Wednesday, November 4, 2009

လွမ်းတယ် ဟိုစဉ်အခါ

သစ်သစ် စာရေးတဲ့ဘက်ကိုမရောက်ဖြစ်တာ တစ်ပတ်လောက်ရှိသွားတယ် ။ လာလည်တဲ့သူတွေကို ကျေးဇူးတင်ပါတယ် အသစ်မရှိလည်း အမြဲလိုလိုလာလည်ကြလို့ ၀မ်းသာမိပါတယ် ။ ဒီနေ့သစ်သစ် ဆရာ့အိမ်မှာ အလုပ်စ၀င်တုန်းက အမှတ်တရလေးတွေ ရေးမယ်လို့ဆုံးဖြတ်ထားပါတယ် ။


သစ်တို့ ၄ယောက် ဆရာ့စီမှာ အလုပ်လုပ်ကြတာလပိုင်းလောက် ရှိလာပြီဆိုတော့ နည်းနည်းတော့ဆရာ့အထာသိလာတာပေါ့နော် ။ ဒါပေမယ့်ကြောက်တာကတော့ အရှိန်မပြယ်သေးပါဘူး ။ ဆရာရှိနေရင်သာ ငြိမ်နေကြတာ ဆရာဆိုဒ်ထဲသွားပြီဆို လာထားပဲအလုပ်တွေကလည်းလုပ် စကားတွေကလည်း ပေါက်ပေါက်ဖောက်အောင်ပြောနေကြတာပေါ့နော် ။ ပျော်ပျော်ရွှင်ရွှင်ပါပဲ တစ်နေ့တော့ ဆရာပြန်မလာခင် ဖောင်ဒေးရှင်းပုံတွေ သစ်သစ်ကဆွဲထားတဲ့ ပရော့ဂျက်လေးတစ်ခုရှိတယ်ဆိုပါစို့..။

ဆရာပြန်လာတော့ အဲဒီပရော့ဂျက်အပ်ထားတဲ့သူလည်း ဆရာနဲ့အတူပါလာတာပေါ့နော် ။ ဆရာကနည်းနည်းလေးစစ်လိုက်တယ် အဲမှာသစ်ရဲ့မဟာအမှားကို သွားတွေ့ပါတယ် သံချောင်းကိုသစ်သစ်ကပြောင်းပြန်ထည့်ထားတာပါ ။ ဆရာကသစ်သစ်ကို ဟ...သံချောင်းထည့်တာမှားနေတယ် ပြန်ထည့်ပြီး ပြန်ဆွဲမြန်မြန်လုပ် ပေးလိုက်တော့မယ်ဆိုတော့ နဂိုကတည်းက ကိုယ့်ဘာသာစိတ်အေးလက်အေးဆွဲနေတုန်းကအဟုတ်သား ဆရာကလေသံမာမာနဲ့အဲလိုလူရှေ့ပြောရမလားဆိုပြီး စိတ်ဆိုးတာအရမ်းပဲလေ.။

ပုံကိုဆွဲပြီးတာနဲ့ဆရာ့ကိုပေးပြီး အိမ်နောက်ခန်းထဲဝင်နေလိုက်တယ် ။ ထမင်းစားပြီးတော့ မျက်ရည်ကကျလို့ သူငယ်ချင်းတွေကချော့ကျတယ်လေ ဆရာကတော့ သစ်သစ်စိတ်ဆိုးမှန်းတောင် မသိပါဘူးလေ ။ သူလည်းသစ်တို့စားပြီးတာနဲ့ သူလည်းစားပြီး အိပ်တယ်လေ သူ့အခန်းကိုဝင်သွားတာနဲ့ သစ်ကလည်းဒီဘက်ကဆရာ့ညီမအခန်းကို ၀င်သွားပြီးအိပ်လိုက်တာ ဆရာနိုးတာတောင် သစ်သစ်မနိုးပါဘူး ။ ဆရာကမေးတော့ သစ်နေမကောင်းလို့အိပ်နေတယ်လို့ သူငယ်ချင်းတွေကပြောကြတာပေါ့နော် ။ဆရာကတောင် ဟုတ်လား ဆေးခန်းသွားမယ်လုပ်သေးတယ်....ဟိဟိ ။

သူငယ်ချင်းတွေပြန်တော့လည်း ဒေါ်ရွှေသစ်မပြန်ပဲ ဆက်အိပ်နေတာပဲလေ ။ အိမ်ကိုလာကြိုဖို့ဖုန်းဆက်ခေါ်လိုက်တယ် ။ ပြီးတော့အထဲမှာပဲ ပေတေနေနေတာလေ ။ သစ်အိမ်ကလာကြိုတဲ့ကားကိုမြင်တော့ ဆရာက အိမ်ကတောင်လာကြိုရတယ် တော်တော်ဖြစ်နေတာလားလို့ သူ့ညီမကိုမေးတယ်လေ ။ သစ်သစ်မျက်နှာကတော့ စူပုပ်နေတာပဲပေါ့ ။ အစ်ကိုလာကြိုပြီဆိုတော့ အခန်းကနေ၀ုန်းခနဲထွက်ပြီး ဆရာ့နားကိုသွားတယ် ဘာပြောလိုက်တယ်ထင်ပါသလဲ ဆရာဆူလို့ စိတ်ကောက်နေတာသိရဲ့လားလို့ ပြောပြီး တိုက်ပေါ်ကဆင်းလာခဲ့တယ် ။ ဆရာတစ်ယောက်လည်း ဟော...ဗျာ ဆိုပြီး ကျန်ခဲ့တာလေ ။

