Thursday, October 29, 2009

အထွန်း နှင့် ကြည်ပြာ

သစ် သူငယ်ချင်းတစ်ယောက်ရဲ့ အကြောင်းကိုအခြေခံပြီး ရေးဖွဲ့ထားတဲ့ဇာတ်လမ်းလေးပါနော် ။ ဖတ်ရှုခံစားပေးကြမယ်လို့ ယုံကြည်ပါတယ် ။ ဇာတ်ကောင်နာမည်ကတော့ အထွန်း နှင့် ကြည်ပြာလို့ပဲ ပေးလိုက်ပါရစေ ။ နာမည်များသည် စိတ်ကူးထဲမှပေးထားခြင်း ဖြစ်လို့ တိုက်ဆိုင်မှူရှိလျှင် နားလည်ပေးကြပါလို့ ကြိုတင်တောင်းပန်လိုက်ပါတယ် ။


ကြည်ပြာ ဆိုတာကတော့ စလုံးမှာအရင်အလုပ်လုပ်မယ် နောက်မှကျောင်းတက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရောက်လာသူတစ်ယောက်ပါ ။ ရောက်လာပြီး တစ်နှစ်လောက်ကြာတော့ အထွန်းဆိုသူနဲ့ အွန်လိုင်းမှာဆုံဖြစ်ကြပါတယ် ။ အထွန်းကလည်း အမြဲတမ်းအွန်လိုင်းမှာ နေသူတစ်ယောက်တော့ မဟုတ်ခဲ့ပါဘူး ။ အလုပ်ကညဆိုင်းဆင်းရတဲ့နေ့တွေမှ အွန်လိုင်းမှာရှိတတ်တာပါ ။ ဒီလိုနဲ့သူတို့၂ယောက်တွေ့ပြီး ချက်တက်တယ် ဖုန်းဆက်တယ် စကားတွေပြောတယ် ဆိုပါစို့ ။ အဲဒီအချိန်မှာ အထွန်းကမလေးရှားကို အလုပ်ကသွားခိုင်းတော့ ၃ပတ်သွားရပါတယ် ။ မလေးကနေ ညတိုင်းဖုန်းဆက်ပြီး သူတို့စကားတွေပြောဖြစ်ကြတယ်ပေါ့ ။ နောက်အထွန်းကတောင်းဆိုပါတယ် သူစလုံးပြန်ရောက်ရင် အပြင်မှာတွေ့ချင်တယ်ပေါ့နော် ။ ကြည်ပြာကလည်း သဘောတူလိုက်တယ်ဆိုပါစို့...။

ဒီလိုနဲ့ စလုံးပြန်ရောက်ပြီးနောက်တစ်နေ့ သူတို့တွေဆုံတွေ့ကြတယ်လေ ။ ငယ်ရွယ်သူတွေဆိုတော့ အစပိုင်းမှာ အနည်းငယ်စိမ်းပေမယ့် နောက်ပိုင်းကျတော့လည်း ရင်းနှီးသွားတယ်ပေါ့နော် ။ သူတို့၂ယောက် လျှောက်သွားဖြစ်ကြတယ် စကားတွေပြောဖြစ်ကြတယ် ။ ထမင်းအတူစားဖြစ်ကြတယ် ဒါနဲ့ပဲ တစ်ယောက်ကိုတစ်ယောက် နားလည်ခဲ့ကြတယ်လေ ။ တိုတိုပဲပြောရမယ်ဆိုရင် ၁လလောက်အကြာမှာ ချစ်သွားတယ်ပေါ့ ။

ကြည်ပြာမျှော်လင့်ထားတဲ့အချစ်ဆိုတာ တပတ်တခါလောက်အပြင်မှာတွေ့ တစ်ယောက်ကိုတစ်ယောက်လေ့လာ ဘ၀ရှေ့ရေးတွေ တိုင်ပင်ရင်း ချစ်သူဘ၀ကို ဖြစ်သန်းကြမယ်ပေါ့နော် ။ လက်တွေ့မှာတော့ ထင်သလိုဖြစ်မလာခဲ့ပါဘူး အထွန်းဟာအဖြေပေးပြီးနောက်ပိုင်ဒ အပြင်မှာတွေ့ဖို့ ငြင်းဆန်လာခဲ့ပါတယ် ။ ညစာလေးအတူတစ်ခါစားရဖို့အရေး အထွန်းအလုပ်ပြန်တဲ့အချိန်ကို သွားစောင့်ပြီးအတူစားရပါတယ် ။ အထွန်းအလုပ်များတယ်ဆိုပြီး ကြည်ပြာမှာ အထွန်းကိုသနားတောင်သနားခဲ့ပါတယ် ။

