နိုဝင်ဘာတစ်လလုံး စာရေးကြဲတာထက် ရေးချင်စိတ်မရှိတော့ဘူးဆိုရင် ပိုမှန်ပါလိမ့်မယ် ။ ငါဘာလို့ဘလော့ဆိုတာလေး ရေးမိခဲ့ပါလိမ့်လို့လည်း နောင်တကရချင်ချင် ဖြစ်နေပါပြီ ။ ရေးစရာတွေ အများကြီးရှိပေမယ့် စိတ်တွေ့တိုင်းရေးခွင့်ကလည်း မသာပါဘူး ။ ကိုယ်ကရင်ဖွင့်ချင်လို့ ပါစင်နယ်တွေရေးပေမယ့် ကိုယ်ရေးတာကို နှိပ်ကွက်လို့သဘောထားပြီး အခွင့်ရတာနဲ့ ပြန်ဖော်ချင်တဲ့သူကလည်း များလာသလိုပါပဲ ။ စရေးကတည်းကိုက ငယ်စဉ်ကကိုယ့်မိသားစုအကြောင်း ကျောင်းတုန်းကအကြောင်း သူငယ်ချင်းတွေအကြောင်း အလုပ်အကြောင်း မှိန်တိန်တိန်အချစ်အကြောင်း နိမ့်ပါးလွန်းတဲ့ကိုယ့်ကျန်းမာရေးအကြောင်း စသဖြင့် ရောက်တတ်ရာရာရေးမယ်လို့ပဲ ရည်ရွယ်ခဲ့တာပါ ။ ဘာကြီးညာကြီး ရေးမယ်ဆိုပြီး ကြွေးကြော်ခဲ့ခြင်း အလျင်းမရှိပါဘူး ။ မနာလိုမုန်းထား ရန်သူလည်းမလိုချင်ပါဘူး ။ စာတွေရေးနေလို့ကိုယ့်ကိုခင်မင်နှစ်လိုတဲ့သူပဲ လိုချင်တာ သဘာဝပါ ။
ဘယ်သူ့ကိုမှ ဂရုမစိုက်နဲ့ဆိုပေမယ့် လူဆိုတာကလည်း ပတ်ဝန်းကျင်နဲ့နေတာဆိုတော့ တာဝန်အရဖြေရှင်းရပြန်ရောလေ မပြောပြန်ရင်လည်း ကြာလာတော့အမှားက အမှန်ကိုထင်မြင်သွားတတ်တယ်လေ ။ သစ်သစ်ကတော့ပတ်ဝန်းကျင်ကိုဂရုစိုက်ပါတယ် အထူးသဖြင့် ဝေးတမြေမှာနေတော့ ပိုလို့တောင်ဂရုစိုက်ရပါသေးတယ် ။ ကောင်းသတင်းရောက်ဖို့က ကြာကောင်းကြာပေမယ့် မကောင်းသတင်းရောက်ဖို့က အရမ်းမြန်ပါတယ် ။ ဒီလိုဂရုစိုက်ပါများတော့လည်း လုပ်ငန်းခွင်ကကိုယ့်ရဲ့စိတ်ကိုပါ ထိခိုက်လာတာမဆန်းပါဘူး ။ ပြီးခဲ့တဲ့အပတ်နဲ့ဒီအပတ်ဆို သစ်သစ်ကိုယ့်ဘလော့တောင် မဖွင့်ဖြစ်ပါဘူး ။ သစ်သစ်သွားနေကျ ဘလော့စီဘောက်လေးရှိတယ် အဲဒီမှာပဲပြောနေ ချက်နေ စိတ်အပန်းဖြေတာပါ ။ အလုပ်လုပ်ရင်းဝင်ပြောသလို ၈ယောက်လောက်ရှိတဲ့အဲဒီစီဘောက်မှာ တစ်ယောက်တစ်မျိုး မရိုးရအောင် စကြပြောင်ကြနေတာကိုယ်က ဂျီတော့မလို ဘလော့မလိုအောင်ပါပဲ ။
ဟိုး တပတ်ကကိုယ်ခင်ရတဲ့ သူငယ်ချင်းတစ်ယောက်က သူ့သူငယ်ချင်းတွေရှေ့မှာ ကိုယ်တွေနဲ့မသွားချင် မတွေ့ချင်တဲ့ပုံ ဆက်ဆံတာခံလိုက်ရပြီးကတည်း တော်တော်လည်းစိတ်မကောင်းဖြစ်ပြီး ကိုယ့်ဘာသာလည်း တတ်နိုင်သလောက်နေတတ်အောင် ကြိုးစားခဲ့ပါတယ် ။ စိတ်ဆိုးခြင်း ၀မ်းနည်းခြင်းတွေ ရှိခဲ့ပေမယ့် ကိုယ့်ဘာသာတည်ငြိမ်အောင် ကြိုးစားရင်းအပြောင်းအလဲများတတ်တဲ့ လောကကြီးကခဏလောက် ပုန်းနေခဲ့လိုက်ပါသေးတယ် ။ စာတွေကိုဖိဖတ်လို့ လူတွေနဲ့ဝေးရာမှာ နေရတာလည်း အရသာတစ်မျိုးပါပဲ ဒါပေမယ့် ကြာရှည်ကြတော့လည်း ဖြစ်နိုင်မယ်မထင်ဘူးလေ ။ ဒါကြောင့် လူဆိုတာအသိုင်းအ၀ိုင်းနဲ့နေတာလို့ ပြောခဲ့တာဖြစ်မှာပေါ့ ။ ခုလည်း မဖြစ်မနေပွဲတွေကလွဲလို့ အပေါင်းအသင်းသူငယ်ချင်းတွေရဲ့ဘေးကနေ ရှောင်ခွာပြီးနေဖို့ ကြိုးစားနေပြန်တယ်လေ ။ ဖြစ်ချင်တဲ့အရာတစ်ခုပေါ်မှာစိတ်ကိုနှစ်ဖို့ ကြိုးစားနေတယ်ပြောလည်း မမှားပါဘူးလေ ။
ဒီတစ်ပတ်လုံး အလုပ်ကလည်း မနက် ၈ ည ၈ ဆိုရလောက်အောင်ကို အလုပ်များခဲ့တယ် နောက်အပတ်လည်း များဦးမှာပါပဲ တမျိုးကောင်းတာက စိတ်မလွင့်ဘူး မကောင်းတာက တနင်္လာနေ့ကတည်းကဖျားနေလိုက်တာ ကြာသပတေးလောက်ရောက်မှ အရှင်းပျောက်သွားတာပဲ ။ နေ့လည်ထမင်းစားချိန် ၁နာရီကိုတောင် နာရီဝက်ပဲနားပြီး နာရီဝက်အိုဗာတိုင်ဆင်းပလိုက်တယ် အေးရော....။ ပိတ်ရက်၃ရက်ကိုလည်း အခန်းထဲမှာဖတ်ဖို့အကြွေးကျန်တဲ့စာအုပ်တွေ ဖတ်ရင်းဖြတ်သန်းမယ်စဉ်းစားထားပါတယ် ။ ကျန်းမာရေးအရ လူတွေနဲ့မတွေ့ချင်တဲ့ရောဂါ ဖြစ်နေတယ်ဆို ပိုမှန်မယ်ထင်တယ် ။ ကုန်ဆုံးခဲ့တဲ့အချိန်တွေကို နှမြောခြင်းကင်းပေမယ့် ဖြတ်သန်းနေတဲ့အချိန်တွေကို တန်ဖိုးရှိချင်တဲ့စိတ်ပေါက်နေတယ် ။ သစ်သစ်ကိုယ် သစ်သစ်လည်း အားမရဘူး ကြိုးစားအားထုတ်မှု ညံ့ဖျင်းနေတယ်လို့ ခံစားမိနေတယ် ။ ခုလည်းမရေးတာကြာတော့ သစ်သစ်တစ်ယောက် ဘယ်ပျောက်နေလဲဆိုပြီး နေ့စဉ်လာလာတတ်တဲ့ စာဖတ်သူတွေကိုလည်း တောင်းပန်ရင်း စိတ်ထဲရှိရာအစီအစဉ်မကျ ချရေးလိုက်မိပြန်ပြီလေ ။ ဒီပို့စ်လေးက ဘာအကျိုးမှမပြုပေမယ့် ဘလော့ပိုင်ရှင်ရဲ့ ခုတလောရင်တွင်းခံစားမှုကို မြင်သာလိမ့်မယ်လို့တော့ ထင်ပါတယ် ။ လာဖတ်သူများကို အစဉ်အမြဲလေးစားတန်ဖိုးထားပါတယ် ။ ပျော်ရွှင်ကြပါစေလို့လည်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်နော် ။

သစ်ရေ စိတ်ပင်ပန်းတော့ မခံပါနဲ့။
ReplyDeleteတခါတခါ ဒီလိုပါပဲ။
ကိုယ်လဲ ကိုယ့်ဘာသာ အားမရဘူး။
မြန်မာပြည်မှာ နေတုန်းကလောက်တောင် လူက တယ်မကြိုးစားမိဘူးလို့ ခံစားရတယ်။ ဒါ homesick နဲ့ depression ဖြစ်မလားတော့ မပြောတတ်ဘူး။
တကယ်ဆို အင်တာနက် လွယ်လွယ်ရနေတာ လုပ်စရာတွေ အများကြီးနဲ့ ရှိရက်နဲ့ ကိုယ်လဲ မလုပ်ဖြစ်နိုင်ဘူး။ လူက ဘာမှ သိပ်စိတ်မပါသလိုကြီး။
သစ်တစ်ယောက်တည်း ဖြစ်နေတာလို့ ထင်မှာစိုးလို့ အဖော်ရှိကြောင်း လာပြောတာ။
