Saturday, March 5, 2011

ချစ်ခြင်းရနံ့ထုံမွှမ်းနေတဲ့ ငါးထမင်းနယ်

ငါးထမင်းလေး...ရှလွတ်


အဲဒါ တစ်ဝက်ပဲရှိသေးတယ်

ငယ်စဉ်တောင်ကျေး ကလေးဘ၀ကတည်းက ခင်မင်မှသာ သူငယ်ချင်းရင်းချာအစစ်လို့ ခေါ်လို့မရပါဘူး တယောက်ကိုတယောက် အနစ်နာခံလိုအပ်ချက်တွေ ဖြည့်ဆည်းဖို့အမြဲတွေးတောနေတတ်တာကလည်း သူငယ်ချင်းကောင်းတွေပါပဲလေ ။ အခက်အခဲဖြစ်နေချိန် လိုအပ်နေချိန်တွေမှာ ကိုယ့်ရှေ့မှာ အကြံဥာဏ်ပေးနိုင်တဲ့သူ ကိုယ့်ကိုအနည်းဆုံးတော့အားပေးနိုင်တဲ့သူတွေ ကလည်း ကိုယ့်အနားကသူငယ်ချင်းတွေပါပဲလေ ။ သစ်မှာစလုံးရောက်မှ ခင်မင်ရတဲ့သူငယ်ချင်းတွေ ရှိပါတယ် ။ သူတို့တွေကလည်း သစ်အပေါ်သိပ်ကောင်းသလို သစ်ကလည်းအမြဲ သူတို့ကိုဘာလုပ်ပေးမရမလဲ စဉ်းစားနေသူတစ်ယောက်ပါ ။ အိမ်ထောင်သည်တွေပါသလို အပျိုလူပျိုတွေလည်း ပါတာပေါ့နော် ။ သစ်တို့အဖွဲ့က ဗစ်က ရန်ကုန်ကပြန်လာပြီးကတည်းက အစားအသောက်ပျက်နေတာကတကြောင်း သစ်လည်းစာမေးပွဲပြီးတော့ သူငယ်ချင်းတွေကို တခုခုလုပ်ကျွေးချင်နေတာကတကြောင်း စသဖြင့်အကြောင်းတွေကြောင့် ဒီငါးထမင်းချဉ်ဇာတ်လမ်းလေး ဖြစ်လာခဲ့တယ်ဆိုပါတော့လေ ။

အစကတော့ သူတို့တွေစနေနေ့တ၀က်အလုပ်ဆင်းပြီးမှ ကိုယ့်ဆီဝင်စားဖို့ စီစဉ်ထားပေမယ့် သူတို့စောစောစီးစီးမနက်စာလေးအဖြစ် အလွယ်တကူစားလို့ရအောင်ဆိုပြီး သစ်မနက်၅နာရီထပြီး ငါးထမင်းလုပ်ဖို့ ကြိုးစားခဲ့ပါတယ် ။ မနက် ၈နာရီရုံးသွားတဲ့ ဗစ်စတာ အချိန်ပိုအလုပ်သွားမယ်မေလေး သူတို့တွေကို စောစောစီးစီးစားစေချင်တာလည်း ပါတာပေါ့နော် ။ ဒီလိုနဲ့ လုပ်ဖြစ်ခဲ့တဲ့ ငါးထမင်းလေးကို ပုံလေးတွေရိုက်ပြီး တင်လိုက်ပါတယ်နော် ။ လုပ်နည်းကတော့ အများသိပြီးသားဖြစ်နေလို့ အထွေအထူးမရေးတော့ပါဘူး ။ အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့တဲ့ အလုပ်ပိတ်ရက်လေးဖြစ်ပါစေနော်။

9 comments:

  1. စားနေတာ တဝက်ကုန်ပီ ကောင်းမှကောင်း ချစ်သစ် မွမွ

    ReplyDelete
  2. နာ ရုံးဆင်းမှလာမယ် မနက်က အမ်အာတီလာပို့မယ်တဲ့ ဘယ်ရမလဲ သူလာပို့သလောက်ပဲစားရမှာ သူ့အိမ်သွားတော့ ကြိုက်သလောက်စားလို့ရတယ် :D

    ReplyDelete
  3. myo said...
    နာ ရုံးဆင်းမှလာမယ် မနက်က အမ်အာတီလာပို့မယ်တဲ့ ဘယ်ရမလဲ သူလာပို့သလောက်ပဲစားရမှာ သူ့အိမ်သွားတော့ ကြိုက်သလောက်စားလို့ရတယ် :D >>> yesyes

    ခု အစုံ စားခဲ့ရတယ် cherry2 သစ်ကလေးး ကျေးဇူး :kiss:

    ReplyDelete
  4. လာဖတ်သွားတယ်နော်

    ReplyDelete
  5. ကျန်သေးလား =D

    ReplyDelete
  6. မပါလို့ စိတ်ကောက်သွားပီ

    ReplyDelete
  7. ညီမရေ သွားရည်ကျ ပြန်သွားပြီ
ုဆောင်း

    ReplyDelete
  8. ငါးထမင်းနယ်လေး လာစားသွားပါတယ်..

    ReplyDelete
  9. အဟင့်
    နာကျတော့ မစားရဘူး
    ဝမ်းနည်းတွားပီ..
    နာ့ကို မချစ်ကြတော့ဘူး။
    အိ အိ အိ..

    စားချင်သူ
    ညည

    ReplyDelete