Friday, October 9, 2009

ဂျင်ဆမ်းပိုးရဲ့ စာတစ်စောင်

မမ၀ါ တို့ ၊ ကိုရန်အောင်တို့ ၊ ရွာသား တို့က ဦးဆောင်ပြီး ကထိန်အလှူတစ်ခု လုပ်မယ်ဆိုတော့ သစ်သစ်တို့လည်း ပါဝင်ချင်ကြတယ်လေ ။ ဒါနဲ့ပဲ ဂျီတော့ထဲမှာလည်းခင် အပြင်မှာလည်း ခင်ကြတဲ့ ဒီ၆ယောက်စုပြီး လှူဖြစ်ခြင်းက ဒီစာလေးတစ်စောင် ဖြစ်လာမယ့် အစဦးလေး ဖြစ်ခဲ့ရပါတယ် ။ လှူမယ်တန်းမယ်ဆိုတော့လည်း ၆ယောက်သားမြန်မြန်ပဲ စုလိုက်လှူလိုက်ကြတယ်လေ ။ သူများတွေက ငွေလွှဲလိုက်ကြောင်းကို ရိုးရှင်းစွာမေးလ်တွေပို့ပြီး အသိပေးကြတဲ့ထဲမှာ ဒီတစ်စောင်ကတော့ ပို့စ်တစ်ပုဒ်ရေးရလောက်အောင်ကို ဖတ်သူတိုင်းမရယ်ရမနေနိုင်တဲ့ စာတစ်စောင်ဖြစ်ခဲ့တယ်လေ ။ ပိုးဆိုတဲ့ မဒီကညာကတော့ သစ်သစ်ပို့စ်တိုင်းမှာ ပင်တိုင်ကွန်မန့်တွေပေးနေကြ ကိုရီးယားမင်းသမီးရူး အဲလေ....မင်းသမီးချောလေး မေဖလားဝါးပိုး ဖြစ်ပါတယ် ။ သူဟာဆိုရင် ခုတလော အလုပ်တော်တော်မအားသဖြင့် ဘယ်ကိုမှစာသွားမဖတ်နိုင်တဲ့တစ်ယောက် ဖြစ်ပါတယ် ။ အလှူဖြစ်မြောက်တယ်လည်း သိရော တတ်သည့်ပညာမနေသာဆိုသလို အောက်ပါစာတမ်းရှည်တစ်စောင်ကို ဒီမနက်မှာ အမြန်ချောပို့နဲ့ ပို့လိုက်တော့ သူ့ကွန်မန့်တွေကို စောင့်မျှော်နေကြတဲ့ ပရိတ်သတ်ကြီးအတွက် ထူးထူးခြားခြားတင်ဆက်လိုက်ခြင်း ဖြစ်ပါတယ် ။


သီတင်းကျွတ် အခါသမယမှာ
သူငယ်ချင်းအပေါင်း မင်္ဂလာဆောင်နိုင်ကြပါစေ (အဲလေ) မင်္ဂလာအပေါင်းနဲ့  ခညောင်းကြပါစေလို့  ဦးစွာ ပထမ နံပါတ် ၁ နှုတ်ခွန်းဆက်သ လိုက်ပါတယ်

နိဗ္မာန်အကျိုးမျှော် နိုးဆော်သူက အာခိမိဒိနိယာမကို မှန်ကန်ကြောင်းလက်တွေ့ သက်သေပြတဲ့ အလွန်ဝတဲ့ (အဲလေ) အလွန်လှတဲ့ ချစ်စရာ့ မဒီကညာ ဒေါ်ရွှေသစ်

နိဗ္မာန်အကျိုးတွင်မက နောင်သံသရာအတွက်ပါ အကျိုးမျှော်ကာ လှူဒါန်းကုသိုလ်ဒါနပါဝင်သူ ချစ်စရာ့ ချောကလျာ မဒီကညာများကတော့ဖြင့်

ကြားရင်ဖြင့် ဖျော်သောက်ချင်စရာ အပြင်မှာတော့ ချစ်စရာ လောလောဆယ်မှာတော့ ဘလော့ဂါဘုံပျောက် ထောပတ်သီး ဟု တွင်ခေါ် မဒီကညာ ချောကလျာ ကျု့ ကလေး

ကင်မလာတခု အရင်းပြု စလုံးမှ ငှက်မော်ဒယ်များရဲ့  ကျေးဇူးရှင် လူတကာ ဘာပုံလဲ မေးယူရအောင် ဖုန်းထဲမှာ ပုံဆွဲတော်တဲ့ နှင်းချစ်တဲ့ မဒီကညာ ချောကလျာ ဗစ်

ကိုကိုမောင်ရီတာ ဆိုတာနဲ့  ပိတ်သတ်ကို သစ်ကုလားအုပ်ဖြစ်အောင်လုပ်ပြီး ဂျူး ကြည်အေးတို့ နဲ့  ကိုင်ပေါက်တတ်တဲ့ တည်ငြိမ်အေးဆေးပါတဲ့ ချောကလျာ မဒီကညာကတော့ဖြင့် ရီတာ