ကိုယ်လဲ ငြီးငွေ့ငွေ့ ဖြစ်နေတာနဲ့ပဲ ဒီနေ့တော့ အလှပြင်ဆိုင် သွားတယ်။
:D
ညစ်ပါနဲ့ သစ်ရယ်
ReplyDeleteစလုံးမှာနေနေရတဲ့ဘဝက မပျော်ပေမဲ့
အတင်းပျော်အောင် စိတ်ကိုလှည့်စားထားရတယ်လေ
နေချင်တာတော့ အေးမြတဲ့အမေအိမ်ရိပ်ပေါ့။
သစ်ကိုချစ်တဲ့ဗျစ်တို့နာ့တို့ချယ်တို့ထောတို့ညှိုးတို့နညတို့ရှိဒယ်လေကွယ်နော့
ညစ်နေရင် အိမ်လာခဲ့
ဖူဂျီနဲ့လျှော်ပေးမယ်
း))))
ဒီလိုပါ့။ ဖြစ်အောင်နေရတာပဲလေ။ တကယ်တော့ ကိုယ့်အိမ်မှ မဟုတ်တာကိုး။ စိတ်မညစ်ပါနဲ့လေ။ နောင်တစ်ချိန်မှာ အိမ်ပြန်ကြတာပေါ့။
ReplyDeleteno it is neither homesick or depression
ReplyDeletedon't get ur self wrong darrling
it's just we all go through ups and downs
and this may be one of your downs and pls also prepare for lots to come as this is part of life and we cannot just advoid it
for what other people see you and treat you i will just simply suggest
ignore them
truely
otherwise if you are taking everything then you won't have time to live
breathing it self is not living by my difination
living mean doing something you truely enjoy for urself
and you are loving doing it as well as not effects others
so my suggestion will be
cook something nice for urlsef
or go for an expensive shopping
spending money difinately makes us feel good right
and then u will fell fabulous
and glamorous
so go girl
PS am planning to come to SG
let's catch up if have times
and of course when u feel like seeing some normal human
LOL
sweet december
cheers darrling
(with double RR meaning u need to read it with russian accent
like a friend of carrie in sex and the city LOL
but thanks go di will not pimp u out)
အမလေး မန့် တာ တီချမ်းက သာသွားပြီ အီလို အရှည်ကြီးကို မန့် ပလိုက်တာ
ReplyDeleteစိတ်မကောင်းမဖြစ်ပါနဲ့  လူတကိုယ် စိတ်တမျိုးပဲလေ
လူထဲကလူဖြစ်နေလို့  တို့ တွေလည်း အများကြီးကြုံခဲ့ဖူးပါတယ်
သစ်က ပိုတောင် ခံနိုင်ရည်ရှိသေးတယ်
တို့ ဆို တခုခုဆို ပုလဲလုံးတွေ တလုံးပြီးတလုံး
သီကုံးပြီး တောင် ထားလို့ ရသေး
နေကောင်းအောင် ဂရုစိုက်ပါဟာ။
ReplyDelete