Wednesday, November 18, 2009

နေညိုရင်

နေညိုရင် တို့ဝေးရမယ် သိထားလည်း
နောက်ဆုံးစကားတွေ ငါမပြောချင်
အလှဆုံးမင်းရဲ့ မျက်ဝန်းက မိုးတွေစွေဦးမလား

တူညီစွာရင်ထဲရှိတဲ့ စိတ်ကူးများ
နင်မြိုသိပ်လိုက်ပါ အချစ်ဆုံးရာ
အလှဆုံးမင်းရဲ့ နှုတ်ခမ်းက
လွင့်ပျံလာမယ့် စကား

နာရီသံပုံမှန်လည်တာ ကြောက်ရွံ့လို့နေပြီ
ဒီလိုသာနာကျင်စွာ အဆုံးသတ်ရမှာလား
မတွေးရဲတယ်

နေညိုရင်ငါတို့ခွဲရမယ်
အချိန်တွေကို ရပ်ဆိုင်းထားချင်လည်း
ပြင်ဆင်နိုင်ခွင့်မရှိလေသော
ဘ၀တွေရယ် ဆွေးရတယ်

ယုံကြည်ပါ ငါပြောခဲ့ပါရစေ
တချိန်ချိန်မှာ ဆုံဆည်းရမယ်လို့
နာကျင်စွာနှုတ်ဆက်ရသော
ခဏတွေကို မုန်းမိတယ်

ယုံကြည်စွာ မျှော်လင့်မိသူ
ရင်မောသွား စကားလုံးများငြိမ်သက်ခြင်းမှာ
ဆုံဆည်းခဲ့တဲ့ ခဏလေးက
အတိတ်မှာ အိပ်မောကျ

တကယ်တော့ ဒီစာသားတွေကို သီချင်းလေးတစ်ပုဒ်ပါ ။ တစိမ့်စိမ့်တွေးပြီး နေ့ရော ညပါ နားထောင်နေမိတယ် ။ သီချင်းလေးဆုံးသွားတိုင်း ရင်ထဲမှာ ဟာ ပြီးကျန်ခဲ့တယ် သူရယ်...... ။

10 comments:

  1. နေညိုရင်
    ငတို့ ကတော့
    လေပြိုတယ်
    အေ့

    ReplyDelete
  2. နေညိုရင် ဗိုက်ဆာတယ် ညစာစားချိန်ရောက်ပြီကိုး
    ပြီးရင်နားရတော့မှာ ပျော်စရာပေါ့ဟိဟိ ..မနက်ပဲဆွေးတယ်
    ရုံးထသွားရလို့ ဒါကရုံးတက်ရက်တွေပေါ့နော် ..
    ကုန်ပါပီ နာတို့နှောက်တာနဲ့ ဆွေးတာတောင်ဘယ်ရောက်သွားလည်းသိမှမဟုတ်တော့ဘူး

    ReplyDelete
  3. အော် ခုတလော ဘလော့ဂ် တော်တော်များများ လွမ်းကြတယ်နော်။ ကိုယ်ရောပဲ..

    ReplyDelete
  4. နေညိုရင် ငါတို့ခွဲရမယ်...
    အဲလောက်လည်း စိတ်မကောင်းဖြစ်မနေပါနဲ့သစ်ရယ်..
    နောက်နေ့မနက်ဆို တို့နဲ့ပြန်တွေ့ရမှာပဲဟာ...
    ညနေတိုင်းခွဲရပေမဲ့ မနက်နဲ့နေ့လည်တိုင်းမှာ တွေ့နေကြပဲလေ..

    ReplyDelete
  5. ဟိဟိ အပေါ်က ကိုယ့်ကော်မန့်ကိုယ်ဖတ်ပြီး တခွိခွိနဲ့ရယ်နေရတယ်..

    ReplyDelete
  6. မျိုးကလည်း အတင်းကြီး နာတို့ ကိုလွမ်းတာဟုတ်ဝူးဟ ..ဟိဟိ

    ReplyDelete
  7. တော်တော်ဆိုးတဲ့ဟာတွေ.. သူများ ကွဲနေတာကို ဟာသ လုပ်နေကြတယ်

    တို့ဆီပဲ လာခဲ့ သစ်လေး.. ချုပ်ပေးမယ်

    အာဘွားး

    ReplyDelete
  8. ဟယ် မိမေ mae မေကိုပြောတာနော်
    ရှင့်အပြောတွေကတယ်လဲ မိန်းမခြောက် ဆန်ပါကလား
    ထူးဆန်းသာပ
    အရီးမေရယ်

    ReplyDelete
  9. ရင်ထဲဟာနေမှာပေါ့
    ဗိုက်ဆာနေတာကို
    တခုခုစားလိုက် သစ်
    ဟိဟိ
    ညှိုးမ လူဇိုးးးးးးးးးးး

    ReplyDelete
  10. နေညိုရင်လေပြိုလာတာတော့အမှန်ပဲ...ဟဲဟဲ

    ReplyDelete