင်းထန်ပြီး ပူပူလောင်လောင် မခံစားရတော့တာ အသက်ကြောင့်လည်းဆိုင်မယ်လို့ သစ်သစ်ထင်ပါတယ် ။

လူမှုရေး အားလုံးနဲ့သမ မျှတအောင်နေခဲ့ပါတယ် ။ အလိုက်အထိုက်လည်း နေခဲ့ပါတယ် ။ နှစ်ကုန်ခါနီးမှာ တိုက်ခိုက်မှူလေး နည်းနည်းရှိပါတယ် ။ ပုံမှန်လေးပဲဖြတ်ကျော်ခဲ့ပါတယ် ။ ကိုယ်နိုင်ငံခြားကိုထွက်လာတဲ့ ရည်ရွယ်ချက်တွေမှာ ဒီအခန်းတွေမပါလို့ မလိုအပ်တာတွေ စိတ်ရှုပ်မခံပဲ ဖြတ်တောက်ခဲ့ပါတယ် ။ သူငယ်ချင်းကောင်းတွေထပ်ရခဲ့တာကတော့ ၂၀၀၉ ရဲ့အမြတ်တစ်ခုပါပဲ ။

အကျဉ်းချူံးပြီးပြောရမယ်ဆို ၂၀၀၉ ဟာ သစ်သစ်ရည်မှန်းချက် ၇၀% ပြည့်မြောက်ခဲ့လို့ မဆိုးဘူးလို့ဆိုရပါလိမ့်မယ် ။ ခံနိုင်ရည်စွမ်းအားတိုးတက်အောင် စိတ်ဓါတ်ခွန်အားတွေ လေ့ကျင့်ပေးတဲ့နှစ်လေး ပါပဲ ။ နိမ့်လိုက်မြင့်လိုက် လောကဓံကို တစ်ယောက်တည်းကူးခပ်လို့ သင်ခန်းစာတော်တော်ရခဲ့ပါတယ် ။ ဆောင်ရန်ရှောင်ရန် လူ့သဘော လူ့မနော တိုက်ခိုက်မှု တန်ပြန်မှု ရသမျိုးစုံပေးတဲ့ ၂၀၀၉ ကို တို့သိပ်ချစ်ပါတယ် ။

15 comments:

  1. 2009 ကိုသိပ်ချစ်တယ်လို့ပြောလို့ရဘူး မုန်းတယ်လည်းမဟုတ်ဘူး ရည်မှန်းထားတဲ့အရာတွေရာခိုင်နှုန်းနဲ့ပြောရင် မမသစ်လောက်မများဘူး ဒီနှစ်စိတ်တွေလေလွင့်အချိန်ကုန်တာများနေတယ် ဘာမှမဖြစ်မြောက်ဘူး

    ReplyDelete
  2. 2009
    ကိုယ့်အတွက်တော့ အတိုက်အခိုက်တွေများလွန်းတယ်
    (ကိုယ်ကပဲ လိုက်တိုက်ခိုက်နေတယ်လို့  ကိုယ့်ဖာသာဝေဖန်ပလိုက်တယ် ကဲ)

    ကျန်းမာရေးလား ဆေးခန်းခဏခဏသွားရတဲ့အပြင် ဆေးရုံတောင် သွားလိုက်ရသေး (ဒါလည်း ကိုယ်ဖာသာ ဖန်တီးတာပဲလို့  မှတ်ယူလိုက်တယ်)

    ပညာရေးလား ရွှေပြည်တော် မျှော်တိုင်းဝေးပါ (ပိုက်ဆံပေါ့ ပိုက်ဆံ)
    (တကယ်က အသက်က ကြီးလို့  ဦးဏှောက်ကလိုက်မမှီတော့လို့ ပါ ဉာဏ်မမှီဘူးဆိုတာ ကိုယ့်ဖာသာအသိဆုံးပဲ)

