ဒီပို့စ်လေးကတော့ သစ်သစ်ကျောင်းတက်ခဲ့ရတဲ့ အကြောင်းတွေမှာ နောက်ဆုံးပို့စ်လေးပါ ။ သစ်သစ် B Tech နောက်ဆုံးနှစ်ဖြေပြီးလို့ အောင်စာရင်းထွက်တယ်ဆိုတော့ သွားကြည့်တာ မှတ်မိပါသေးတယ် ။ သစ်သူငယ်ချင်း ဆွေညွန့် ၊ မြမွန် ၊ ခိုင်ဇာ နှင့် သစ်သစ်တို့ လှည်းတန်းကနေ မှော်ဘီတပ်မတော်ဘော်လုံးစက်ရုံသို့ ကားကြီးကိုစီးပြီး အတွေးကိုယ်စီနဲ့ သွားခဲ့ကြတယ်လေ ...။ အရင်ကလောက်တောင် စကားကောင်းကောင်းမပြောနိုင်ကြပါဘူး ။ နန္ဒာပါလား မပါလား မမှတ်မိတော့ဘူး သယ်ချင်းပါတယ်ဆိုရင် ဖြည့်ဖတ်လိုက်နော် ....။ ပြောသာပြောရတာ သစ်သစ် သူငယ်ချင်း နန္ဒာကလေ သစ်သစ်ပို့စ်တွေကို တစ်ခုမှမဖတ်ဘူးတဲ့ ပုံကြည့်တယ် သီချင်းနားထောင်တယ် စီဘောက်ဖတ်တယ်တဲ့ ( မနေ့ကမှ ရင်နာစွာသိလိုက်ရတာပါ ) ။ ကျောင်းနဲ့နီးလေ ရင်ခုန်လေပေါ့နော် ။
ဒီလိုနဲ့ကျောင်းရောက်တော့ အ၀င်လေးမှာပဲ သစ်သစ်ကျောင်းကားစီးတာတူတဲ့ ညီမငယ်က အမဘာကျွေးမှာလဲဆိုတော့ သစ်သစ်ဆက်တက်ခွင့်ရတာ သိလိုက်ပါတယ် ။ ကျန်တဲ့သူတွေကတော့ စိတ်တွေလှုပ်ရှားနေကြတာပေါ့နော် ။ တက်ခွင့်ရတဲ့စာရင်းကို ကြည့်လိုက်တဲ့အခါ မြမွန် နဲ့ ခိုင်ဇာ ပါမလာခဲ့ပါဘူး ။ သူတို့အဲဒီအချိန်တုန်းကတော့ ၀မ်းနည်းခဲ့မှာပေါ့ ဒါပေမယ့် ပါမလာတဲ့သစ်သူငယ်ချင်း နှစ်ယောက်လုံးအခုဆို သစ်တို့ထက်တောင်သာလွန်တဲ့နေရာလေးတွေ ပိုင်ဆိုင်နေကြပါပြီ ။ သစ်သစ်စလုံးရောက်ကတည်းက မြမွန်ဆို ပီအာဖြစ်လို့ သစ်သစ်ကိုအများကြီး အကူအညီပေးခဲ့တဲ့ သူငယ်ချင်းကောင်းလေးပါ ။ ခိုင်ဇာဆိုလည်း ကိုယ်ပိုင်ကုမ္ပဏီလေးနဲ့ ရန်ကုန်မှာ ပျော်ရွှင်စရာမိသားစုလေး နဲ့ တကယ်ကိုအခြေတကျ ဖြစ်နေပါပြီ ။
ဒီလိုနဲ့ ဘီအီးဆိုတဲ့ တစ်နှစ်ကိုဆက်တက်လိုက်တော့ သစ်တို့အခန်းမှာ လူနည်းနည်းလေးကျန်ပါတော့တယ် ။ လူနည်းတော့လည်း ပိုပြီးစည်းရုံးတယ်လို့ ပြောလို့ရပါတယ် ။ ဒါပေမယ့် စာမသင်ချင်လို့ အပြင်မှာအတူထွက်ထိုင်နေကြ သူငယ်ချင်းလေးခိုင်ဇာ ပါမလာတော့ နှစ်စပိုင်းမှာ တကယ်ကို ဟာတာတာဖြစ်ခဲ့ပါတယ် ။ သစ်သစ်နဲ့ထိုင်တဲ့ သူငယ်ချင်းတွေက အသစ်တော့လည်းမဟုတ်ကြပါဘူး အရင်ကတည်းကတော့ ကျူရှင်တွေအတူတက်နေကျ သူငယ်ချင်းတွေပါပဲ ဒါပေမယ့် သစ်သစ်နဲ့ကတော်တော်ကို လမ်းကြောင်းကွဲတဲ့သူငယ်ချင်းတွေပါ သူတို့ကစာကိုအရမ်းကြိုးစားကြတယ်လေ ။ အမြဲစာလုပ်နေတော့ သစ်သစ်ပျင်းတာပေါ့ ပရောဂျက်တွေဆိုလည်း အပီအပြင်လုပ်ကြတယ် အချိန်အားရင်စာဆွေးနွေးကြတယ် တကယ်ကြီးကိုသစ်သစ်စိတ်ညစ်ခဲ့ပါတယ် ။