နောက်နေ့ကျတော့လည်း မျက်နှာကတင်းပြီး အလုပ်သွားတယ်နော် ။ ဆရာကစကားပြောချင်လို့ မျက်နှာငယ်လေးနဲ့ လိုက်ကြည့်လို့ ဒီကတော့ တင်းတင်းပဲ..... သူငယ်ချင်းတွေက ကြားကပေါ့ ။ နောက်တော့ဆရာက ဒါကဒီလိုဆွဲရတာ ဒါကိုဒီလိုယူရတယ်လို့ လာရှင်းပြတော့ ဘာပြောလိုက်တယ်ထင်လဲ စောစောကတည်းက အဲလိုရှင်းပါလားလို့ ဘာလို့ဧည့်သည်ရှေ့မှာအော်လည်း ပြောလိုက်တယ် ။ ကဲကဲ နောက်မပြောတော့ဘူးဆိုပြီး ပွဲသိမ်းသွားတယ်လေ ။

သစ်သစ် ဆရာ့အပေါ်တော်တော်ဆိုးခဲ့ပါတယ် ။ မိန်းကလေး၎ယောက်နဲ့ ဆရာ့မှာတော်တော်ကိုချာချာလည်ခဲ့ပါတယ် ။ တစ်ယောက်တစ်မျိုးကောက်ကြတာပါ ။ နောက်ပိုင်းဆရာက ဘယ်သူကဘယ်လိုအထာသိသွားတော့မှ အဆင်ပြေသွားခဲ့ပါတယ် ။ ဘာပဲဖြစ့်ဖစ် ပညာမျိုးစုံကိုဆရာစားမချန် ရခဲ့သလို စိတ်ထားကောင်းတဲ့ဆရာကို ကိုယ့်အမျိုးအရင်းလိုကို သတ်မှတ်မိပါတယ် ။ ခုတောင် ဒီမှာစိတ်တွေညစ်လို့ ဖုန်းဆက်ပြီး အလုပ်မလုပ်ချင်တော့ဘူးဆိုရင် ဆရာကပြန်လာဘာမှစိတ်ဓါတ်မကျနဲ့ ကိုယ့်ပညာကထမင်းတော့မငတ်ဘူး ။ သူဌေးသာမဖြစ်ရင်ရှိမယ် ဆိုပြီး အားပေးတတ်တဲ့ဆရာပါ ။ ဒီပို့စ်လေးရေးရင်း အလုပ်လုပ်ခဲ့တာလေးတွေကို တော်တော်ပြန်သတိရသွားမိပါတယ် ။

4 comments:

  1. ဖတ်ရင်း နှရင်းကြီးအုပ်ချင်တယ် ဂလောက်တော်တဲ့ ဆရာကို သူကပဲ စိတ်ကောက် စိတ်ဆိုးရတယ်ရှိသေးတယ်
    နောက်တခါ ပြန်ရင် ဆရာ့ဆီသွားပြီး ဆရာ့အစား ပါမစ်ယူပြီး သစ်၂ကို တီးဦးမယ်
    တော်တော်ဆိုးတဲ့ သစ်သစ်ပဲ
    သနားစရာကောင်းလိုက်တဲ့ဆရာ့နှယ် ဒီ သစ်သစ်နဲ့ ကိုမှ တပည့်တော်မိတယ်
    တော်သေးတယ် စလုံးထွက်လာလို့  မဟုတ်ရင် ဆရာ အသက်ထွက်လောက်တယ်

    ReplyDelete
  2. ကဲဟာ..
    ကောက်ချင်ဦးဟာ...
    ဒီလောက်ကောင်းတဲ့ဆရာကို
    ရှာကြံကောက်တဲ့တပည့်..
    ကဲဟာ
    ရိုက်တယ်ဟာ..
    တုတ်သေးသေးလေးနဲ့..

    ကြပ်ကြပ်သတိထားး
    ဟွန်းးး

    ReplyDelete
  3. ဟင်း..လာခဲ့စမ်း ...မိရွှေသစ်..
    ဒီလောက်တောင်ဆိုးရလား
    ကဲဟာကဲဟာ ဆရာကောင်းသမားကောင်းကိုဆိုးအုံးဟာ...ကဲကဲမှတ်ပလား ..ဖုန်းဖုန်း..
    (ဘယ်ကိုရိုက်တာလဲမပြောဘူး ထင်ချင်သလိုထင်ကြ ..)

    ReplyDelete
  4. ဟာဗျာ.. ဝိုင်းမရိုက်ကြပါနဲ့။ နဂိုကမှ စိတ်ကောက်နေပါတယ်ဆို ခဏနေကြရင် ဘလောက်ဒ်မရေးဘဲ စိတ်ကောက်နေအုန်းမယ်။

    ReplyDelete