    ငွေပို့ ဖြစ်လား (မမေးပါနဲ့ တော့ သမီးအလိမ်တုံးလေးပါ)
    (ပြန်မေးခံရပါတယ် ငွေပို့ ပေးရမလားတဲ့ မွေးတုန်းက ရှက်ကြောနဲ့  ချက်ကြော မှားဖြတ်ခံရလို့ ပါ ဒါကြောင့် ဆရာဝန်ကြောင့်ပါ)

    အလုပ်အခြေအနေလား (မြန်မာပြန်ပြီး ဈေးရောင်းတော့မယ်လို့  ၁ ပါတ်မှာ ၈ ရက်တောင် စဉ်းစားပါတယ် ဟိုဘက်ထဲက ၁ ရက်ခဏငှားပြီး စဉ်းစားတာပါ)

    စီးပွားရေးလား
    (ကောက်ညှင်းကစီးတယ် ပင်ပွားဖျောရည်က ပွားတယ်ဆိုတာပဲ သိပါတယ် ဒါကြောင့် မြန်မာပြန်ရင် ကောက်ညှင်းပေါင်းနဲ့  ပင်ပွားဖျော်ရည်ပဲ ရောင်းမယ်စိတ်ကူးပါတယ်)

    အချစ်ရေးလား
    ဟင်းဟင်း (အဖျားတက်တာမဟုတ်ပါဘူး ခပ်မိန့် ၂နဲ့ ရယ်သံပါ)

    မျက်နှာမြင် ရိုက်ချင်ပါစေ အသံကြား ဝေး၂ပြေးပါရစေ ဆုတောင်းကို တလုံးတခဲနဲ့ ကို ပြည့်ထားတာများ ဟိုဘက်ဘ၀ထိတောင် ပါ ပါလိမ့်မယ်
    အတိုက်အခိုက်များတယ်လို့  ပြောထားပါတယ်
    ယောက်ျာလေးများ မပြောနဲ့  မိန်းမချင်းတောင် ကိုယ့်ဆို ကြည့်လို့ မရကြတာ
    (အရင်ဘ၀က ဆုတောင်းမှားခဲ့တယ်လို့ ပဲ အောက်မေ့လိုက်ပါတယ်)

    စနစ်ဇယားလား
    ဇယားဆို ဇပါတဲ့ ဇလုံနဲ့ တောင် မစားပါဘူး
    ယားလို့ တောင် မကုတ်ပါဘူး

    အချိန်တွေကို အကျိုးရှိအောင် အသုံးချခဲ့လား
    (ဘလော့လေ ဘလော့ပေါ့ ဒင်းတို့ ကြောင့် ပိုက်၂မရတဲ့ အိုဗာတိုင်တွေညနက်သည်ထိလုပ်ရတယ် ခုလို ပီယ၀ါစာ ချစ်ဖွယ်သော စာတွေရေးတတ်လာတယ် ဘာကြည့်၂ သုန်၂မှုန်နဲ့  ၂ ထပ်တွေဖြစ်လာတယ် ဗဟုသုတတချို့ ရခဲ့သလို ကောင်းမွန်တဲ့မိတ်ဆွေတွေလည်းရခဲ့ပြန်တယ်)
    အကောင်း အဆိုးကတော့ ဒွန်တွဲနေတာပါပဲ

    ဖြတ်တော့ဖြတ်နေတာပါပဲ စီးနေတဲ့ရေကို ဓါးနဲ့ ဖြတ်ရသလိုပါပဲ (ပညာရှိဦးဏှောက်နဲ့ စဉ်းစားမိတယ် နောက်ဆို ရေခဲလိုခဲပြီးမှ ဖြတ်မယ်ပေါ့)
    ဟင်းဟင်း ရီဂျစ်စတာလုပ်ထားရမယ် တော်ကြာ ဒီအကြံတွေ သူများယူသွားမှဖြင့်