သစ်သစ်တို့နောက်ဆုံးနှစ်က ၄ဘာသာပဲသင်ရပါတော့တယ် ကျန်တာတွေအားလုံးက သင်လို့ပြီးသွားပြီဆိုပြီး course တွေက ထပ်နေခဲ့ပါတယ် ။ ဆရာတွေကလည်း သင်တာပဲ ကျောင်းပေါင်း၂၂ကျောင်းက ဆရာတွေ တစ်ယောက်နဲ့တစ်ယောက် ညှိပြီးသင်ကြပေမယ့် မေးခွန်းထုတ်တဲ့အခါ သစ်တို့ကျောင်းကမသင်တာတွေပါလာပါတယ် ။ ဘာမှမတတ်နိုင်ပါဘူး ကျူရှင်မှာပိုသင်ထားတဲ့သူတွေ အားလုံးကိုလိုက်ဖတ်တဲ့သူတွေလောက်သာ ကောင်းကောင်းဖြေနိုင်ခဲ့ပါတယ် ။ သစ်သစ်ကတော့ဖြေနိုင်တယ်ဆိုပေမယ့် ဂုဏ်ထူးမပါတော့ဘူးဆိုတာ အလိုလိုသိနေတော့ စာမေးပွဲပြီးကတည်းက ME ဆိုတာ စိတ်နဲ့တောင်မမှန်းတော့ပါဘူး ။ အောင်စာရင်းတွေထွက်တော့လည်း မထင်ထားတဲ့သူတွေကစာမေးပွဲတွေကျ ME ပါတဲ့သူတွေကလည်း တကယ့်ကိုလူနည်းစုဖြစ်ပြီး သစ်သစ်ကတော့ ပုံမှန်သာအောင်ခဲ့ပါတယ် ။ အဲဒီဘာသာမေးခွန်းထုတ်တဲ့ကျောင်းက ကျောင်းသားတွေကတော့ အောင်တဲ့သူတိုင်းလိုလို ME ပါသွားကြပါတယ် ။
ဒီလိုနဲ့သစ်သစ်ရဲ့ ကျောင်းသူဘ၀က ပြီးဆုံးခဲ့ပြီး လက်တွေ့လုပ်ငန်းခွင်ကို ၀င်ရန်လိုအပ်တဲ့သင်တန်းများ တက်ခဲ့ပါတယ် ။ သင်တန်းပေါင်းများစွာတက်ပြီး လက်တွေ့မရှိတော့လည်း တိုးတက်မှုဆိုတာ ဖြစ်မလာခဲ့ပါဘူး ။ ဒါနဲ့ပဲ ဆရာဆီမှာ ဒီဇိုင်းနာတစ်ယောက်အနေနဲ့ ဆရာကြပ်မတ်သင်ကြားပေးတဲ့ လမ်းကြောင်းအတိုင်း ဆက်ချီတက်ခဲ့ပါတော့တယ် ။ သစ်သစ်ရဲ့ ဖျက်လို့မရသမိုင်းများ ပို့စ်ကို ၁ ကနေ ၁၀ ထိ မငြီးငွေ့ပဲ လိုက်ပါဖတ်ပေးတဲ့သူများရော ကွန်မန့်များပေးခဲ့တဲ့သူများရော သစ်သစ်ဒီနောက်ဆုံးပို့စ်လေးကနေ ကျေးဇူးအထူးပင်တင်ရှိကြောင်းပြောကြားရင်း ကျောင်းသူဘ၀ကို နိဂုံးချုပ်လိုက်ပါရစေရှင်....။

ကျောင်းသူဘဝနိဂုံးချုပ်ပြီတဲ. အိမ်ရှင်မဘဝလာတော.မယ် တန်တန်
ReplyDeleteဟယ် ကျောင်းသူဘ၀ကလည်း ဖတ်လို့ ကောင်းတုန်း ပြီးသွားတယ်
ReplyDeleteနည်းနည်းပါးပါးလေးတောင် ကျောင်းမပြေး မကဲခဲ့ဖူးပေါ့ (ဖတ်ရတာ ဟာတာတာဖြစ်သွားတယ်) ME ပါအောင်ဖြေခဲ့ရင် ဆက်ဖတ်ရဦးမှာ ခုတော့ BE နဲ့ တင် တော်တော်မူးသွားတယ်