ဒီလိုနဲ့ အထွန်းဟာ မြန်မာနိုင်ငံမှာ မင်္ဂလာဆောင်ပြီးသားဖြစ်ကြောင်း ဒီမှာလည်းမိန်းကလေးများနဲ့ လက်မထပ်ပဲအတူနေကြောင်း ကြည်ပြာ့သူငယ်ချင်းတစ်ယောက်က အသိပေးလာပါတယ် ။ ကြည်ပြာဘယ်လိုဆုံးဖြတ်ချက်ချခဲ့တယ်ထင်ပါသလဲ အထွန်းသူ့ကိုစချစ်တဲ့နေ့ကစပြီး ဘာမှမလုပ်ရင်ပြီးရောတဲ့ သူနောက်ကြောင်းတွေကိုစိတ်မ၀င်စားဘူးလို့ ပြတ်ပြတ်သားသားပြောခဲ့ပါတယ် ။ အထွန်းက ကြည်ပြာကို ရိုးလွန်းလို့ သူသနားလာတယ်လို့ သူ့သူငယ်ချင်းတွေကို ပြောခဲ့ပါတယ် ။

ဒီလိုနဲ့ အထွန်းမှာပိုက်ဆံမရှိရင် ကြည်ပြာက အိတ်ထဲအတင်းထည့်ပေးတတ်တာတွေ အပြင်မှာစားရင် ကြည်ပြာကပဲ ထုတ်ပြီးကျွေးလေ့ရှိတာတွေ အထွန်းကိစ္စအ၀၀ကို သူ့ကိစ္စလိုပဲသဘောထားတတ်တာတွေ ကိုကြည့်ပြီးအထွန်းက အားနာလာပုံပေါ်ပါတယ် ။ အရူးအမူးချစ်နေတဲ့ကြည်ပြာကတော့ အထွန်းကိုဘယ်တော့မှ အပြစ်မမြင်ခဲ့ပါဘူး ။ လူမြင်ကွင်းတွေသွားချင်တဲ့ကြည်ပြာနဲ့ လူမြင်ကွင်းမသွားချင်တဲ့ အထွန်းတို့မှာ အပြင်ထွက်ရင် ညှိမရတာများပါတယ် ။ ထမင်းစားပြီးပြန်ဖြစ်တာများသလို မှတ်မှတ်ရရ ချစ်သူသက်တမ်း ၁နှစ်မှာ ရုပ်ရှင်၁ကြိမ်ပဲ ကြည့်ခဲ့ဘူးကြတယ်တဲ့ ။

ဒီလိုနဲ့ပဲ ဇာတ်မျောကြီးဖြစ်နေရာကနေ အထွန်းတစ်ယောက် သူ့ဇာတ်ရှုပ်တွေကို ရှင်းပြီး ကြည်ပြာ့ကိုပဲလက်ထပ်တော့မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ် ။ ဂတိတွေအထပ်ထပ်ပေးလို့ လက်ထပ်ကြမယ်ဆိုတော့ ကြည်ပြာကလည်း ပျော်နေတာပေါ့နော် ။ မထင်မှတ်တဲ့ညတစ်ညမှာ ဖုန်းပြောရင်းကတောက်ကဆ ဖြစ်ရာကနေ အထွန်းရဲ့ဇာတ်ရုပ်အားလုံးပေါ်လာခဲ့ပါတယ် ။ နင့်ကိုတကယ်မချစ်ကြောင်း အားနာလို့ပြောနေရာကနေ နင်ဟာငါလက်ထပ်ချင်တဲ့ အရည်အချင်းတွေနဲ့ ပြည့်စုံသူဖြစ်လို့ လက်ထပ်မယ်ဆုံးဖြတ်ခဲ့ကြောင်း ပြောခဲ့ပါတယ် ။

ဒီအချိန်မှာ ကြည်ပြာတစ်ယောက် အထွန်းကိုအရမ်းစိတ်နာသွားခဲ့ပါတယ် ။ မျက်ရည်ဆိုတာ တစ်စက်တောင်မကျတော့ပဲ သူငယ်ချင်းအားလုံးနဲ့အဝေးကို ထွက်ပြေးသွားခဲ့ပါတယ် ။ ဘယ်သူနဲ့မှမဆုံဖြစ်တော့ပဲ သူတစ်ယောက်တည်း နေတတ်အောင်ကြိုးစားခဲ့ပါတယ် ။ ခုတော့လည်း ကြည်ပြာတစ်ယောက် သူငယ်ချင်းအသစ်တွေနဲ့ ပျော်နေပြီး အထွန်းဆိုတာ ယောင်လို့တောင် သတိမရတော့ပါဘူး ။

ဒီအကြောင်းကို သစ်ရေးရခြင်း အကြောင်းကတော့ လှည့်ဖြားတတ်တဲ့လောကကြီးမှာ တခါတလေ မထင်တာလေးတွေ ဖြစ်တတ်တာကို သိစေချင်တဲ့ ရည်ရွယ်ချက်လေးပါပဲ ။ မိန်းကလေးတိုင်း ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်နိုင်ကြပါစေနော် ။

8 comments:

  1. This comment has been removed by the author.

    ReplyDelete
  2. လောကကြီးမှာဒီလိုပါဘဲ

    ReplyDelete
  3. အထွန်းကိုကျေးဇူးတင်ရမယ်
    ကြည်ပြာဘာကိုမှမမြင်တဲ့အချိန်မှာ အခွင့်ကောင်းမယူလို့ 
    မိန်းကလေးတွေ အချစ်ကြောင့်မျက်စိမကန်းသင့်ကြဘူး ...
    ဆင်ခြင်သင့်တယ် ...