    အကျဉ်းချုံးရတော့မှာလား
    (မချုံးရင်လည်း ဘလော့ပိုင်၇ှင်ထက် ၂ ဆ ဖြစ်သွားမယ်)

    ကဲ ချုံးပြီ (ချီးပုံးမဟုတ်ပါဘူး)
    ၂၀၀၉ ခုနှစ်ဟာဖြင့် ဘယ်လောက်တောင် ဆိုးဝါးခဲ့သလဲဆိုရင် ခုသူများတွေပြောနေတဲ့ ကောလဟာလ ၂၀၁၂ မှာ ကမ္ဘာပျက်မယ် ဆိုရင်တောင် အဲ့အချိန် တို့ က လေကလေးချွန်ပြီးနေလိုက်ပါဦးမယ် (လေချွန်သင်တန်းရှိရင် ပြောကြပါ ဒါပေသိ နှုတ်ခမ်းမွှေးပေါက်မှာတော့ ကြောက်တယ်)
    ၂၀၀၉ ခုနှစ်ဟာ ၂၀၁၂ အတွက် ကြိုတင် ပရိုက်တစ် ထရိန်နင် ဆင်းနေရသလိုပါပဲ
    အသက်ကြီးလာသလို ဒေါသတွေ ပိုကြီးလာပါတယ်
    စိတ်တိုင်းမကျတာတွေပိုများလာပါတယ် (ဒါ အပျိုကြီးဖြစ်မယ့် လက္ခဏာပါ)
    ပြင်ဖို့  ရုံးမှာရော အိမ်မှာပါ ဆုံးမတာခံရပါတယ် ကိုယ်က ခေါင်းမာပါတယ်
    (နောက်တခါ အုန်းသီးများခွဲရင် တို့ ကိုခေါ်ပါ)
    ဘာပဲပြောပြော အသက်ကတော့ ၁နှစ်ကြီးသွားပါပြီ

    ဟင် ခက်ဆစ်ဖွင့်တာများသွားပြီ
    ဆောရီး ချစ်သစ်
    ၂၀၁၀ နှစ်သစ်မှာ ချစ်သစ် အစစအရာရာ ၂၀၀၉ ထက် အဆင်ပြေပါစေ

    (ဂလိုမှ ဆုမတောင်းပေးရင် ဘလော့ခံရဖို့ များပါတယ်)

    ReplyDelete
  3. အမလေး ဘုရားသခင်
    အလာကယ်ပါ အပြန်ကယ်ပါ
    ပိုင်ရှင်ထက် ၁၀ ဆလောက်ဖြစ်သွားပြီ
    ခွင့်လွှတ်ပါ အောင့်ထားရတာတွေများလို့  ပွင့်ထွက်ကုန်တာပါ
    မအားတဲ့ကြားထဲကရေးရတာပါ ယုံပါ
    ဟိဟိ (မျက်နှာချိုသွေးတဲ့ မျက်နှာလေး ပြေးမြင်ပြီး ခွင့်လွှတ်ပေးပါ)

    ReplyDelete
  4. ဝါးဟားဟားလို့ အော်ပီးရယ်
    မျက်ရည်တွေဘူးသီးလုံးလောက်ကျအောင်ရယ်
    လူးလိမ့်ပီးရယ်
    ကြမ်းကိုလက်သီးနဲထုပီးရယ်
    (ဘဏ်လေးကိုပါ (သမီးအလိမ်တုံးလေးကိုနော် )သစ်ကိုမဟုတ်ဘူးနော်)

    ReplyDelete
  5. ဗစ်ရယ်တဲ့ပုံကို ဖတ်ပြီး Tom & Jerry ကားထဲက ကြွက်ကလေး ကြမ်းပေါ် လူးလိမ့်ပြီး လက်သီးလေးနဲ့ ထုပြီး ရယ်တဲ့ပုံကို တန်းကနဲ ပြေးမြင်တာပဲ

    ခွင့်လွှတ်ပါ သစ်ရယ် တကယ်မရည်ရွယ်တာပါ
    ဘုရားစူးးးးးးးးးးးးးး (အေးချမ်းမေ သီချင်းထဲက) ဟိ

    ReplyDelete
  6. ပေးလို့ရပါပြီ ကွန်မန့်တွေ...

