Monday, November 16, 2009

စိတ်

စိတ် သည် အလွန်ထိန်းသိမ်းရ ခက်သောအရာ တစ်ခုဖြစ်သည် ။ မလုပ်ချင်တာကို လုပ်ချင်လာအောင် ချော့ရတာလည်း ဒီစိတ်ပါပဲ ။ လမ်းချော်တတ်လွန်းလို့ ထိန်းရတာလည်း ဒီစိတ်ပါပဲ ။ တခါတရံလွှတ်ပေးလိုက်သော် အမှားများစွာတွေ့တာလည်း ဒီစိတ်ပါပဲ ။ တခါတရံ စိတ်ခံစားချက်အတိုင်း လိုက်ခြင်းသည် တခဏတာအတွက် ကောင်းသော်လည်း ရေရှည်အတွက်မူ မကောင်းတတ်တာလည်း ဒီစိတ်ပဲလေ ..။

ဒီစိတ်တွေအကြောင်းရေးလို့ သစ်သစ်ကို စိတ်ဖောက်သွားပြီ မထင်ပါနဲ့ဦး ။ ခံစားချက်နဲ့ဆက်နွယ်နေတဲ့ ဒီစိတ်ကို သတိထားမိနေတာလည်း ကြာပါပြီ ။ ဒီစိတ်သည် လူတစ်ယောက်ရဲ့တန်ဖိုးကို လျော့နိုင်အောင် လုပ်နိုင်စွမ်းရှိတယ် ။ တန်ဖိုးတက်အောင်လည်း သူလုပ်တတ်ပြန်တယ် ။ အချစ်ဆိုတာကို စခံစားတာလည်း ဒီစိတ်ဖြစ်သလိုပဲ မုန်းတဲ့စိတ်ကို မြည်းစမ်းသွားတာလည်း ဒီစိတ်ဖြစ်နေပြန်ပါတယ် ။

အချို့သူများသည် အနီးကပ်ဆုံးသူကို တန်ဖိုးထားလေ့ မရှိကြပါဘူး ။ ထိုသူရဲ့လုပ်ဆောင်ချက်တွေ ခံစားချက်တွေကို လျစ်လျူရှုတတ်ကြပြန်တယ် ။ ဒါတွေကလည်း ထိုသူ၏စိတ်အပေါ်မှာပဲ မူတည်ပြီး တန်ဖိုးဖြတ်သွားတယ်လို့ သစ်ထင်ပါတယ် ။ စိတ်ထဲမှာတစ်ခုခံစားရရင် ဖယ်ရှားရခက်နေသလို နောင်အကြောင်းတိုက်ဆိုင်တိုင်း ဒါတွေပြန်ခံစားစေတာလည်း စိတ်ပဲလေ ။ ဒီတော့ ဘာပဲဖြစ်ဖြစ် စိတ်အလိုမလိုက်မိအောင် ထိန်းသိမ်းဖို့က ကာယကံရှင်ပေါ်မှာပဲ မူတည်နေတော့တယ်လေ...။

6 comments:

  1. စိတ်ကလေးငြိမ်းချမ်း ပျော်ရွှင်ပါစေလို့ ပဲ ဆုတောင်းပေးမိတော့တာပဲ

    ReplyDelete
  2. စိတ်သာအဓိကလို့ ဘုရားဟောတာလေ ထိမ်းဖို့ ခက်ခဲလွန်းတယ်
    စိတ်ကိုနိုင်ရင် အားလုံးအောင်ပြီ ..

    ReplyDelete
  3. ဟေး အောင်ပြီ အောင်ပြီ အောင်ပြီ
    (၁၀ တန်းစာမွဲ) အဟိ

    ReplyDelete
  4. စိတ်.. မကောင်းဘူး..

    ReplyDelete
  5. သစ်.. စိတ်ထိန်းပါ

    စတာ

    ပျော်ရွှင်ပါစေ ..

    ReplyDelete
  6. သစ် သစ်
    မလုပ်နဲ့လေ
    လက်ဖက်တွေများကြီးမစားနဲ့ဆို
    ခုတော့ ဆိတ်တွေ................

    ReplyDelete