ကျောင်းပြီးတာနဲ့ ဆရာ့ဆီမှာ ဒီဇိုင်းနာသွားလုပ်တာပေါ့ ကောင်းလိုက်တာကွယ် ပညာတွေတော်တော်ရမှာ (ဆရာ့ကိုတော့ သနားမိသေးတယ်)
သစ် ဒီမှာကျောင်းလေးဘာလေး ဆက်မတက်ချင်ဘူးလား စလုံးကျောင်းသူသစ်သစ်ဘ၀ဆိုပြီး ပိုစ့်လေးတွေ ဆက်ဖတ်ချင်လို့  (အချွန်သေးသေးပိစိညှောက်တောက်လေးနဲ့ မသွားသည်)
ဟယ် ဗစ်က မြန်တယ်တော့
ReplyDeleteကျစ်ကျစ်ထားဖို့ အချိန်တောင်မပေးဘူး
အိမ်ရှင်မဘ၀လာတော့မယ်ဆိုပါလား မျှော့်
ကျစ်ကျစ်ကရှိနေလောက်ပြီ ဒီဖလားကတော.ညံ့သေးတာကိုး
ReplyDeleteB- Tech ဆိုတော့ ကျနော့် နေ့သစ်ဖူး ဆိုတဲ့ ကျနော့်တူမကို သိမလားမသိ။
ReplyDeleteဒီပို့စ်ဖတ်ပြီး မှော်ဘီကျောင်းကိုလွမ်းသွားတယ်... ကိုပေါရေ... နေ့သစ်ဖူးက ကျွန်မတို့ EC ကပဲလေ... သူက Junior...
ReplyDeleteစီနီယာမမဖြစ်မယ်ထင်ရဲ့။
ReplyDeleteကိုရွာသားက သူ့ထက် ရေးအားကောင်းတဲ့လူဆိုပြီး ညွှန်းလို့လာဖတ်တာခင်ဗျ။
ဆက် Do ပါဗျို့။
အဲဒီ အောင်စာရင်းတွေ ကိုယ်တော့ တခုမှ သွားမကြည့်ဘူး။ ဝေးလို့။ ဖုန်းနဲ့လှမ်းမေး။ သွားကြည့်တဲ့ သူငယ်ချင်းတွေ လာပြောနဲ့ ပြီးလာတာ။ BE ရွေးတဲ့နှစ်ကတော့ ကိုယ်တို့ ၀ိုင်းကျူရှင်လုပ်နေကျ အိမ်ရှင်သူငယ်ချင်း (သန္တာမြင့်- သစ် သိမယ်ထင်တာပဲ) မပါလာတော့ ကိုယ်တို့မှာ စိတ်ပျက်အားလျော့လိုက်ရတာ ဆိုတာ။ ကိုယ်တော့ ကျောင်းတက်ခဲ့ချိန်က အာရုံတွေ များလွန်းလို့လား မသိဘူး။ မမှတ်မိတာတွေ များနေတယ်။
ReplyDeleteပွင့်မြူးဇင်... ဟုတ်တယ် အီးစီ ကပဲ။ အဲဒါ ကျနော့် အစ်မက မွေးတဲ့ တူမ။ ကျနော်လည်း အီးစီကပဲ။ ဒါပေမယ့် ကျနော်က ၁၉၉၆ ခုနှစ်မှာ ကျောင်းပြီးတာဆိုတော့ ပွင့်မြူးဇင်တို့ထက် အများကြီး ကြီးတယ်။ (၃၈ နှစ်)။ မသိတဲ့လူတွေကသာ ကျနော့်ဓါတ်ပုံကြည့်ပြီး ရီတာနဲ့ ရွယ်တူလို့ ထင်နေကြတာ.... ခွိခွိ။
ReplyDeleteသစ်သစ်ဘလော့ဂ်မှာလာပြီး ဆွေမျိုးစပ်နေမိတာ ချောဒီးနော်။း-)
ရပါတယ်ကွယ် တို့က တကယ်မသိလို့ ဘာမှမရေးတာပါ ရီတာပြောတဲ့ နာမည်လေးလဲ သိဘူးကွယ် ။ ကိုယ်ကလူမြင်ရင်တော့သိတယ် ဥပမာ ကိုပေါလိုဆံပင်နဲ့သူတွေမြင်ရင် ကိုပေါလို့ထင်နေမိတာပေါ့ ကိုပေါဆံပင်ပြန်ရှည်နေပြီဆိုတာ ကိုယ်မေ့နေပြီလေ...ဟိဟိ ။
ReplyDelete