Sunday, October 18, 2009

၁၇.၁၀.၀၉

၁၇.၁၀.၀၉ နေ့ရက်လေးက သစ်သစ်အတွက် ကောင်းသောသတင်းလေးများ ကြားခွင့်ရလိုက်လို့ ဒီပို့စ်လေးကို အမှတ်တရအနေနဲ့တင်ဖြစ်လိုက်ပါတယ် ။ ဒီနေ့ဟာဖြင့် သစ်သစ်ရဲ့ဆရာအရင်းတစ်ယောက်ဖြစ်တဲ့ ဆရာဦးစိုးနိုင်ရဲ့ ၄၅နှစ်မြောက်မွေးနေ့မင်္ဂလာပဲဖြစ်ပါတယ် ။ စောစီးစွာ ဆရာကိုဖုန်းဆက်ကန်တော့ပြီး သကာလ အိမ်ကိုလာလည်ကြမယ့် သူငယ်ချင်းတွေအတွက် ချက်ဖို့ပြုတ်ဖို့ စစီစဉ်ဖြစ်တယ်လေ ။

ကုန်ဆုံးခဲ့တဲ့ သစ်သစ်ဘ၀အချိန်တွေမှာ ဆရာသည်လည်း တစ်စိတ်တစ်ပိုင်းအနေနဲ့ပါဝင်ခဲ့ပါတယ် ။ ဆရာထားခဲ့တဲ့ စေတနာတွေကို အခုထိကိုမြင်ယောင်နေဆဲပါ ။ တပည့်တွေကို သမီးအရင်းတွေလို ဆရာစားမချန် သူ့ထက်တော်စေချင် တတ်စေချင်တဲ့ စေတနာတွေနဲ့ အပင်ပန်းခံသင်ကြားပေးခဲ့တာ ဘယ်တော့မှမမေ့နိုင်စရာ တစ်ခုပါပဲ ။ တပည့်တွေနိုင်ငံရပ်ခြားရောက်တော့လည်း လမ်းမှားရောက်မှာ စိုးရိမ်သူ ၊ ရည်မှန်းချက်လွဲမှာစိုးလို့ အမြဲလိုဆုံးမတတ်သူ ၊ ၁လလောက် ၄ယောက်လုံးဖုံးမဆက်ရင် နေများမကောင်းဘူးလားဆိုပြီး အခြားတပည့်တွေကို လိုက်မေးနေတတ်သူ ၊ တပည့်တွေမြန်မာနိုင်ငံပြန်လာတိုင်းပျော်ရွှင်နေတတ်သူ ၊ ဒီတပည့်တွေကို သူ့ဆွေမျိုးလို သဘောထားသော ဆရာတစ်ယောက်ပါ ။ ဘာလိုလိုနဲ့ဆရာတောင် အသက်၄၅နှစ်ပြည့်သွားခဲ့ပါပြီ ။ ဆရာကျန်းမာပျော်ရွှင်စွာနဲ့ ဒီဇိုင်းပေါင်းမြောက်များစွာကို တွက်ချက်နိုင်ပါစေလို့ သမီးဆုတောင်းပေးလိုက်ပါတယ် ဆရာ ။

နောက်သတင်းကောင်းလေးကတော့ သစ်အစ်မလိုချစ်ရသော မသန္တာတစ်ယောက် သစ်တို့အတွက် ချစ်စရာကောင်းတဲ့ ကလေးလေးတစ်ယောက် လက်ဆောင်ပေးတော့မယ်ဆိုတဲ့ သတင်းလေးပါပဲ ။ ချစ်စရာကောင်းတဲ့ အစ်မတစ်ယောက်ကလေးလေးရပြီးဆိုတော့ အစ်မမိသားစုနဲ့ထပ်တူထပ်မျှဝမ်းသာကြောင်း ဒီပို့စ်လေးကတဆင့် ပြောလိုက်တယ်နော် ။

နောက်ဆုံးတစ်ခုဖြစ်တဲ့ သတင်းကောင်းလေးကတော့ သစ်သစ်၁နှစ်ကျော်တိတိစောင့်ပြီး ကြိုးစားထားတဲ့အရာလေးတစ်တခု လုပ်ခွင့်ရပြီဆိုတာ သူငယ်ချင်းကမေးလ်လေးပို့လာခဲ့တာပါပဲ ။ ဘာပဲဖြစ်ဖြစ် ဒီနေ့လေးကတော့ သတင်းကောင်းလေးတွေ တော်တော်များများရရှိခဲ့လို့ အမှတ်တရအနေနဲ့ပို့စ်လေး တစ်ခုတင်ဖြစ်လိုက်ပါတယ် ။

7 comments:

  1. ဝမ်းသာတယ်ဗျို့ 

    ReplyDelete
  2. ဘလော့ပြန်ဖွင့်တာ ဝမ်းသာတယ် သစ်။
    မနေ့ကပဲ Addy ကမေးနေသေးတာ။ ဘာလို့ ဘလော့ပိတ်တာလဲတဲ့။
    ကိုယ်ပြန်ဖြေလိုက်တယ်။ မဖွင့်ချင်လို့ လို့။

    ReplyDelete
  3. I also happy.
    Happy Birthday Saya.

    ReplyDelete
  4. မရေ...
    ဟိုနေ့ ကတန်းပလိတ် လဲးတော့ မမဘလော့ဘယ်လို မှဝင်မရဘူး
    ပိတ်ထားတာလား ခုပြန်ယူသွားတယ်သိလား

    ReplyDelete
  5. အပေါ်ကမန့် တာဘဏ်လေးဟုတ်ပါ့မလား

    ReplyDelete
  6. Vis

    do you think , i can't write and speak english
    actually i don't like E
    you and thit like E

    ReplyDelete
  7. ကောင်း၏။
    ဝမ်းသာ၏။
    ဒီလိုတပည့်တွေ
    ဒီလိုဆရာတွေ
    ပေါများပါစေကြောင်း
    ဆုတောင်း၏။ ။

    ReplyDelete