Saturday, November 7, 2009

အစ်ကို့မွေးနေ့

မနက်ဖြန် နိုဝင်ဘာ ၈ရက်နေ့ဟာဆိုရင် သစ်သစ်အစ်ကိုရဲ့ မွေးနေ့မင်္ဂလာရက်မြတ်လေးဖြစ်ပါတယ် ။ မိသားစုနဲ့ဝေးရာလေးမှာနေပြီး ဘ၀တိုးတက်ရာ တိုးတက်ကြောင်းအတွက် အလုပ်တွေလုပ်နေတဲ့ သစ်အစ်ကိုအတွက် အမှတ်တရပို့စ်လေးကို ည၁၂နာရီကျော်နောက်ရက်ကူးတဲ့အချိန်လေးအထိစောင့်ပြီး ရေးလိုက်ပါတယ် ။




ကဗျာဆိုတာထက် စာစုလေးတစ်ခုကို ရေးခြစ်လိုက်မိတာကတော့........
မွေးနေ့ချိန်ခါ
ကျရောက်လာ
ရောင်စဉ်ပါတဲ့
ဒီချိန်ခါ

စိတ်မှာမှန်းကာ
ကန်တော့တာ
မွေးမိခင်ရဲ့
ကျေးဇူးပါ

ဟိုနှစ်ဒီနှစ်
ကိုယ်ပြန်စစ်
လုပ်ရပ်တိုင်းရဲ့
သက်သေပါ

နောက်ပြန်ရေတွက်
အနေခက်
မပြောင်းလဲတဲ့
သုံးဆယ်ပါ

တိုတောင်းလွန်းတဲ့
ဘ၀တာ
မုန်းခြင်းမရှိ
နေထိုင်ပါ

ဒီနေ့ကစ
နောက်များမှာ
ကောင်းခြင်းမှန်သမျှ
သင့်ထံလာ

လွန်ခဲ့တဲ့တစ်လကတည်းက ရေးလိုက်ဖျက်လိုက် စာစုလေး ရေးတုန်းကတော့ စာပိုဒ်တွေအများကြီးပါပဲ ။ ဟိုဖြုတ်ဒီဖြုတ်နဲ့ နောက်ဆုံးတော့ ဒီလောက်ပဲကျန်တော့တယ် အစ်ကိုရေ....။ လူတိုင်းအပေါ်မှာ မှန်ကန်တဲ့စေတနာနဲ့ အကူအညီပေးရင်း တည်ငြိမ်စွာဖြင့် တန်ဖိုးရှိတဲ့ ဘ၀ခရီးတစ်ခုကို ပျော်ရွှင်စွာဖြတ်သန်းရင်း ဘာသာသာသနာအကျိုးကို ဆထက်တပိုးထမ်းဆောင်နိုင်ပါစေလို့ ညီမဆုတောင်းပေးလိုက်ပါတယ် ။ စိတ်၏ပျော်ရွှင်ခြင်း ကိုယ်၏ကျန်းမာခြင်းတို့နဲ့ ပြည့်စုံပြီး ခုနှစ်မှာကျရောက်တဲ့မွေးနေ့မှသည် နောင်နှစ်၁၂၀တိုင် အစ်ကိုချစ်တဲ့ မိသားစုလေးနဲ့အတူတကွ အေးချမ်းစွာဖြတ်သန်းနိုင်ပါစေလို့လည်း ထပ်လောင်းဆုတောင်းပေးလိုက်ပါတယ် အစ်ကို....။နောက်ထပ်မွေးနေ့လက်ဆောင်လေး ပေးချင်တာကတော့ အစ်ကိုကိုယ်တိုင် ကြိုက်နှစ်သက်တယ်လို့ ဆိုထားတဲ့အရာတွေပါပဲ...။


အင်း အသားရောင်ဦးထုပ်လေးပါလား ကြိုက်လိုက်တာ...မှတ်ထား ညီမ အစ်ကိုအကြိုက်ဆုံးအရောင်က အသားရောင်လေးပဲ....နာမည်လေးပါတဲ့ အသားရောင်ဦးထုပ်လေးကို အွန်လိုင်းကနေမရမက လိုက်ရှာထားတာပါ ။ ကြိုက်နှစ်သက်မယ် ထင်ပါတယ်။



ဒီညနေ ဘာစားရမလဲဆိုတော့ အင်း...၀က်သား နဲ့ ခရမ်းသီးနှပ်လေတဲ့...အစ်ကိုဆိုအဲဒီဟင်းနဲ့ထမင်းစားရန် ၂ပန်းကန်တော့အနည်းဆုံးပဲဆိုတဲ့ စကားသံကို ဒီပို့စ်အတွက် ဒီနေ့ချက်ရင်း ကြားယောင်နေမိတယ် ။ အစ်ကို့အကြိုက် သုံးထပ်သားနဲ့ချက်လိုက်တယ် ။ ဒါလည်းကြိုက်မယ် ထင်ပါတယ် ။