နှလုံးသားရပ်ဝန်းမှာ အခြေပြု မမနဲ့  JDစီဘောက်ပါမချန် ၀င်မွှေကာ ဘလော့ဂါတွင်မက စာဖတ်သူအချင်းချင်းကိုပါ ခင်မင်ရင်းနှီးပါတဲ့ မီးမီးကလျာ မဒီကညာကတော့ဖြင့် ညည ပါ ခင်ဗျာ

အဟမ်းအဟမ်း အဟမ်းးးးးးးး (လည်ချောင်းရှင်းသံ)
ဗစ်တိုရီယားကိုယ်လုံး အွန်စောခြေထောက်ကလေးနဲ့  ဂျပန်မော်ဒယ်ဆံပင်ပုံစံလေးတခါခါ ချစ်ဖွယ်ပီယ၀ါစာ အရေးအသားလေးတွေနဲ့  စိတ်ကူးအသစ်များရဲ့  ပင်တိုင်စံ သမီးငယ် ချောကလျာ မဒီကညာ မေပျိုလေးကတော့ဖြင့် မျက်နှာမြင် နှာနပ်ယူရပါတဲ့ အသံကြား ဂွမ်းဆို့ ထားချင်မိပါတယ်ဆိုတဲ့ ဆုတောင်းနဲ့ ပြည့်စုံပါတဲ့ ပန်းတွေတောင် ထိုင်ငိုတဲ့ လူတကာချဉ်တဲ့ (အဲလေ) ချစ်တဲ့ မေပန်းပွင့်


အထက်ပါ ပန်းတွေတောင် ထိုင်ငိုတဲ့ ချောကလျာ မဒီကညာ မေပျို ၆ ယောက်က သဒ္ဒါထက်သန် လှူဒါန်းတာကတော့ဖြင့် မြင့်မြတ်လှတဲ့ ကထိန်သင်္ကန်း

ထိုထိုအလှူအကြောင်းပြု ယနေ့ ယခု မင်္ဂလာ အခါသမယ ကောင်းခြင်းတွေနဲ့ ပြည့်စုံသော (ရုံးပိတ်ရက်နီးလို့ )သောကြာနေ့ မှာ အလှူငွေကို လှူဒါန်းသောအားဖြင့် ခေတ်မှီမှီ အိုင်ဘဏ့်ကင်းကို အသုံးပြု၍ လှူဒါန်းပြီးဖြစ်ပါကြောင်း မေပျိုကညာများအား အသိပေး သတင်းကောင်း ပါးအပ်ကြောင်းးးးးးးးးးးးးးးးးးးးးး သစ် ဟောင်းလောင်း (နားပေါက်)


ခင်မင်ရင်းနှီးစွာဖြင့်

မဒီကညာ မေပျိုတယောက်


သည်းခံပြီးဖတ်ကာ လိုအပ်သလို ပြစ်ပြစ်နှစ်နှစ် ကွန်မန့်များပေးကာ ဝေဖန်သွားနိုင်ကြောင်း သတင်းကောင်းပါးလိုက်ပါရစေရှင်....း) ။

13 comments:

  1. အရူးမ သစ်
    လူကိုသာ လာသတ်လှည့်ပါတော့ အမငီး ဒါကြီးကို ပိုစ့်အဖြစ်တင်ရသလား
    မျက်နှာကို ဘယ်နားသွားထားရတော့မဒုန်း အဟင့်
    သူ့ ဆီ မန့် တာတွေ ကို မကျေနပ်လို့ စုပြီး အခုမှ နာ့ကို ဒီပိုစ့်ကြီးနဲ့ ရိုက်ချတယ် ကျေးဇူး၇ှင်မကြီး ကျေးဇူးကြီးမားပါပေတယ် ပြန်ဖျက်ပေးပါဖျာ့ တောင်းပန်ပါတယ်ဖျာ့ စကောလည်းပန်ပါတယ်ဖျာ့
    ရှက်လွန်းလို့  မျက်နှာကို အုပ်ရရင်လည်း ကုလားမနဲ့ နဂိုကတည်းကတူပါတယ်ဆိုမှ ကျေးဇူးရှင်မကြီးရဲ့  ရက်စက်ပါပေ့ လုပ်ရက်ပါပေ့ ရင်ဘတ်ကို ထုထုပြီး အော်ပြီးသာငိုလိုက်ချင်တော့တယ် အဟင့်
    မမလေးဖျာ့ မတင်ပါနဲ့ ဖျာ့
    (ချော့မရ ချောက်မရဆိုရင်တော့ ဒင်းတော့လား တွေ့ မယ် နောက်ပိုစ့်တွေ ရေးကြည့်ဘာာာာာာာ မန့် ပစ်မယ် ဒါဘဲ ဟွန့် )