    ReplyDelete
  4. ဒါကြောင့် တို့ ဆို အိမ်တွင်းပုန်း လုပ်နေတာ (ကုလားမ)
    လူတိုင်းနဲ့ လည်း အင်တာနက်မှာ မချက်ပေါင်
    အင်ဗိုက်တိုင်းလည်း လက်မခံပေါင် ရှုပ်၂ယှက်၂
    (ချွင်းချက် မိန်းကလေးချင်းကတော့ တခါတလေ ချက်တယ်)
    နိုင်ငံခြားရောက်ရင်တော့ ပိုတန်ဖိုးထားသင့်တယ် မိန်းကလေးတွေအဓိက
    အချစ်ကို ကိုးကွယ်တဲ့ညီမလေးများကိုတော့
    မိုးမိုးအင်းလျားရဲ့  ညီမလေးက အချစ်ကို ကိုးကွယ်သတဲ့လား စာအုပ်ကို ဖတ်သင့်တယ်
    ဒီခေတ်ကြီးမှာ အချစ်ဆိုတာကြီးနဲ့  လောကကြီး ရပ်တည်လို့ မှမရပဲ
    ဒါကြောင့် သူငယ်ချင်းတွေထဲကများ မိန်းကလေးမွေးရင် တို့ တော့ သူတို့ ထက်တောင် စိတ်ပူသေး ရင်ပူသေးတယ်

    ReplyDelete
  5. ပြီးတော့ အိမ်ထောင်သည် ယောက်ျားလေးများဟာ မိမိဇနီးနဲ့  ခဏတာဝေး နေချိန်မှာ တခြားမိန်းကလေးတွေကို အစားမထိုးသင့်ဘူး အပျော်မကြံသင့်ဘူး(နှမချင်း ကိုယ်ချင်းမစာတောင် သူ့ ကို အမေဆိုတဲ့ မိန်းမတယောက်က မွေးထားတာဆိုတဲ့အသိနဲ့  ကိုယ်ချင်းစာသင့်ပါတယ်)
    မနေနိုင်ရင်လည်း ယောက်ျားလေးတွေအတွက် သွားကြတဲ့နေရာတွေ စလုံးမှာ တရားဝင်တောင် ဖွင့်ထားပေးထားတာပဲ သွားပေါ့
    (ကိုယ့်အထင်နဲ့ ကိုယ် ရေးသည် လွတ်လပ်စွာကွဲလွဲပိုင်ခွင့် အပြည့်အ၀ရှိသည်)

    မိန်းမတွေကိုတော့ မပြောချင်တော့ပါဘူး တို့ လည်းမိန်းမပါပဲ
    ဒါပေမယ့် တချို့ များတော့ မျက်စိကန်းတာမဟုတ်ပေါင် စုံမှိတ်ပြီး စိတ်ကိုအလိုလိုက်ကြတာ ဖြစ်ပြီးရင်တော့ မျက်ရည်လေးကလယ်ကလယ်ပေါ့
    ဆင်ခြင်ကြပါ တန်ဖိုးထားကြပါလို့ ပဲ သတိပေးချင်တာပဲ
    (သေချာတာကတော့ လက်ခုပ်ဆိုတာ ၂ ဖက်တီးမှ မြည်တာပဲ)

    ReplyDelete
  6. တည့်တည့်ကြီး ဝေဖန်ရမယ်ဆိုရင်တော့ စာအများကြီး ဖတ်ဖို့ လိုပါသေးတယ်။ သရုပ်မှန် ၀တ္ထုဆိုတာ ဒါမျိုး မဟုတ်ဘူး။ ခင်ဗျားဟာက အတင်းပြောတဲ့လူတစ်ယောက် ဇာတ်ကြောင်းပြန်ပြောနေတာနဲ့ တူနေတယ်။ စာဖတ်ပါ။

    မြန်မာ့ ရသ စာပေ တိုးတက်စေလိုသူ
    လောရှည်
    http://tales.lawshay.com

    ReplyDelete
  7. ကဲ ခုဆို ကြည်ပြာကလေးတောင် ရှင်ပြုလောက်ပြီ စိတ်ကူးထဲက အသစ်များကတော့ ရာဇ၀င်ထဲမှာ မေ့ကိုထားခဲ့ ရုပ်ရှင်ရိုက်နေတာလား

    ReplyDelete
  8. အင်း စလုံးကနေ ခုလို ဇာတ်လမ်းတွေ ခဏခဏ ကြားရတယ်
    ဘာလို့လဲ??

    ReplyDelete