ကောက်ညှင်းပေါင်း စင်္ကာပူမှာအလွယ်တကူရလားတဲ့ ကိုယ် ကောက်ညှင်းပေါင်းစားချင်လိုက်တာဆိုလို့ မမေ့မလျော့တင်ပေးလိုက်တယ်နော် ။ ( စနေမနက်ကမှ ကောက်ညှင်းပေါင်းကိုအုန်းသီးနိုင်ချင်းနဲ့ဝယ်ပြီး ဓါတ်ပုံရိုက်ပို့ပေးတဲ့ ရန်ကုန်ကမမကိုလည်း ကျေးဇူးအထူးပင်တင်ရှိပါတယ် ) ။

8 comments:

  1. လိမ္မာလိုက်တဲ့ ညီမလေး၊ တစ်ဒါဇင်လောက် ရှိရင် ကောင်းမှာ

    ReplyDelete
  2. ကံကောင်းလိုက်တဲ့ အကို အကို အကိုကြီး သစ်သစ်ရဲ့  အကို မွေးနေ့ မှသည် နောင်အသက်ရှည်သ၍ ပျော်ရွှင်ကျန်းမာ စိတ်ချမ်းသာပါစေ တောင့်တတိုင်း ပြီးပြည့်စုံတဲ့ဘ၀ကို ပိုင်ဆိုင်နိုင်ပါစေ

    ReplyDelete
  3. ကံကောင်းလိုက်တဲ့ အကို အကို အကိုကြီး သစ်သစ်ရဲ့  အကို မွေးနေ့ မှသည် နောင်အသက်ရှည်သ၍ ပျော်ရွှင်ကျန်းမာ စိတ်ချမ်းသာပါစေ တောင့်တတိုင်း ပြီးပြည့်စုံတဲ့ဘ၀ကို ပိုင်ဆိုင်နိုင်ပါစေ

    ကံကောင်းလိုက်တဲ့ အကို အကို အကိုကြီး သစ်သစ်ရဲ့  အကို မွေးနေ့ မှသည် နောင်အသက်ရှည်သ၍ ပျော်ရွှင်ကျန်းမာ စိတ်ချမ်းသာပါစေ တောင့်တတိုင်း ပြီးပြည့်စုံတဲ့ဘ၀ကို ပိုင်ဆိုင်နိုင်ပါစေ

    ReplyDelete
  4. စိန်ခေါ်လို့ လာ
    တိမ်ပေါ်အထိလိုက်
    လာသာလာ၏
    ဘာမှမရှိ
    လာသာလာ၏
    အလွန်မော၏
    ဒေါ်ဒေါ်သစ်သစ်
    ရွှီး၏

    ReplyDelete
  5. ဟမ် မမြင်မကမ်းနဲ့ ကော်ပီကူးတာ ၃ ခါဖြစ်သွားတယ်

    ReplyDelete
  6. တို့  မွေးနေ့ 
    ဆုတောင်းပေးမယ့်လူလည်းမရှိဘူး
    အားငယ်လိုက်ထှာ
    အမဖြစ်တာ စိတ်နာတယ်
    အကိုသာ ဖြစ်ရင် ဒီလို ပိုစ့်တပုဒ်နဲ့  တခုတ်တယရေးပေးမှာ
    ကဗျာလေးလည်းဖွဲ့ ပေးမှာ
    ကြိုက်တဲ့ပစ္စည်းလည်း လက်ဆောင်၇မယ်
    စားချင်တာလည်း ချက်ကျွေးခံ၇မယ်
    ဆုတောင်းပေးမယ့်လူမ၇ှိ ကိုယ့်ဘာသာ ဆုတောင်းလိုက်တယ်
    အရှင်ဘုရား
    ဖြစ်လေရာဘ၀တိုင်းမှာ အမ မဖြစ်ပဲ အကို စစ်စစ်ကြီးသာ ဖြစ်ရပါလို့ ၏ဘုရား
    မေမေ ဘာပဲဖြစ်ဖြစ် အကို မဖြစ်လို့  အမဖြစ်နေလို့  သူတို့ ဆုတောင်းမပေးလည်း မေမေ့ကို မေမေအဖြစ်တော်ရလို့ ဖေဖေ့ကို ဖေဖေအဖြစ် တော်ရလို့  ကျေးဇူးအရမ်းတင်တယ် မေနဲ့ ဖေကို ချစ်တယ် အမဖြစ်နေလည်း မေနဲ့ ဖေ သမီးဖြစ်လို့  ဂုဏ်ယူတယ်

    ReplyDelete
  7. စိတ်နာပါဒယ် ဒါကြောင့်
    Happy Birthday to ME
    May God bless ME
    Wishing ME all the Best and always Happy
    May All MY wishes come true
    ကဲ ဘယ်သူတွေ ဘာပြောပြော ကိုယ့်ဘာသာပဲ ဆုတောင်းပေးလိုက်တယ် ပြည့်စေသတည်း

    ReplyDelete