    ReplyDelete
  7. လာပါပီ လာပါပီ...
    တချို့ တချို့တွေကြောင့်
    ကမ္ဘာကြီး ခေတ္တ အိပ်ပျော်သွားတာပါ..
    ၁ နာရီခွဲကျော်ကျော် အိပ်ပျော်သွားတာပါ..
    ဒါဟာလည်း ၂၀၀၉ ပါပဲ...
    ၂၀၁၀ အတွက် ပလန်လေးတွေကို
    ချောင်းနေပါတယ်..
    ပလန်လေးတွေ တင်ဖို့  တောင်းဆိုပါချင်ပါတယ်..
    ပိတ်သတ်ကြီး လက်ခုပ်တီးပါ..

    ReplyDelete
  8. ဝါးဟားဟားလို့ အော်ပီးရယ်
    မျက်ရည်တွေဘူးသီးလုံးလောက်ကျအောင်ရယ်
    လူးလိမ့်ပီးရယ်
    ကြမ်းကိုလက်သီးနဲထုပီးရယ်
    (ဘဏ်လေးကိုပါ (သမီးအလိမ်တုံးလေးကိုနော် )သစ်ကိုမဟုတ်ဘူးနော်)


    ဗစ် ပြောချင်းတာချင်းတူလို့ကူးယူလိုက်တယ် ကူးယူခွင့်ပေးပါ :)

    ReplyDelete
  9. ဘလော့ပိုင်ရှင်ရေးတာထက် မေရှူးရှူး ရေးတာ ပိုကောင်းလို့ အမြဲ လာဖတ်ပါတယ်.. ပျော်တတ်တာ ကောင်းတာပေါ့. အရွယ်တင် နုပျို ကျန်းမာ.ဖြတ်လတ်...

    ReplyDelete
  10. သစ်
    ဘလော့ပိုစ်ကို ဖြန့်ဖြန့်ပြီး ဖတ်ရတာ အစ်မ စိတ်မရှည်ပါ။တစ်ခါတည်းဖတ်သွားချင်ပါတယ်။
    ပျော်ရွင်ချမ်းမြေ့တဲ့ ၂၀၁၀ ဖြစ်ပါစေ။

    ReplyDelete
  11. မရေ....
    မမရဲ့ ပို့ စ်ရော မမမေ ရဲ့ပို့ စ်ရော ၂ခုလုံးဖတ်သွားပါတယ်
    Vista လေးရဲ့ ရီနည်းရော ကျင့်သွားတယ်သိလား

    ReplyDelete
  12. ၂၀၀၉ က အရွှေ့ အပြောင်းများတဲ့နစ်ဘဲ ၂၀၁၀မှာ အခြေကျမယ် အေးဆေး လိမ့်မယ်လို့  မျှော်လင့်တယ်

    ReplyDelete
  13. agree with ဖွားKOM
    good post
    good self evaluation
    i always tried to do that
    (see....tried to mean NOT)
    but will love to see
    new year resolution as well
    :D
    and new new post new post
    သစ်
    သစ်သစ် အသစ်မရှိဖြစ်နေမယ်

    ReplyDelete
  14. hi thit thit. long time no see! You disappeared since Mya Noe Khin came up. Did you change your ID at all? just kidding :)

    ReplyDelete
  15. ဖတ်ရတာလေးတွေကတော့စုံနေတာဘဲ။ကောင်းမှကောင်း လ္ဖက်သုတ်အတိုင်းဘဲ။ အရသာမျိုးစုံပေါ်နေတယ်။

    ReplyDelete