Thursday, October 22, 2009

ပိတ်လိုက်တဲ့တံခါးတစ်ချပ်


ရပ်တန့်လိုက်တဲ့
ကိုယ့်ရဲ့ခြေလှမ်းတွေကို
နောင်တဆိုတဲ့ စကားလုံးနဲ့
မဖြားယောင်းပါနဲ့


တော်သင့်ပြီထင်တဲ့
ပေးဆပ်မှုတွေကို
တန်ဖိုးထားတတ်ပါစေ
ချစ်သူ

အကြိမ်ကြိမ်ပြန်မေးခဲ့တဲ့
ကိုယ့်နှလုံးသားကို
အဖြေမှန်သိရက်နဲ့
အားနာနေခဲ့မိတယ်

တကယ်တော့
အစွန်းအထင်းကင်းတဲ့
နှလုံးသားအသစ်နဲ့
ချစ်ခဲ့သူပါ

အရာမထင်တဲ့
လုပ်ရပ်တွေကို
မာနတရားတွေက
တားမြစ်ခဲ့ပြီ

ပြိုလဲပုံကျ
ထိုနှလုံးသားဝမှာ
ချွေးသိပ်တဲ့စကားတွေနဲ့
မှေးမှိတ်လို့ ပြန်သွားခဲ့ပါပြီ

ပျော်ရွှင်ပါစေ ချစ်သူ

6 comments:

  1. ပိတ်တယ်လည်းဆိုသေးပွင့်နေပါလားဆိုတော့
    မပိတ်ခင်လာမှဆိုပြီးဝင်လာအောင်တဲ့
    နင်တော်တော်ညံ့ပါလားတဲ့ ကဲ..နာ့ကိုကညံ့ပါဒယ်
    မျှစ်တို့ ၏မာယာကိုမသိသေးဘူး...

    ReplyDelete
  2. မဒီ သီချင်းလေး သတိရမိတယ်။

    မလာနဲ့ မတားဆီးခဲ့သူ
    မပြန်နဲ့ မပြောဘူးချစ်သူ
    ကိုယ်ဟာ ဖွင့်လို့ထားတဲ့ တံခါးလေးတစ်ချပ်

    ReplyDelete
  3. ကဗျာဖတ်ကာခံစားသွားသည်

    ReplyDelete
  4. သော့ ပေးတာနဲ့  တန်းပြီးဖွင့်တော့တာပဲ မြန်ချက်ကတော့ ဂျက်လိန်ပျံကို ကိုယ်နဲ့ ကပ်ထားသလားတောင် ထင်ရတယ်ဟယ် အံ့သြရော

    ReplyDelete
  5. တခါတလေလည်း
    ဦးနှောက်က
    အမှန်တရားကို
    သိနေတဲ့အခါ
    စိတ်က ငြင်းဆန်ဖို့ 
    ခက်ခဲလွန်းတယ်..
    ဒီအချိန်မှာ
    ချစ်ခြင်းကို သိရတာ
    အမှတ်တရ
    ဒဏ်ရာ။
    မာနက
    ဦးဆောင်တဲ့အချိန်မှာ
    ဦးနှောက်က
    လမ်းပြတယ်
    နှလုံးသားက
    ငိုကြွေးတယ်
    စိတ်ကတော့
    ..............

    ReplyDelete