    ReplyDelete
  2. ဟင့် ရေးတာချင်းအတူတူ နာ့ဟာကျမှ စာလုံးအမဲကြီးနဲ့ တင်ရသလား ကျေးဇူးရှင်မကြီးရဲ့  လုပ်ရက်ပါပေ့ ရက်စက်ပါပေ့

    ReplyDelete
  3. မမသစ် ဂွတ်အိုင်ဒီယာ... အော် ဘလော့ခ်ဂါဘုံပျောက် ထောပတ်သီး ဆိုပါဂလား .... :D မဘဏ်ကတော့လေ လုပ်တော့မယ် ဒီမှာလည်းမန့်မယ်လို့ရေးမယ်လုပ်လိုက် ဂျာကထွက်လာလိုက်နဲ့ ရေးမယ်လုပ်လိုက် ထွက်လာလိုက်နဲ့ အဲ့ဂျာပျာယာခတ်နေရောပဲ ဒီမှာမန့်ဖို့ ဖီးလ်မရှိတော့ဘူး ဟွန့် နောက်မှထပ်လာမန့်မယ် ဂယ်ပါပဲ

    ReplyDelete
  4. မမသစ် မဖျတ်နဲ့နော် ထောသူငယ်ချင်းတွေကိုပါပြောလိုက်ဦးမယ် လာဖတ်ဖို့ :)

    ReplyDelete
  5. စာလုံးမဲနဲ့ရေးတာက ရေးသူကိုဂုဏ်ပြုတာလေ မဘဏ်ရဲ့

    ReplyDelete
  6. ဟားဟားးးးမမသစ် မိုက်စ်
    မမမေဖလားဝါးပိုးတို့တော့ နာမည်ကိုကြီးရောဘဲ။
    ဟိဟိ

    ReplyDelete
  7. ရှက်လွန်းရင် ဌက်ကုလားအုပ်လိုမျိုး ခေါင်းကိုသဲထဲနှစ်ပြီး ဖင်လေးပဲဖော်ထားလေ အွန်ဆမ်းမီပိုးလေးရဲ့
    ကောင်းလိုက်တာသစ် ပိုစ်အဖြစ်ဖတ်ရတာပို အရသာရှိဒယ် (ပြေးပြီဗျို့ )

    ReplyDelete
  8. စိတ်နာလိုက်တာ ကတောက် နာ့ဆို အဲ့လို မေတ္တာထားကြတာ ခုမှ သဘောထားအမှန်တွေကို သိရတော့တယ် နာမည်ဖျက်တဲ့သူတွေ တွေ့ ရာစီဘောက် နာပြီသာမှတ်ပေရော့

    ReplyDelete
  9. မဖျက်ပါနဲ့
    ကောင်းကကောင်းနဲ့

    :)

    ReplyDelete
  10. နာမည်လေးက ပိုးတဲ့လား? မောင် အသိနှောင်းတယ်အချစ်ရယ်

    ခွိ
    (ထမင်းသီးသွားပီ)

    ReplyDelete
  11. ဟိုးရက်က ပိတ်ထားလို့ခုမှ အတိုးနဲ့လာဖတ်သွားပြီသစ်..

    ချောမဒီကလျာတွေအတွက် သာဓုခေါ်သွားပါတယ်...

    ReplyDelete
  12. ဪ..
    ဂျင်ဆန်းပိုးရယ်...
    ဒီလောက်တောင်ပဲလားကွယ်...

    “ဗစ်တိုရီယားကိုယ်လုံး အွန်စောခြေထောက်ကလေးနဲ့  ဂျပန်မော်ဒယ်ဆံပင်ပုံစံလေးတခါခါ ချစ်ဖွယ်ပီယ၀ါစာ အရေးအသားလေးတွေနဲ့  စိတ်ကူးအသစ်များရဲ့  ပင်တိုင်စံ သမီးငယ် ချောကလျာ မဒီကညာ မေပျိုလေးကတော့ဖြင့် မျက်နှာမြင် နှာနပ်ယူရပါတဲ့ အသံကြား ဂွမ်းဆို့ ထားချင်မိပါတယ်ဆိုတဲ့ ဆုတောင်းနဲ့ ပြည့်စုံပါတဲ့ ပန်းတွေတောင် ထိုင်ငိုတဲ့ လူတကာချဉ်တဲ့ (အဲလေ) ချစ်တဲ့ မေပန်းပွင့်”

    ဒီစာကို ဖတ်ပီးသွားတဲ့ အချိန်မှာလေ ကိုယ့်အတွက် ဂျင်ဆန်းပိုးလေးဟာ ဘာလေးလည်းးးးဆိုတာတောင် မသိတော့ပါဘူးးး ဂျင်ဆန်းပိုးလေးးရယ်...
    အချစ်ရယ်
    မင်းဟာ
    ဘာလေးလည်းကွယ်..
    ငှဲ...ငှယ်...

    ReplyDelete
  13. ချစ်သမီးရယ် ချစ်စရာလူလေးပါကွယ် အဲငှယ်အဲငှယ်

    ReplyDelete